မော်လမြိုင်၊ ဖေဖော်ဝါရီ၊ (၈)
မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ စည်းမျည်းစည်းကမ်းတွေ ချိုးဖောက်ထားကြောင်း စိစစ်တွေ့ရှိပါက အမြင်ဆုံးပြစ်ဒဏ်ချမှတ်ဖို့ ပရီးမီးယားလိဂ်ကလပ် အသင်းကြီး အများစုက ဖိအာပေးနေတယ်လို့ ဗြိတိန်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။
အင်္ဂလန် ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ဟာ မန်စီးတီးအသင်းရဲ့ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့တဲ့ ဘဏ္ဍာရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ၄ နှစ်ကျော်ကြာ စောင့်ကြည့်လေ့လာပြီးနောက် ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှု ၁၀၁ မှုနဲ့ အရေးယူဖို့ စွဲချက်တင်ထားတာပါ။
မန်စီးတီးအသင်းဟာ ဒီအမှုတွေအတွက် ပြစ်မှုထင်ရှားပါက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ကနေ ထုတ်ပယ်ခံရမှာ ဖြစ်သလို ရရှိထားတဲ့ ချန်ပီယံဆုတွေကိုလည်း ပြန်လည် ရုတ်သိမ်းခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
မန်စီးတီအသင်းကတော့ ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ရဲ့ စွပ်စွဲတင်မှုအပေါ် အံ့အားသင့်မိကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့မှာ သဘောထား ထုတ်ပြန်ထားပါတယ်။
Sky Sport ရဲ့အဆိုအရ မန်စီးတီးအသင်းကို အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ဖို့ ဖိအာပေးနေတဲ့ ကလပ်အသင်းတွေထဲမှာ မန်ယူ၊ လီဗာပူးလ်၊ ချဲလ်ဆီး၊အာဆင်နယ်၊ စပါးနဲ့ တခြာအသင်းတချို့လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံး ၁၁ နှစ်အတွင်းမှာ ချန်ပီယံဆု ၆ ကြိမ်တိုင် ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်သံလွင်တိုင်းမ်က ထုတ်လုပ်နေတဲ့သတင်းတွေကို Application မှာလည်း အချိန်နဲ့တပြေးညီ ရယူဖတ်ရှုနိုင်ပါတယ်။
IOS Version –
https://apps.apple.com/us/app/tlt-news/id1642061603
Android Version –
https://play.google.com/store/apps/details…
Website Link
https://burmese.thanlwintimes.com/https://mon.thanlwintimes.com/
Facebook Link
https://m.facebook.com/thanlwintimes9https://www.facebook.com/tltmonedition/https://www.facebook.com/tltenglishedition
Instagram Link
https://www.instagram.com/thanlwintimes/
Twitter Link
https://twitter.com/ThanLwinTimes
Telegram Link
Youtube Link