ဟိုချီမင် – ဖေဖော်ဝါရီ(၄)
ဗီယက်နမ်ကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်မှုလွတ်ကင်းပြီး ပင်မဥပဒေတစ်ရပ်နဲ့ ခွင့်ပြုပေးထားတဲ့ ကုန်သွယ်ရေးသမဂ္ဂတွေအနေနဲ့ အလုပ်သမားရပိုင်ခွင့်တွေကို တိုးမြှင့်ပေးဖို့ ဗီယက်နမ်အစိုးရကို အမေရိကန်က တောင်းဆိုလိုက်ပါတယ်။
ပစိဖိတ်ဖြတ်ကျော်ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်မှာပါဝင်ခဲ့တဲ့ ဗီယက်နမ် အစိုးရဟာ အလုပ်သမားသမဂ္ဂတွေရဲ့ အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်တာတွေကို အဆုံးသတ်ဖို့ သဘောတူထားပါတယ်။
အမေရိကန်က ဗီယက်နမ်ဆီက ကတိကဝတ်တွေရထားပေမယ့် ပစိဖိတ်ဖြတ်ကျော်ကုန်သွယ်ရေး ဆိုင်ရာသဘောတူညီချက်တွေ မစတင်ခင်မှာဘဲ ဗီယက်နမ်နိုင်ငံက ပြန်လည်နှုတ်ထွက်သွားခဲ့ တာပါ။
ဗီယက်နမ်နိုင်ငံရဲ့ အခြေခံလိုအပ်တဲ့ အသုံးအဆောင်ပစ္စည်တွေဖြစ်တဲ့ အဝတ်အထည်နဲံ ဆိုလာ ထုတ်လုပ်ရေး စက်ရုံတွေက အလုပ်သမားတွေကို အတင်းအကျပ်ဖိအားပေး ခိုင်းစေတာတွေ အတွက် အမေရိကန်က သတိပေးမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။
အာဏာပိုင်တွေကတော့ အလုပ်သမားသမဂ္ဂတွေနဲ့ သက်ဆိုင်တဲ့ နည်းဥပဒေတွေကို သေချာစေ ဖို့ ဥပဒေပြဋ္ဌာန်းသူတွေကို အကြံပြုခဲ့ပေမယ့် လက်တွေ့ဆောင်ရွက်တာမရှိသေးပါဘူး။
လက်ရှိအချိန်မှာတော့ ဗီယက်နမ်နိုင်ငံမှာ အာဏာရပါတီက လုပ်ဆောင်ထားတဲ့ နိုင်ငံအဆင့် အလုပ်သမားသမဂ္ဂ တစ်ခုတည်းသာရှိပြီး အစိုးရဆန့်ကျင်ရေး အစုအဖွဲ့တွေကို ဖမ်းဆီးတာလို တင်းကျပ်တဲ့ ဥပဒေတွေကို ဖြေလျှော့ပေးဖို့ သမဂ္ဂအသစ်တွေက အစိုးရကို တောင်းဆိုနေကြပါ တယ်။
ဒါပေမယ့် ကွန်မြူနစ်ပါတီတစ်ခုတည်းကသာ လက်ရှိအချိန်ထိ အုပ်စိုးနေပြီး အလုပ်သမားတွေ ကိုဖိနှပ်နေတဲ့ အသံတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာတဲ့ ဗီယက်နမ်နိုင်ငံဟာ ပစိဖိတ် ဖြတ်ကျော် ကုန်သွယ်မိတ်ဖက်အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ဖို့ အလုပ်သမားသမဂ္ဂနဲ့ ကုန်သွယ်ရေး သမဂ္ဂလို အဖွဲ့အစည်းတွေကို တရားဝင် ခွင့်ပြုပေးဖို့ လိုအပ်နေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြထားကြပါတယ်။
Ref: Nikkei Asia