ရန်ကုန် – ဖေဖော်ဝါရီ(၅) 

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေဟာ အာဆီယံဒေသတွင်းက တခြားနေရာတွေ ထက်အိမ်နီးချင်းနိုင်ငံတွေကို ပိုပြီးထိခိုက်မှုရှိလာတာကြောင့် ဒေသတွင်းအကြောက်တရားနဲ့ စိုး ရိမ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ချ်နန်က ပြောပါ တယ်။

အာဆီယံက မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လိုအပ်ချက်ဖြစ်တဲ့ ဘုံသဘောတူညီချက်(၅) ချက်အတိုင်း လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဆိုခဲ့တာပါ။ 

မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျရွေးကောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆီယံက မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးအစီအစဉ် တွေကို ရေးဆွဲခဲ့တာဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်အုပ်စုက ဘုံသဘောတူညီချက်တွေကို လိုက်နာတာမရှိတာနဲ့အတူ စစ်တပ် အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် လူပေါင်းထောင်နဲ့ချီသေဆုံးခဲ့ရသလို နိုင်ငံလည်း ဖရိုဖရဲ ဖြစ်နေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ 

(၂) ရက်တာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမှာ စင်္ကာပူနိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ အကျပ်အတည်းတွေကို ဘယ်လိုကိုင်တွယ်မယ်ဆိုတဲ့ အမြင်အမျိုးမျိုးကွဲပြားတာက စပြီး အာဆီယံရဲ့ စည်းလုံးညီညွတ်မှုကို ထိခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။ 

“အကယ်လို့ အ‌ခြေအနေများသာ ပိုဆိုးသွားမယ်ဆိုရင် ဒုက္ခသည်အများအပြား ထုလိုက် ထည် လိုက် ထွက်ပေါ်လာနိုင်သလို ဒီအခြေအနေကပဲ မြန်မာနိုင်ငံအဝေးမှာရှိနေတဲ့ နိုင်ငံထက် အိမ်နီး ချင်းနိုင်ငံတွေ အပေါ် ပိုပြီး ထိခိုက်စေမှာပါ”လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဒေါက်တာ ဘာလာ ခရချ်စ်နာ က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ဒေါက်တာ ဘာလာခရစ်ချ်နာက ခေါင်းဆောင်တွေကြားဆွေးနွေးမှုနဲ့ ပတ်သက်ပြီး မြန်မာ့ အရေးကိုင်တွယ်ဖြေရှင်းချိန်မှာ ဘုံသဘောတူညီချက်အတိုင်း လုပ်ဆောင်ရမှာဖြစ်တယ် လို့ အာဆီယံကို ထောက်ပြထားပါတယ်။ 

အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့နဲ့ သက်ဆိုင်သူ တွေအားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့၊သက်ဆိုင်တဲ့ အစုအဖွဲ့တွေကြား အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်း ရေးအတွက် အဖြေရှာဖို့၊အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အကူအညီရယူပြီး မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကတဆင့် တွေ့ဆုံဆွေးနွေးရေးညှိနှိုင်းဖို့၊အာဆီယံရဲ့ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့မှ တဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ဖို့နဲ့  အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖွဲ့မှ မြန်မာနိုင်ငံ ကိုသွားရောက်ပြီး ပြည်တွင်းက သက်ဆိုင်သူအားလုံနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆိုတဲ့ အချက်(၅) ချက် ကို မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံက အဆိုပြုထားတာဖြစ်ပါတယ်။ 

 “အကယ်လို့ ဒီအချက်တွေသာ အောင်မြင်ခဲ့ရင် ဒါမှမဟုတ် ဒီဖြစ်စဥ်ကို တိုးတက်မှုတစုံတရာ ဖြစ်အောင် စတင်နိုင်မယ်ဆိုရင် ဒီအကျပ်အတည်းနဲ့သက်ဆိုင်တဲ့ ပူပန်မှုတွေကို လျှော့ချ နိုင်မယ် လို့ ကျွန်ုပ်ထင်တယ်။ ဒါကလည်း အကြမ်းဖက်မှု အတိုင်းအတာတွေကို အတိအကျ လျှော့ချနိုင် သလို အကြမ်းဖက်မှုရဲ့ ဖြစ်နိုင်‌ချေတွေကိုလည်း သေချာပေါက် လျှော့ချနိုင်မှာပါ” လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက အာဆီယ့နိုင်ငံခြားရေးဝန်ကြီး အစည်း အဝေးမှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။

Ref: The Straits Times 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.