ဝါရှင်တန် – ဖေဖော်ဝါရီ(၄) 

အရေးကြီးတဲ့ နေရာတွေပေါ်မှာ သတင်းအချက်အလက်စုဆောင်းဖို့ ပျံသန်းနေတယ်လို့ ယူဆရ တဲ့ တရုတ်ထောက်လှမ်းရေး မီးပုံပျံတစ်စင်းကို အမေရိကန်လေပိုင်နက်ပေါ်မှာ ခြေရာခံမိထား တယ်လို့ ပင်တဂွတ်စစ်ဌာနချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ 

အဲဒီမီးပုံးပျံကို ခြေရာခံနေတဲ့ ပင်တဂွန်စစ်ဌာနချုပ်ဟာ မြေပြင်ပေါ်က ပြည်သူတွေ ထိခိုက် ဒဏ်ရာရရှိမှု အန္တရာယ်ကြောင့် ပစ်မချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက AP သတင်းဌာနကို ပြောခဲ့ပါတယ်။ 

မီးပုံပျံဟာ သတ်မှတ်ထားတဲ့ စီးပွားရေးအရ အသုံးပြုတဲ့ လေလမ်းကြောင်းရဲ့ အမြင့်မှာ ပျံသန်း နေပြီး မြေပြင်ပေါ်လူတွေကို စစ်ရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှု မရှိဘူးလို့ ပင်တဂွန်က ဆိုပါတယ်။ 

နိုင်ငံရဲ့ နျူကလီးယားဒုံးပျံ(၃) ခုရှိတဲ့ မွန်တာနာမှာ အဲဒီမီးပုံးပျံကို တွေ့ခဲ့တာဖြစ်ပြီး အရေးကြီး တဲ့ အချက်အလက်တွေကို မယူဆောင်နိုင်အောင်လုပ်ဆောင်ထားတယ်လို့ ပင်တဂွန် တာဝန်ရှိသူ ဗိုလ်မှူးချုပ် ပက်ထရစ်ရိုက်ဒါက ပြောပါတယ်။ 

အမေရိကန်ဟာ လမ်းကြောင်းမျိုးစုံက တရုတ်အရာရှိတွေနဲ့ စေ့စပ်ဆွေးနွေးခဲ့ပြီး ဒီကိစ္စကို လေးလေးနက်နက် ဆက်သွယ်ပြောဆိုခဲ့တယ်လို့ ကာကွယ်ရေးအရာရှိတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် မီးပုံးပျံ ပျံသန်းနေတဲ့ အမြင့်ပေနဲ့ တည်နေရာတစ်ခုပေါ်မှာ အချိန်ကြာကြာ ပျံသန်းနေ တာဟာ ဆိုးရိမ်စရာဖြစ်တယ်လို့ ကာကွယ်ရေးအရာရှိက ဆိုပါသေးတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် ရဲ့ တရုတ်နိုင်ငံခရီးစဉ်မတိုင်မီ ရက်ပိုင်း အလိုမှာ ပင်တဂွန်ဆီကနေ ဒီကြေညာချက်ထွက်ပေါ်လာတာဖြစ်ပြီး နိုင်ငံခြားရေးဌာနကတော့ ဝန်ကြီးရဲ့ခရီးစဉ်ဟာ ဒီကိစ္စကြောင့် သက်ရောက်မှု ရှိမရှိကို အသေးစိတ်ထုတ်ပြန်တာတော့ မရှိ သေးပါဘူး။ 

တရုတ်ကို အမေရိကန်က တန်ပြန်ဖို့နဲ့ အင်ဒို-ပစိဖိတ် မဟာမိတ်တွေ အနေနဲ့ တရုတ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုတွေကို တွန်းလှန်ဖို့ အတွက် အမေရိကန်က အာရှမှာ စစ်အင်အားတိုးချဲ့နေတာဖြစ်ပါတယ်။ 

Ref: The National News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.