February 5, 2023

ဂန့်ဂေါမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွဲဖိုင်တွေကို စစ်တပ် သိမ်းဆည်း

ဂန့်ဂေါ – ဖေဖော်ဝါရီ(၅) မကွေးတိုင်းဂန့်ဂေါမြို့နယ်မှာ စစ်ကာင်စီတပ်က ဖမ်းဆီးခံ ထားရတဲ့ နိုင်ငံရေး အကျဉ်းသား တွေရဲ့ အမှုတွဲဖိုင်တွေကို ရဲစခန်းကနေ ယူဆောင်သွားတယလို့ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အမှုတွဲဖိုင်တွေကို ဂန့်ဂေါ ခ.လ.ရ(၅၀) တပ်က ပြန်လည်စစ်ဆေးဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ယူဆောင်သွားတာလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးခံထားရသူအကုန်လုံးရဲ့ အမှုတွဲဖိုင်တွေကို ယူသွား…

ပဋိပက္ခတွေကို မဖြေရှင်းဘဲ ရွေးကောက်ပွဲကျင်းပဖို့ကြိုးစားတာဟာ သွေးချောင်းစီးနိုင်တယ်လို့ မွန်ပြည်သစ်ထုတ်ပြန်

ရေးချောင်းဖျား- ဖေဖော်ဝါရီ( ၅) တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းရေးနည်းလမ်းနဲ့ အဖြေမရှာ၊မဖြေရှင်းနိုင် သေးဘဲ ရွေးကောက်ပွဲအသစ်ကျင်းပဖို့ ကြိုးစားတာဟာ ရလဒ်ကောင်းတစ်ခု ရရှိမှာမဟုတ် တဲ့ အပြင် သွေးချောင်းစီးမယ့် ပဋိပက္ခတွေဖြစ်လာနိုင်တယ်လို့ မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထား ပါတယ်။ ဒီနေ့ဖေဖော်ဝါရီ(၅) ရက်နေ့မှာ ကျရောက်တဲ့ (၇၆) ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ရဟန်းသံဃာ မွန်လူထုတွေကို…

ပုလောမှာ စစ်တပ်လက်နက်ကြီးထိမှန်ပြီး ဒေသခံအမျိုးသမီးတစ်ဦး သေဆုံး

ပုလော၊ ဖေဖော်ဝါရီ(၅) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တန်းရှင်ရွာနဲ့ကဒဲကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်တပ် ရင်း(၁) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖေဖော်ဝါရီ ၃ ရက်နေ့ နေ့လည် ၁ နာရီလောက်က တန်းရှင်ရွာနဲ့ကဒဲကျေးရွားအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ တန်းရှင်ကျေးရွာထဲကို…

ကြာအင်းဆိပ်ကြီး စစ်ဘေးရှောင်အတွက် ငှက်ဖျားဆေးနဲ့စောင်တွေ အရေးတကြီးလိုအပ်နေ

ကြာအင်းဆိပ်ကြီး၊ ဖေဖော်ဝါရီ(၅) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ကလေးသူငယ်အများစုနဲ့ အမျိုးသ မီးတွေဟာ ဖျားနာတာ၊ ငှက်ဖျားဖြစ်တာ၊ ယားနာတာစတဲ့ ကျန်းမာရေးဆိုင်ရာ ရောဂါပြသနာတွေနဲ့ ရင်ဆိုင်နေရပြီး ငှက်ဖျားဆေးနဲ့ စောင်၊ အနွေးထည်တွေ အဓိကလိုအပ်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေး နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ကြာအင်းဆိပ်ကြီးမြို့အနီးနဲ့ တောင်စွန်းကျေးရွာတွေဘက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ(၁)ရက်နေ့ကစပြီး…

ရေးမြို့နယ်က ချောင်းတောင်တံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ရေး၊ ဖေဖော်ဝါရီ(၅) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်းတောင်ကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်လောက်မှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါ တယ်။ အဲဒီစစ်ဆေးရေးဂိတ်ကို ရာမညပြောက်ကျားတပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု အချိန် ၄၅ မိနစ်နီးပါးကြာ ဖြစ်ပွားခဲ့တာပါ။ ရာမညပြောက်ကျားတပ်ဖွဲ့ကတော့ အဲဒီစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ…

အယူခံပိုင်ခွင့်မရှိတဲ့ စစ်အုပ်ချုပ်ရေးတရားစီရင်မှုဟာ ဥပဒေနဲ့လုံးဝဆန့်ကျင်သွေဖယ်နေ

နေပြည်တော်၊ ဖေဖော်ဝါရီ(၅) စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာထားတဲ့ မြို့နယ်တွေရဲ့ တရားစီရင်ရေးမှာ စစ်ခုံရုံးကနေ ချမှတ်လိုက်တဲ့ ပြစ် ဒဏ်တွေအတွက် အယူခံပိုင်ခွင့်မရှိဆိုတဲ့အမိန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲ ဥပဒေတွေနဲ့ လုံးဝဆန့်ကျင်သွေဖယ်နေတယ်လို့ ဥပဒေပညာရှင်တွေက ဝေဖန်လိုက်တာပါ။ အာဏာသိမ်းစစ်ကောင်စီဟာ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးတွေကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ဖို့အတွက်ဆိုပြီး တိုင်းနဲ့ပြည်နယ် ၈ ခုက မြို့နယ်ပေါင်း ၃၇ မြို့နယ်မှာ…

လောင်းလုံးမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးပစ်သတ်ခံရပြီး နေအိမ်နဲ့ဆိုင်ပါမီးရှို့ခံရ

လောင်းလုံး၊ ဖေဖော်ဝါရီ(၅) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာမှာ ဖေဖော်ဝါရီ ၃ ရက်နေ့ညက လက် ဖက်ရည်ဆိုင်ပိုင်ရှင် ပစ်သတ်ခံရပြီး နေအိမ်နဲ့ဆိုင်ပါ မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ ည ၁၂ နာရီ မထိုးခင်အချိန်လောက်မှာ တပ်အင်အား ၂၀ ကျော်ပါတဲ့ စစ်ကောင်စီကား ၂ စီးဟာ လောင်းလုံးမြို့နယ် ကမြောကင်တံတားဘက်ကနေ မင်းရပ်ကျေးရွာဘက်ကို…

နိုင်ငံရေးမတည်ငြိမ်မှုတွေရှိနေပေမယ့် မြန်မာနိုင်ငံမှာဆက်ရှိနေဆဲဖြစ်တဲ့ ထိုင်ဝမ်နဲ့ဂျပန်ကုမ္ပဏီတွေ ဝင်ငွေ ကျဆင်းလာ

ထိုင်ဝမ်၊ ဖေဖော်ဝါရီ(၅) မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ စတင်ခဲ့ကြတဲ့ ထိုင်ဝမ်နဲ့ ဂျပန်စီးပွားရေးလုပ်ငန်းအချို့ဟာ နိုင်ငံရေးမငြိမ်သက်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပေမယ့်လည်း နိုင်ငံတွင်းမှာ ဆက်လက်ရပ်တည်လုပ်ကိုင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ တစ်ချိန်က အာရှရဲ့ နောက်ဆုံးနယ်စပ်ဒေသနဲ့ တရုတ်ဈေးကွက်ရဲ့အဓိကအားထာရာအဖြစ် လူသိများခဲ့တာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ခန့်က စစ်အစိုးရက သူ့ရဲ့တင်းကျပ်တဲ့ ချုပ်ကိုင်မှုတွေကို ဖြေလျှော့ပြီး ဒီမိုကရေစီနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် လမ်းခင်းပေးခဲ့ပြီးနောက် ရင်းနှီးမြုပ်နှံသူတွေဟာ…

မြန်မာအကျပ်အတည်းဟာ အာဆီယံနိုင်ငံတွေကို ပုံစံမျိုးစုံနဲ့ထိခိုက်မှုရှိနေတယ်လို့ စင်္ကာပူ ပြော

ရန်ကုန် – ဖေဖော်ဝါရီ(၅) မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေဟာ အာဆီယံဒေသတွင်းက တခြားနေရာတွေ ထက်အိမ်နီးချင်းနိုင်ငံတွေကို ပိုပြီးထိခိုက်မှုရှိလာတာကြောင့် ဒေသတွင်းအကြောက်တရားနဲ့ စိုး ရိမ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ချ်နန်က ပြောပါ တယ်။ အာဆီယံက မြန်မာနိုင်ငံအတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လိုအပ်ချက်ဖြစ်တဲ့ ဘုံသဘောတူညီချက်(၅) ချက်အတိုင်း လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဆိုခဲ့တာပါ။ မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျရွေးကောက်ထားတဲ့…

တောင်တရုတ်ပင်လယ် ကျင့်ဝတ်ဆိုင်ရာ ညှိနှိုင်းမှုတွေ လက်ခံကျင်းပဖို့ အင်ဒိုနီးရှား အဆင်သင့် ဖြစ်နေ

ဂျကာတာ – ဖေဖော်ဝါရီ(၅) အင်ဒိုနီးရှားနိုင်ငံက တောင်တရုတ်ပင်လယ်မှာ ကျင့်ဝတ်ဆိုင်ရာ ညှိနှိုင်းမှုတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အဆင်သင့်ရှိနေတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆူဒီက ပြောပါတယ်။ ဂျကာတာမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမှု အပြီး နိုင်ငံခြားရေးဝန်ကြီးက အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကျင့်ဝတ်ဆိုင်ရာ ညှိနိုင်းမှုတွေကို အမြန် ဆုံး နိဂုံးချုပ်ဖို့ ကတိပြုထားတယ်လို့ ဆိုခဲ့တာပါ။ အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ အလှည့်ကျ…