ဟောင်ကောင်၊ ဖေဖော်ဝါရီ(၄)

ဟောင်ကောင်နဲ့ မကာအိုနဲ့ တရုတ်ပြည်မကြီးတို့အကြား နယ်စပ်ဖြတ်ကျော်ခရီးသွားမှုကို ဖေဖော်ဝါရီ ၆ ရက်နေ့မှစတင်ပြီး အပြည့်အဝ ပြန်လည်ဖွင့်လှစ်သွားမယ်လို့သိရပြီး ခရီးသည်အရေအတွက် ကန့်သတ်ချက် နဲ့ ကိုဗစ်စစ်ဆေးမှုကန့်သတ်ချက်တွေကိုလည်း ပယ်ဖျက်ပေးလိုက်ပါတယ်။

တရုတ်ပြည်မကြီးနဲ့ အထူးအုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ ဟောင်ကောင်နဲ့ မကာအိုကြား အုပ်စုဖွဲ့ခရီးသွားလုပ် ငန်းတွေကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး အကောက်ခွန်စစ်ဆေးရေး ဂိတ်တွေကလည်း ကိုဗစ်မ တိုင်ခင်အချိန်ကာလအတိုင်းအတာထိ ကျဆင်းသွားပြီလို့ ဆိုပါတယ်။
ခွင့်ပြုချက်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဟောင်ကောင်အကြီးအကဲ ဂျွန်လီက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားသွားမယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ ဇန်နဝါရီ ၈ ရက်နေ့မှာ ကမ္ဘာနဲ့အဝှမ်းနယ်နိမိတ်ကို ပြန်လည်ဖွင့်လှစ်လိုက်တဲ့ အချိန် မှာပဲ ပြည်မကြီးနဲ့ ဟောင်ကောင်အကြား ဝင်ရောက်နိုင်တဲ့ ခရီးသည်အရေအတွက်နဲ့ ကိုဗစ်(၁၉) စစ်ဆေးခြင်းဆိုင်ရာ လိုအပ်ချက်တွေ ကျန်ရှိနေခဲ့သေးတာပါ။
ဟောင်ကောင်ရဲ့ နယ်စပ်စစ်ဆေးရေးဂိတ်သုံးခုဖြစ်တဲ့ လိုဝူ၊ လို့မာချောင် နဲ့ ဟျူယန်ဝိုင် ထိန်းချုပ်ရေးဂိတ်တွေ ကတော့ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။

သုံးနှစ်ကျော်ကြာ ပြင်းထန်တဲ့ ကိုဗစ်၁၉ ကန့်သတ်ထိန်းချုပ်မှုအပြီး ဧည့်သည်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဘဏ္ဍာရေးအချက်အချာအဖြစ် ပြန်လည်ဆွဲဆောင်ဖို့အတွက် ဟောင်ကောင်ခေါင်း ဆောင်ဟာ အခမဲ့လေယာဉ်ခရီးစဉ် ပြေးဆွဲမှုအကြိမ်ပေါင်း ၅၀၀,၀၀၀ ပါဝင်တဲ့ ပရိုမိုရှင်းတစ်ရပ်ကို ထုတ်ပြန် ပြီးနောက် တစ်ရက်အကြာမှာပဲ တရုတ်နိုင်ငံရဲ့ အဲဒီ ကြေညာချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

“Hello Hong Kong” ကမ်ပိန်းဟာ မြို့တော်ကို ခရီးသွားလာရေးအတွက် ဖွင့်လှစ်ထားမှုကို ပြသခြင်းဖြစ်ပြီး တရုတ်အထူးအုပ်ချုပ်ရေးဒေသမှာ စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ဖို့ ရည်ရွယ်ထားတယ်လို့ လီ က ပြောပါတယ်။

Ref,CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.