နေပြည်တော် – ဖေဖော်ဝါရီ(၁၁)

အာဏာသိမ်းစစ်ကောင်စီရုံးစိုက်ထားတဲ့ နေပြည်တော်မှာ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ(၁၁) ရက်မနက်(၁၁) နာရီဝန်းကျင်မှာ နေပြည်တော်မြေငလျင်စခန်းမှ အရှေ့ မြောက်ဘက် (၅) မိုင်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း(ဥတ္တရသီရိမြို့ရဲ့ အရှေ့မြောက်ဘက် (၂) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ်(၁၉.၈၄) ဒီဂရီ၊အရှေ့လောင်ဂျီတွဒ်(၉၆.၁၉) ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြုပြီး အင်တာရစ်(ခ်)တာစကေး(၃.၅) အဆင့်ရှိတဲ့ မြေငလျင်လှုပ်ခတ်သွား တယ်လို့ ထုတ်ပြန်ထားတာပါ။

အဲဒီငလျင်ဟာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အတွင်း စက္ကန့်ပိုင်းကြာ သိသာစွာ လှုပ်ခတ်သွား ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၅) ရက်နေ့ညပိုင်းကလည်း အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားသေးတယ်လို့ သိရပါတယ်။

မြေငလျင်လှုပ်ခတ်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဗေဒင်ယတြာတွေ ပြုလုပ်လာနိုင်တယ်လို့ ပြည်သူတွေကြား ပြောဆိုတာတွေရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မိုးဇလ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.