ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်နဲ့ ဆက်သွယ်မေးမြန်းချက်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ဟာ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့ဝင် နိုင်ငံရေးပါတီတစ်ခုဖြစ်သလို စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) အနေနဲ့ မှတ်ပုံပြန် မတင်ရတဲ့ အခြေအ နေ၊ UNA အဖွဲ့ဝင် နိုင်ငံရေးပါတီတွေရဲ့ သဘောထားတာတွေ၊ စစ်ကောင်စီ ကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လိုမြင်ပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး (UNA) အဖွဲ့ဝင်လည်းဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ စစ်ကောင်စီက ကျင်းပဖို့ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လို မြင်ပါသလဲ။

ကျွန်တော်တို့အနေနဲ့ကတော့ စကစလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲလို့ပဲ ကျွန်တော်ကတော့ မြင်တယ် လေ။ ပါတီအနေနဲ့ နောက်တစ်ခုက အာဏာသိမ်းတယ်၊ အာဏာထိန်းတယ်ပဲဆိုဆို ကျွန်တော်တို့ပါတီရဲ့ မူအရကတော့ ကျွန်တော်တို့ကတော့ အာဏာရှင်နဲ့ မပူးပေါင်းဘူး။ တစ်ပါတီ အာဏာရှင်စနစ်အပါအဝင် မည် သည့်အာဏာရှင်စနစ်ကိုမှ မြန်မာနိုင်ငံတွင် ပြန်လည်မပေါ်ထွန်းရေးအတွက် ကျွန်တော်တို့က ကြိုးပမ်းဆောင် ရွက်မယ်လို့ ကျွန်တော်တို့ ပါတီမူဝါဒမှာ ဒီအတိုင်းပဲရေးထားတယ်။ အခုလည်း အာဏာသိမ်းတာ၊ အာဏာ ထိန်းတာပဲဖြစ်ဖြစ် အာဏာရှင်စနစ်ကို အကောင်အထည်ဖော်တာပဲ ဖြစ်တယ်။ အဲဒီအတွက် သူတို့လုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုသလို ကျွန်တော်တို့်လည်း ပြန်လည်ပြီးတော့ မှတ်ပုံတင်မှာ မဟုတ်ဘူးဆိုတာ ပြောချင်ပါတယ်။

-စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင်ထဲက နိုင်ငံရေးပါတီတွေ မှတ်ပုံတင်လာရင် UNA အနေနဲ့ ဘယ်လို ဆုံးဖြတ်သွားဖို့ရှိမလဲ။

အဲဒီလိုမျိုးမတူတော့ဘူးဆိုရင် ဒီမဟာမိတ်ဆိုတာက တူညီတဲ့မူဝါဒပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ပြောကြ တာရှိတယ်။ အဲဒီတော့ မူမတူတော့ဘူးဆိုရင် ဒီမဟာမိတ်အနေနဲ့ ဆက်လက်ရပ်တည်ဖို့တောင်မှ ခက်ခဲသွား နိုင်တယ်။ ဒါပေမယ့် ဒါကတော့ တစ်ဦးတစ်ယောက်တည်းအနေနဲ့ ပြောရဖို့ဆိုတာထက် ဆုံးဖြတ်ချက်အရပဲ ပြောရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နားလည်တဲ့ နိုင်ငံရေးအရတော့ မဟာမိတ်ပေါင်းစည်းတယ်ဆိုတာက သူရဲ့ အဓိက FRAME ပေါ်မှာ အဓိကမူပေါ်မှာ အခြေခံပြီးတော့ မဟာမိတ်ဖွဲ့စည်းရတာဖြစ်တယ်။ မူမတူတော့ ဘူးဆိုရင် မဟာမိတ်ကလည်း တည်မြဲဖို့ခက်ပါတယ်။

-ဆိုတော့ စစ်ကောင်စီကော်မရှင်ထံ မှတ်ပုံတင်ရေးနဲ့ ပတ်သက်ပြီး စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင်ထဲမှာ ဘယ်လိုသဘောထားရှိကြလဲ။

အစည်းအဝေးက မကျင်းပသေးတဲ့အတွက်မှာ ကျွန်တော်အနေနဲ့ UNA ကို ကိုယ်စားပြုပြီး ပြောဖို့တောင်မှ နည်း နည်းခက်ခဲတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆို တချို့ပါတီတွေက ရှင်းရှင်းလင်းလင်း ကြေညာထားတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ထဲက ကရင်ပါတီအမျိုးသားပါတီတို့၊ ကယန်းပါတီတို့က ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မှာမဟုတ်ဘူး။ သူတို့လည်း ပြောထားတာတွေရှိတယ်။ ဒါပေမယ့် ကျယ်ကျယ်လောင်လောင်တော့ အသံမထွက်သေးတာပဲ ရှိတယ်။ တခြား ပါတီတွေလည်း အဲဒီလိုတုံံ့ပြန်လာပါလိမ့်မယ်။ အကုန်လုံးကို ပြောဖို့ ကျတော့ ကျွန်တော်တို့က အစည်းအဝေးဆုံးဖြတ်ချက် ပြောရမယ့်ကိစ္စဖြစ်တယ်။

-စစ်ကောင်စီက အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (ALD) အနေနဲ့ ဘယ်လို မြင်ပါသလဲ။

အဲဒါကတော့ ရှင်းပါတယ်။ အခုချိန်မှာ အဲဒီလိုအနေအထားကို ပြည်ထောင်စုတဝန်းလုံးကို လွှမ်းမိုးနိုင်အောင် မှတ်ပုံတင်ပြဌာန်း လိုက်တဲ့ ဥပဒေနဲ့အညီ လုပ်နိုင်တဲ့ပါတီဆိုတာက သူတို့ရဲ့အသွင်ပြောင်းထားတဲ့ ကြံ့ဖွံ့ ပါတီ တစ်ခုပဲ ရှိတယ်လေ။ ဒါက တစ်ပါတီ စနစ်ကို ပြန်ပြီးတော့ သွပ်သွင်းဖို့ပဲ ဖြစ်တယ်။ တခြားအထူးသဖြင့် တိုင်း ရင်းသားတွေအနေနဲ့ဆိုရင် ဘယ်လိုမှ ပြည်ထောင်စုအဆင့် ကို သွားလို့မရတဲ့အနေအထားမျိုးရောက်အောင် ဒီဥပဒေက ပြဌာန်းလိုက်တာဖြစ်တယ်။ ဒီဟာပြည်ထောင်စုအတွက်ဆို ဘယ်လိုမှ အလားအလာကောင်းမယ့် စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုဖြစ်ဖို့ ဆိုတဲ့ဟာကတော့ အခုပြဌာန်းလိုက်တဲ့ ဥပဒေနဲ့ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ဘူး။ တနည်းအားဖြင့်ပြောရင် သူတို့အာဏာရှင်တွေရဲ့ သက်ဆိုးရှည်ဖို့အတွက် တဖက်မှာလည်း လက် နက်နဲ့ အာဏာယူထားသလို၊ တဖက်မှာလည်း နိုင်ငံရေးအာဏာနဲ့ သူတို့ကိုယ်တိုင်က တဖက်သတ်သူ့ရဲ့ အာဏာတည်မြဲဖို့အတွက် ပြဌာန်းပေးလိုက်တာသာဖြစ်တယ်လို့ မြင်တယ်။

-နောက်တစ်ခုက စစ်ကောင်စီလက်ထက်မှာ နိုင်ငံရေးပါတီရဲ့ အခန်းကဏ္ဍဟာ ဘယ်လိုအထိ မှေးမှိန်လာတယ်လို့ မြင်ပါသလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

တနည်းအားဖြင့် စစ်ဘောင်ကျယ်လာရင် နိုင်ငံရေးဘောင်ကတော့ ထုံးစံအတိုင်းကျဉ်းသွားတာပေါ့။ အဲဒါက ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ တနည်းအားဖြင့်ပြောရင် အာဏာသည်လက်နက်၊ သေနတ်ပြောင်းဝမှာ တည်တယ်ဆိုတဲ့ဟာမျိုးက ဘယ်လိုမှ ဒီမိုက ရေစီနိုင်ငံနဲ့လည်း လုံးဝလက်ခံလို့မရတဲ့ အနေအထားပေါ့နော်။ အခုလည်းသူတို့ကနေ ရွေးကောက်ပွဲကော်မရှင်ဥပဒေတွေကို ပြင်တယ်။ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြော တယ်။ တကယ့်တကယ်မြေပြင်မှာကျတော့ ကျွန်တော်တို့ပြည်ထောင်စုကြီးက မီးဟုန်းဟုန်းတောက်နေတယ်။ တနည်းအားဖြင့် ကျွန်တော်တို့ နိုင်ငံရေးပါတီအပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေ လှုပ်ရှားလို့ မရနိုင်လောက် အောင် တဖက်မှာပါတီဥပဒေတွေ အရပ်ဖက်အဖွဲ့အစည်းတွေကနေပြီးတော့ အဖွဲ့အစည်းတွေရဲ့ ဥပဒေတွေနဲ့ ပြဌာန်းတာလည်း ရှိတယ်။ တဖက်မှာလည်း သူတို့ရဲ့အမိန့် ၊ အာဏာကို မနာခံဘူးဆိုတာနဲ့ ပစ်သတ်တယ်၊ ဖမ်းဆီးတယ်၊ အိုးအိမ်တွေကို မီးရှို့တယ်။ အကြမ်းဖက်မှုတွေကို သူတို့ပြင်နေတယ်။ ဒီလိုစစ်ဘောင်ကျယ်လာ တဲ့အချိန်မှာ နိုင်ငံရေးဘောင်ကတော့ ဘယ်လိုမှ နိုင်ငံရေးသမားတွေအနေနဲ့ နိုင်ငံရေးပါတီ အဖွဲ့အစည်း တွေအနေနဲ့ရော ဘယ်လိုမှ လှုပ်ရှားလို့မရတော့ဘူး။ ပကတိမြေပြင်အနေအထားမှာ တွေ့နေရတာ။

-နောက်ဆုံးအနေနဲ့ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။

အခုထုတ်ပြန်လိုက်တဲ့ ဥပဒေအရ ပြည်ထောင်စုတဝန်းလုံးမှာ ရှိတဲ့ ပြည်ထောင်စုအဆင့်ပါတီတွေဟာ တစ်နိုင် ငံလုံးရဲ့ တစ်ဝက်၊ တစ်နည်းအားဖြင့် (၅၀)ရာခိုင်နှုန်းမှာ ပါတီရုံးဖွင့်ရမယ်။ ကိုယ်စားလှယ်အားလုံးရဲ့ (၅၀) ရာခိုင်နှုန်းတစ်ဝက်မှာ ရွေးကောက်ပွဲဝင်ရမယ်လို့ သူတို့ဥပဒေက ပြဌာန်းထားတယ်။ ဒါပေမယ့်သူတို့ပြောသွား တဲ့ဟာက သူတို့ကိုယ်တိုင်က တစ်နိုင်ငံလုံးရဲ့ (၆၀)ရာခိုင်နှုန်းလောက်က သူတို့ရဲ့ အာဏာသက်ရောက်တယ် ဆိုတဲ့ဟာမျိုး ပြောရင်(၆၀)ရာခိုင်နှုန်းသက်ရောက်တဲ့နေရာမှာ (၅၀)ရာခိုင်နှုန်းဝင်ရမယ်ဆိုတဲ့ဟာက လက်တွေ့ အားဖြင့် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဲဒီ(၅၀)ရာခိုင်နှုန်းကို စည်းရုံးဖို့ဆိုတဲ့ဟာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ တနည်း အားဖြင့်ပြောရင် အခုလုပ်နေတဲ့ဟာက အာဏာရူးတွေ၊ သူတို့အာဏာရူးရဖို့အတွက်ကိုက လွဲလို့ ဘာမှမစဉ်း စားပဲနဲ့ လုပ်နေတာဖြစ်တယ်။ တကယ့်တကယ်ဆိုရင် ဒီအာဏာရူးတွေကိုယ်တိုင်က သူတို့ရဲ့လုပ်ငန်း၊ သူတို့ရဲ့ အာဏာသိမ်းစဉ်က ပြောခဲ့တဲ့ဟာတွေကို သူတို့ကိုယ်တိုင်ကိုက အချိန်နှစ်နှစ်၊ ပထမတစ်နှစ် ခြောက်လ၊ ခြောက်လ နှစ်ကြိမ်ဆိုရင် သူတို့ရဲ့ ၂၀၀၈ သူတို့ကိုယ်တိုင်စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ဥပဒေမှာ ပြဌာန်း ထားတဲ့ဟာက ကုန်ပြီ၊ လက်ကုန်ပြီ။ ဒါကိုလည်း နောက်ထပ် ၆လတိုးမယ်ပြောတယ်။ တကယ့်တကယ် သူတို့ ဘက်က ကြည့်ရင်တောင်မှ ဒီလိုခေါင်းဆောင်က မရှိသင့်တဲ့ခေါင်းဆောင် ကိုယ်ပြောတဲ့အတိုင်း ကိုယ်အာဏာ ရူးရင်တောင် အဲဒီအာဏာတည်မြဲအောင် မလုပ်နိင်၊ တာဝန်ကျေအောင် မလုပ်နိုင်ရင် သူတို့လူတွေကိုယ် တိုင် က ဒီခေါင်းဆောင်ကိုဖယ်ရှားသင့်တယ်။ မထားသင့်တော့ဘူး။ သူတို့ဘက်ကနေလည်း မြင်ရလိမ့်မယ်လို့ ကျွန် တော်ထင်တယ်။ ဒီတော့ နောက်ထပ်၆လဆိုတာလည်း ဒါဥပဒေအရ ပေးတာမဟုတ်ဘူး။ သူတို့ လိုချင်တာ သူတို့ပြောတာ ။ သူတို့အနိုင်ကျင့်ပြီး လုပ်နေတာ။ နောက်ထပ် ၆လနဲ့လည်းဖြစ်ချင်မှ ဖြစ်မှာ။ သူတို့လိုချင်ရင် သူတို့ဆက်သွားမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အာဏာရှင်မို့လို့ အာဏာရှင်ရဲ့အကြွင်းအကျန် ပြန်ကျန်တာလို့ပဲ ကျွန်တော်ပြောချင်တယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.