ဝါရင့်တရား လွှတ်တော် ရှေ့နေ ဦးကြီးမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်။

အာဏာသိမ်း ၂ နှစ်ပြည့်ဖြစ်တဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကာလုံအစည်းအဝေးမှာ စစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပဖို့ အဆင့်သင့်မဖြစ်သေးကြောင်းနဲ့ နိုင်ငံဟာ သာမန် အခြေအနေ မဟုတ်ကြောင်း တင်ပြလာတဲ့အတွက် သက်တမ်းထပ်တိုးပေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တင်ပြချက်ကို ကာလုံအစည်းအဝေးတက်ရောက်သူ အားလုံးအပြင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုရုံးကလည်းသဘောတူညီခဲ့တဲ့အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ နောက်ထပ် ၆ လစစ်ကောင်စီကို သက်တမ်းထပ်တိုးပေးခဲ့တယ်လို့ ဆိုပါတယ်။ ကာလုံအစည်းအဝေးခေါ်ပြီး စစ်ကောင်စီ သက်တမ်းထပ်တိုးမှုဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီ မညီ၊ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘယ်လိုမြင်ပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဝါရင့်တရား လွှတ်တော် ရှေ့နေ ဦးကြီးမြင့်နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ စစ်ကောင်စီက ကာလုံအစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလသက်တမ်း ထပ်တိုးတဲ့အပေါ်မှာဘယ်လို မြင်ပါသလဲ။

ဒီဟာက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုရှိရဲ့လား။ သူတို့ကလိမ်ဖို့လည်း ဝန်မလေးတော့ဘူး။ လိမ်နိုင်ရင် သမာဓိ၊ ဝါနိုင်ရင်ပညာရှိဆိုတဲ့သူတွေလည်း ဖြစ်နေတာကိုး။ မင်းအောင်လှိုင်ခန့်ထားတဲ့ ဖွဲ့စည်းပုံခုံရုံး ကနေပြီးတော့ သက်တမ်းတိုးနိုင်တယ်လို့ ပြောလိုက်တာဟာ တကယ်ကိုဘယ်လိုပြောရမလဲ။ သူခိုးဓားရိုးကမ်း ပဲ ဘာမှမထူးခြားဘူး။ ဘယ်လိုလဲဆိုတော့ ပြည်သူလူထုရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရခန့်ထားတဲ့ သမ္မ တကခန့်ထားတဲ့ လွှတ်တော်က ခန့်ထားတဲ့ ဖွဲ့စည်းပုံခုံရုံးမဟုတ်ဘူး။ မင်းအောင်လှိုင်က သူလိုသလို အသုံးလိုလို့သူ့သဘောနဲ့ သူခန့်ထားတဲ့ခုံရုံးက တိုးလို့ရတယ်ဆိုပြီး တိုးပေးလိုက်တာ ဘယ်လိုလုပ်ပြီးညီမှာလဲ။

အဲဒါကလည်း ပထမကာလုံမှာ မင်းအောင်လှိုင်က အစီရင်ခံနေတဲ့အချိန်မှာ ဦးတီခွန်မြတ် အလှည့်ရောက်တော့ ဒါကတော့ ဖွဲ့စည်းပုံအခြေခံခုံရုံးကို ၄၂၅ကိစ္စကတော့ တင်ပြသင့်တယ်လို့ ပြောလိုက်တဲ့အချိန်မှာ သူတို့ကဦး မြင့်ဆွေကသော်လည်းကောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကသော်လည်းကောင်း ဖွဲ့စည်းပုံခုံရုံးကနေ ပြီးတော့ ဥပဒေနဲ့ညီပါတယ်လို့ ကျွန်တော်တို့ဆီကို သမ္မတဦးမြင့်ဆွေက မေးလို့ ပြန်ကြားထားတဲ့စာ ကျွန်တော် တို့မှာ ရှိပါတယ်လို့ မပြောနိုင်ဘူး။ ရှိလည်းမရှိဘူးလေ။ ရှိလည်းမရှိပဲနဲ့ ။ အဲဒီလိုလုပ်လိုက်တဲ့အခါကျတော့ သူတို့ခက်တာပေါ့နော်။ အဲဒီတော့ နောက်ဆုံး ၃၁ရက်နေ့မှာ အစည်းအဝေးထိုင်တယ်။ ၃၁ရက်နေ့မှာ ဦးတီ ခွန်မြတ်က အကြံပေးတယ်။ အဲဒီနေ့မှာပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက ဘယ်တုန်းကရက်စွဲနဲ့ ဦးမြင့်ဆွေက မေးထားလို့ ဘာကိစ္စနဲ့ ဦးမြင့်ဆွေကကြိုသိပြီး ဒီကိစ္စမေးထားလို့ ဖွဲ့စည်းပုံခုံရုံးက စာပြန်တာလည်း မသိဘူး။

ရက်စွဲကတော့ အဲဒီအစည်းအဝေးထိုင်တဲ့ ရက်စွဲနဲ့သဘောတူကြောင်း ပြန်ကြားတယ်လို့ ကိုယ်လည်း အဲဒီစာလည်း မဖတ်ရဘူး။ ဖွဲ့စည်းပုံဥပဒေခုံရုံးက ဘယ်လိုသဘောတူကြောင်း ဘာဖြစ်တယ်ဆိုတာ ရေးထား တဲ့စာလည်း မဖတ်ရဘူး။ မဖတ်ရပဲနဲ့ တိုင်းပြည်ကလည်း မသိဘူး။ မသိပဲနဲ့ သူတို့သဘောနဲ့သူတို့ သတင်း ကြေညာတဲ့ မြဝတီတို့ မြန်မာ့အသံတို့က သတင်းကြေညာတဲ့သူက ဦးမြင့်ဆွေကမေးလို့ ဦးမြင့်ဆွေဆီကို ပြန် ကြားရတဲ့စာကလည်း ၃၁ရက်နေ့ ၁လရက်စွဲနဲ့ စာရှိပါတယ်လို့ပြောတာ။ အဲဒီစာကလည်း အဲဒီအစည်းအဝေး ထိုင်တဲ့နေ့မှာ ကြေညာချက်ထုတ်ပြီး အဲဒီနေ့ညမှာပဲကြေညာရမှာပေါ့။ သူကမလုပ်နိုင်ဘူး။ အကြံအဖန်လုပ်ဖို့ အတွက် တစ်ရက်ထိုင်ပြီးတော့မှ ဖေဖော်ဝါရီလ၁ရက်နေ့ကျတော့မှ အဲဒီလုပ်ဇာတ်ကြီးခင်းပြီးတော့ ဖွဲ့စည်းပုံအ ခြေခံဥပဒေခုံရုံးက သဘောတူပါတယ်ဆိုတဲ့ ဥစ္စာကြီးကို လာတယ်။ ပြီးတော့ ရှေ့နေချုပ်ကျတော့လည်း သူနဲ့မ ဆိုင်တဲ့ ဖွဲ့စည်းပုံဥပဒေကို အဓိပ္ပာယ်ဖွင့်တာ သူနဲ့မဆိုင်ဘူးလေ။ သူ့လည်း အာဏာမပေးထားတော့ သူက အဲဒါကို ဥပဒေနဲ့မညီပါဘူးဆိုတာ ဝင်လုပ်သေးတယ်။ အဲဒီလိုလိမ်စဉ်ကြီးပေါ့။ လိမ်စဉ်ကြီးက ဘယ်လိုလုပ် ဥပဒေနဲ့ညီမှာလဲ။

တကယ်ကျတော့(၄၂၅)ကဆိုထားတာက အဲဒီလိုတွန်းပေးနိုင်တယ်လို့ ရေးထားတာ မဟုတ်ဘူး။ လုံးဝရေးမ ထားဘူး။ အဲဒါကို သူတို့လိုချင်သလို အဓိပ္ပာယ်ဖွင့်ပြီး ယူထားတာ။ ဟိုကရေးထားတာက သာမာန်အားဖြင့် ၆လလို့ နှစ်ကြိမ်တိုးမြှင့်နိုင်သည် ဒါပဲ။ အဲဒါကို သာမန်ဆိုတဲ့စကားကို သူတို့ဘာသာ နှစ်ပေါက်တစ်ပေါက် ရိုက်ပြီးတော့ သူခန့်ထားတဲ့ ဖွဲ့စည်းပုံနဲ့ သူတို့နဲ့ ရိုက်ပြီးတော့ သက်တမ်းတိုးချလိုက်တာ။ ဒါကြောင့်မို့လို တစ်သက်လုံးစပြီးတော့ ဥပဒေနဲ့မညီဘူး။ သက်တမ်းတိုးတော့လည်း ဥပဒေနဲ့မညီဘူး။ အဲဒါကိုတော့ ပြောချင်တယ်နော်။

-နောက်တစ်ခုက နိုင်ငံတော်သမ္မတကို ဖမ်းဆီးထောင်ချပြီး ကာလုံအစည်းအဝေး ခေါ်ယူမှုအပေါ်ဘယ်လို မြင်ပါသလဲ။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ်မှာရော ဘယ်လို သဘောထား မှတ်ချက်ပြုလိုပါသလဲ။

သမ္မတကို မဖမ်းရဘူးလေ။ သမ္မတကိုဖြုတ်ချတဲ့ လွှတ်တော်နည်းနဲ့ပဲ ဖြုတ်ချရမှာလေ။ သမ္မတကို ဖမ်းဆီးပြီးတော့ တရားရုံးမတင်ရဘူးလေ။ အဲဒါဥပဒေပြဌာန်းမထားဘူး။ ပြီးတော့ရွေးကော်ရဲ့ ဆုံးဖြတ်ချက်တွေက အပြီးအပြတ် အတည်ဖြစ်တယ်။ စစ်တပ်ကဘာမှ ဒီဟာမတရားဘူးဆိုပြီး စစ်တပ်က ဝင်ကြိမ်းပြီးတော့ စစ်တပ် ကရွေးကောက်ပွဲတွေကိုအသစ်ပြန်လုပ်မယ်ဆိုလည်း အဲဒီဟာဖွဲ့စည်းပုံက ရေးမထားဘူး။ အဲဒါတွေက သူ့ဟာ သူလျှောက်လုပ်နေတာ။

-နောက်ဆုံးအနေနဲ့ စစ်ကောင်စီက ကာလုံအစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလသက်တမ်းထပ်တိုးတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။

ရှင်းရှင်းပြောရရင် ယိုသူမရှက်၊ မြင်သူရှက် စကားပုံထဲကလိုပဲ သူတို့ကတော့ ပထမလိမ်တယ်။ လိမ်ရင်း လိမ်ရင်းနဲ့ အဲဒီသူတို့ဘာသာအလိမ်ကို သူတို့ကအမှန်ထင်သွားတာပြီး ဆက်လိမ်နေတာ ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.