ထိုင်ဝမ်၊ ဖေဖော်ဝါရီ(၅)

မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ စတင်ခဲ့ကြတဲ့ ထိုင်ဝမ်နဲ့ ဂျပန်စီးပွားရေးလုပ်ငန်းအချို့ဟာ နိုင်ငံရေးမငြိမ်သက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပေမယ့်လည်း နိုင်ငံတွင်းမှာ ဆက်လက်ရပ်တည်လုပ်ကိုင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ 

မြန်မာနိုင်ငံဟာ တစ်ချိန်က အာရှရဲ့ နောက်ဆုံးနယ်စပ်ဒေသနဲ့ တရုတ်ဈေးကွက်ရဲ့အဓိကအားထာရာအဖြစ် လူသိများခဲ့တာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ခန့်က စစ်အစိုးရက သူ့ရဲ့တင်းကျပ်တဲ့ ချုပ်ကိုင်မှုတွေကို ဖြေလျှော့ပြီး ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် လမ်းခင်းပေးခဲ့ပြီးနောက် ရင်းနှီးမြုပ်နှံသူတွေဟာ နိုင်ငံအ တွင်းကို စုပြုံဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ကုမ္ပဏီတွေရဲ့ ဓနအင် အားဟာ အဆိုးရွားဆုံး အလှည့်အပြောင်းကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အခုလိုနိမ့်ကျနေစဉ်အချိန်မှာလည်း ခေါင်းမာမာနဲ့ဆက်လုပ်ဖို့ စီစဉ်နေတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ရှိနေတာလည်းဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ လည်ပတ်လုပ်ကိုင်နေတဲ့ ဂျပန်နဲ့ ထိုင်ဝမ် ကုမ္ပဏီအများစုဟာ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မီဒီယာတွေရဲ့ တွေ့ဆုံမေးမြန်းမှုတွေကို ငြင်းဆိုခဲ့ပြီး သူတို့ရဲ့ လုပ်ငန်း ဆောင်ရွက်မှုအပေါ်ကိုသာ အာရုံစိုက်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကလည်း မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ပါဝင်ပတ်သက်သူတွေကို ပစ်မှတ် ထားပြီး သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာ စစ်အစိုးရအတွက် ရန်ပုံငွေတစ်ရပ်ဖြစ်နိုင်တယ်လို့ သံသယရှိနေကြ တာပါ။

ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီတွေအဖြစ် ၁၉၅၄ ခုနှစ်မှာ စတင်ပေး အပ်ခဲ့ပါတယ်။  ဂျပန်ရဲ့ ကုမ္ပဏီတွေဟာ ၂၀၂၀ ခုနှစ်အထိ နိုင်ငံတွင်းမှာ ရင်းနှီးမြုပ်နှံနေကြပေမယ့်လည်း ဒီလိုအကူအညီတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေရဲ့  စီးဆင်းမှုဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြတ် တောက်သွားခဲ့ပါတယ်။ 

မြန်မာနိုင်ငံဟာ ကြီးမားကျယ်ပြန့်တဲ့ တရုတ်ဈေးကွက်ရဲ့ နောက်ဖေးခြံမြေအဖြစ် ရှုမြင်ပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်းမှာ ထိုင်ဝမ်စီးပွားရေးလုပ်ငန်းတွေကလည်း မြန်မာနိုင်ငံသို့ သဲသဲမဲမဲ ဝင်ရောက်လာခဲ့ပါတယ်။ 

၂၀၀၃ ခုနှစ်ကတည်းက ရန်ကုန်မြို့မှာနေထိုင်ခဲ့တဲ့ ထိုင်ဝမ်အထည်ချုပ်လုပ်ငန်းပိုင်ရှင် မစ္စတာ အန်ဒရူးယင်က “မြန်မာနိုင်ငံဟာ တိုးတက်မှုအလားအလာ အများကြီးရှိပါတယ်။ အာဆီယံနိုင်ငံတွေက ထိုင်းနဲ့ ဗီယက်နမ်တို့ရဲ့ ခြေရာကို လိုက်နိုင်ဖွယ်ရှိတယ်။ ဒါကြောင့် တိုးတက်မှုအတွက်နေရာတွေ အများကြီးကျန်ပါသေးတယ်။ ဒါပေ မယ့် မြန်မာနိုင်ငံရဲ့ မတည်ငြိမ်သော နိုင်ငံရေး အခြေအနေဟာ ကြီးမားတဲ့ ပြဿနာတစ်ရပ် ဖြစ်တယ် ” လို့ ဆိုပါတယ်။ 

“နိုင်ငံရေးအရ အာဏာသိမ်းတာက ဒီမိုကရေစီနိုင်ငံတွေအတွက် ခွင့်မလွှတ်နိုင်တဲ့ လုပ်ရပ်ပါ။ ဖောက်သည် တွေက နိုင်ငံရေးအကြောင်းပြချက်ကြောင့် သင့်ထုတ်ကုန်တွေကို မဝယ်ချင်ကြပါဘူး၊ မင်းဘာမှလုပ်လို့မရဘူး” လို့ သူက ပြောပါသေးတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံထားတဲ့ ထိုင်ဝမ်ကုမ္ပဏီ ၂၀၀ ခန့်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုး ရကို ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအတွင်းဆိုးရွားရွား ထိခိုက်ခဲ့ရတာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင်းမှ ထွက်ခွာဖို့ အစီအစဉ်မရှိသေးကြောင်းနဲ့ နိုင်ငံရေး အခြေအနေ ပိုမိုကောင်းမွန်လာမယ်လို့ မျှော်လင့်ထားကြောင်း မစ္စတာ ရင်က ပြောပါတယ်။ 

ဂျပန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်တဲ့ Brycen Myanmar မှ မစ္စတာရှိဘာတာကလည်း “ရန်ကုန်မြို့ကို ကောင်း မွန်တဲ့ နေ့ရက်တွေ ပြန်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဝန်ထမ်းတွေနဲ့ အတူတူ ကျော်ဖြတ်ချင်တယ်၊ အပြုသဘောနဲ့ ချဲ့ထွင်ပါ။ ဒါကို ကျွန်တော်တို့ အမြဲစဉ်းစားတယ်” လို့ ဆိုခဲ့ပါတယ်။

Ref,CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.