မော်လမြိုင် – ဖေဖော်ဝါရီ(၄)

စစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာ ပညာသင်ကြားနိုင်ဖို့အတွက် ကြားကာလ အခြေခံပညာ ပြည်သူ့ ပညာရေးကျောင်း (၁၅) ကျောင်းကို အသိအမှတ်ပြုလိုက်တယ်လို့ NUG ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

NUG ရဲ့ပြည်သူ့ပညာရေးအသိအမှတ်ပြုမူဝါဒတွေနဲ့အညီ လိုက်နာဆောင်ရွက်မယ်လို့ ကတိပြုခဲ့တဲ့ အတွက် အခြေခံပညာ(၁၅) ကျောင်းကို ဖွင့်ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂၃) ရက်နေ့ကလည်း ကြားကာလပညာရေးကျောင်း (၃၃) ကျောင်းဖွင့်ခွင့်ပေးခဲ့ တဲ့အတွက် လက်ရှိအချိန်မှာ ကျောင်းပေါင်း(၄၈) ကျောင်းအထိဖွင့်လှစ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

လက်ရှိဖွင့်လှစ်ခွင်ပြုထားတဲ့ ကျောင်းတွေဟာ အွန်လိုင်းစာသင်ကျောင်းတွေဖြစ်ပြီး စီစစ်ဆဲ ကျောင်းတွေကိုလည်း အသိအမှတ်ပြုလက်မှတ်တွေ ထပ်မံထုတ်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မြေပြင်ပြည်သူ့ပညာရေးကျောင်းတွေကိုလည်း အသိအမှတ်ပြုလက်မှတ်ထုတ်ပေးဖို့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအားကောင်းတဲ့နေရာတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ နေရာ တွေမှာ NUG လက်အောက်ခံမြေပြင်စာသင်ကျောင်းတွေတည်ထောင်ပြီး သင်ကြားတာတွေ လုပ်ဆောင်နေသလို စစ်ကောင်စီဘက်ကလည်း ပြည်သူ့ပညာရေးကျောင်းတွေကို လေယာဉ်နဲ့ ဗုံးကျဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၀-၂၁ ပညာသင်နှစ်ကနေ လက်ရှိပညာသင် နှစ်အထိ ကျောင်းသားကျောင်းသူ အနည်းဆုံး(၈) သန်းကနေ (၁၀) သန်းအထိ ပညာသင်ယူခွင့်ဆုံးရှုံး နေရတယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.