ကိုလံဘို – ဖေဖော်ဝါရီ(၁၀) 

စီးပွားရေးအကျပ်အတည်းတွေရဲ့ နောက်ဆက်တွဲအဖြစ် အစိုးရကို ပြန်လည်ပြင်ဆင်ရေး လုပ်ဆောင်နေရတဲ့အတွက် ကျွန်းနိုင်ငံရဲ့အကျပ်အတည်းဟာ အနည်းဆုံး နောက်ထပ်(၃) နှစ် အထိကြာမြင့်နိုင်တယ်လို့ သီရိလင်္ကာသမ္မတက ပြောပါတယ်။ 

အစားအစာ၊လောင်စာနဲ့ ဆေးဝါးပြတ်လပ်မှုတွေဟာ နိုင်ငံအဝှမ်းအဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ချိန် ၂၀၂၂ ခုနစ်မှာ မစ္စတာရာနေးလ် ဟာ သီရိလင်္ကာရဲ့ သမ္မတရာထူးယူထားတာဖြစ်ပါတယ်။ 

လက်တလောမှာတော့ အရေးတကြီးလိုအပ်နေတဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့ အကူအညီရနိုင်မယ့် နည်းလမ်းဟာ သီရိလင်္ကာနိုင်ငံရဲ့ အခြားသော ကြွေးမြီးရှင်နိုင်ငံတွေ အပေါ်တင်ရှိနေတဲ့ အကြွေးတွေကြောင့် မအောင်မြင်ခဲ့ဘဲ ကြွေးမြီးရှင်နိုင်ငံတွေနဲ့ ညှိနှိုင်း ဆောင်ရွက်မှုတွေ ပြုလုပ်ချိန်တည်းက သမ္မတအသစ်ဟာ အခွန်နှုန်းထားတိုးမြှင့်မှုကို ဖိအားပေးလုပ်ဆောင်ခဲ့တာပါ။ 

“အကယ်၍ ကျွန်ုပ်တို့သာ ဒီအစီအစဥ်အရ အကောင်အထည်ဖော်နေဦးမည်ဆိုရင် ဒီဒေဝါလီခံရတဲ့ အခြေအနေကို ၂၀၂၆ အထိ ဆွဲခေါ်သွားသလို ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသစ်ပြဌာန်းထားတဲ့ အကော ခွန်မူဝါဒ အသစ်တွေကို မိတ်ဆက်ပေးတာဟာ နိုင်ငံရေးအရ ‌ရေပန်းစားတဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ မှတ်ထားပါ … ကျွန်ုပ်က ဒီမှာ ရေပန်းစားချင်လို့ ရောက်လာတာမဟုတ်ပါဘူး။ အကျပ်အတည်းထဲကို ပြိုလဲသွားပြီးဖြစ်တဲ့ နိုင်ငံကို ကျွန်ုပ်က ပြန်တည်ထောင်ချင်တာပါ”လို့ စီးပွားရေးပြုပြင်ပြောင်းလဲရေးအပေါ် အထောက်အပံ့ပေးအပ် ဖို့နဲ့ ဆက်စပ်ပြီး သမ္မတ မစ္စတာရာနေးလ်က ပြောခဲ့ပါတယ်။ 

သီရ်လင်္ကာနိုင်ငံအနေနဲ့ နိုင်ငံခြားအရန်ငွေ ပြတ်လပ်ချိန်နဲ့ အရေးကြီး ကုန်စည်တွေကို တင်သွင်း တဲ့ ကုန်သည်တွေ ထွက်ခွာသွားချိန်မှာ နိုင်ငံစီးပွားရေးဟာ (၁၁) ရာခိုင်နှုန်းအထိ ကျုံ့သွားခဲ့ တယ်လို့ သူက ပြောပါသေးတယ်။ 

ဒါပေမယ့် အခွန်တော်အသစ်တွေဟာ အစိုးရ ဘဏ္ဍာတိုက်တွေကို ဖြည့်ဆည်းပေးနိုင်တာကြောင့် ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှာ နိုင်ငံစီးပွားရေး ပြန်လည်ဖွံ့ဖြိုးနိုင်တယ်လို့ သမ္မတက ဖေဖော်ဝါရီလ (၈) ရက်နေ့က ဆိုထားပါတယ်။ 

အခွန်တိုးမြှင့်တာနဲ့အတူ လောင်စာ၊ လျှပ်စစ်မီးခံစားခွင့်တွေကို ဖြတ်တောက်တာဟာ အဆိုးရွား ဆုံးအကျပ်အတည်းနဲ့ ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်နေရတဲ့ သီရိလင်္ကာပြည်သူတွေအတွက် ပုံမှန်ကြုံတွေ့နေရတဲ့ အခြေအနေဖြစ်ပါတယ်။ 

သမ္မတရဲ့ မူဝါဒချမှတ်မှုတွေဟာ အကြီးစားကုန်သည်ကြီးများ အသင်းသတိတ်၊ လေကြောင်း ဝန်ထမ်းတွေ၊ ဆရာဝန်တွေနဲ့ ကဏ္ဍအသီးသီးက လုပ်သားတွေ အလုပ်မှ ရပ်နားကြတဲ့ လှုပ်ရှား မှုနဲ့ တူညီနေတာပါ။ 

လက်တလောမှာတော့ အမေရိကန်ဒေါ်လာ (၂.၉) ဘီလျံရှိတဲ့ IMF အကူအညီကို ကြိုတင်ရရှိနိုင် ဖို့အတွက် ဆွေးနွေးမှု တွေဟာ နောက်ဆုံးအဆင့်ရောက်နေပြီဖြစ်တယ်လို့ သမ္မတက ပြောပါ တယ်။ 

IMF ရဲ့အကူအညီကို ရယူဖို့အတွက် တရုတ်နဲ့ တခြားပြည်ပ အကြွေးရှင်တွေနဲ့ မပြီးပြတ်သေးတဲ့ ဆွေးနွေးမှုတွေကြောင့် ကြန့်ကြာမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။ 

သီရိလင်္ကာသမ္မတကတော့ ပေးဖို့ကျန်ရှိနေတဲ့ အကြွေးတွေကို တရုတ်အစိုးရနဲ့ ညှိနှိုင်းနေပြီး အစုအဖွဲ့အားလုံးဆီက အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်တွေ ရရှိထားသလို အဆုံးသတ် သဘောတူညီချက်အထိ သွားနိုင်ဖို့အတွက် အလုပ်လုပ်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။ 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.