ဖာပွန်၊ ဖေဖော်ဝါရီ(၅)

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်ထဲမှာ ဇန်နဝါရီလ (၁)လတာအတွင်း KNLA တပ်မ ဟာ(၅)နဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF တို့အကြား တိုက်ပွဲပေါင်း(၂၀၉)ကြိမ် ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်မှ (၄၇)ဦး သေဆုံးပြီး (၅၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ(၅)က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသွားသူတွေထဲမှာ တပ်ခွဲမှူး(၁)ဦးပါဝင်ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ စစ်တန်းလျား(၆)လုံးကို KNLA တပ်မဟာ(၅)က ဖျက်ဆီးနိုင်ခဲ့သလို စစ်သုံးမော်တော်ယာဉ်(၁)စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ (၂၄)ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ(၁၄)ဦး သေဆုံးခဲ့ပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ တိုက်လေယာဉ်နဲ့ ပစ်ခတ်မှုဖြစ်စဉ်အတွင်း အရပ်သားပြည်သူရဲ့ နေအိမ်(၅၂)လုံး ထိမှန် ပျက်စီးသွားခဲ့သလို တချို့အဆောက်အဦးတွေကတော့ မီးလောင်ပြာကျသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမီးလောင်ပြာကျသွားတဲ့ အဆောက်အဦးထဲ ဆေးရုံဆေးခန်း(၄)လုံးနဲ့ ဘာသာရေးအဆောက်အဦး (၄)လုံး လောင်ကျွမ်းပျက်စီးသွားခဲ့တယ်လို့ တပ်မဟာ(၅)က ထုတ်ပြန်ထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.