January 2023

နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ AA ခေါ်ပြော

ရသေ့တောင် – ဇန်နဝါရီ(၃) ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်က နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ် ရေးမှူးတွေကို ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ရက္ခိုင့်တပ်တော် AA က ခေါ်ပြောခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၂) ရက်နေ့က ULA နယ်မြေရုံးမှာ နုတ်ထွက်စာတင်ထားတဲ့ အုပ်ချုပ်ရေးမှူး (၁၀၀) ကျော်နဲ့ အစည်းအဝေးပြုလုပ်ပြီး ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ပြောခဲ့တာလို့…

တိုးကြောင်ကလေးဘူတာမှာ ရိုဟင်ဂျာ (၉) ဦးဖမ်းဆီးခံရ

ရန်ကုန် – ဇန်နဝါရီ(၃) ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ တိုးကြောင်ကလေး ဘူတာမှာ ရိုဟင်ဂျာ (၉) ဦးနဲ့ ပွဲစားတွေကို ဖမ်းဆီးခံလိုက်ရတယ်လို့ ရိုဟင်ဂျာ အရေးကူညီပေးနေသူ ရိုနေဆန်းလွင်က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂) ရက်နေ့ မနက်ပိုင်းက အမျိုးသမီး(၂) ဦးအပါအဝင် ရိုဟင်ဂျာ (၉) ဦးတို့ဟာ ရန်ကုန်-မော်လမြိုင် အဆန်ရထား စီးဖို့…

ဖာပွန်ခရိုင်က စစ်ကောင်စီဝန်ထမ်းတွေ အမြန်ဆုံးနှုတ်ထွက်စွန့်ခွာကြဖို့ KNU နောက်ဆုံးအကြိမ် သတိပေး

ဖာပွန်၊ ဒီဇင်ဘာ(၃) ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေဒေသအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ (၁၀)ရက်အတွင်း အမြန်ဆုံးနှုတ်ထွက်စွန့်ခွာကြဖို့၊ စစ်ကောင်စီက ကျင်းပပြုလုပ်မယ့်ရွေးကောက်ပွဲမှာ ဘယ်သူမဆိုပူးပေါင်းပါဝင်ပတ်သက်မှု လုံးဝမရှိစေဖို့ တပ်မဟာ(၅) က နောက်ဆုံးသတိပေးချက် ထုတ်ပြန်ထားပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅) သတ်မှတ်ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်၊ ကမမောင်းမြို့နဲ့ ရပ်ကွက်ကျေးရွာတွေက ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီအဖွဲ့နဲ့ မပူးပေါင်းဖို့၊ ဌာနဆိုင် ရာဝန်ထမ်းတွေ အားလုံး…

စစ်အာဏာသိမ်း (၇၀၁) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၆၈၉ ဦး အထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ (၃) AAPP ရဲ့ ဇန်နဝါရီ (၂) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၇၀၁)ရက်အတွင်း ပြည်သူ (၂၆၈၉)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၇၈၇ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၆၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

နှစ်သစ်မှာ ရွှေတစ်ကျပ်သား ကျပ် ၂၇ သိန်းကျော်နဲ့ ဈေးစဖွင့်

မော်လမြိုင်၊ ဒီဇင်ဘာ(၃) ၂၀၂၃ ခုနှစ် နှစ်သစ်အစမှာ ပြည်တွင်းရွှေဈေးနှုန်းဟာ အရင်နှစ်ဈေးနှုန်းထက် ကျဆင်းခြင်းမရှိဘဲ အ မြင့်ဈေးဖြစ်တဲ့ ကျပ် ၂၇သိန်းကျော်နဲ့ ဈေးကွက်စဖွင့်ခဲ့တယ်လို့ ရွှေလုပ်ငန်းရှင်အသင်း တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်တွင်းရွှေဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနောက်ဆုံးပတ်အတွင်း မီးလင်းအခေါက်ရွှေ (၁)ကျပ်သားကို ကျပ်(၂၆၈၀၀၀၀) ဝန်းကျင်သာရှိရာမှ ဇန်နဝါရီလ (၂)ရက်နေ့မှာတော့ ကျပ်(၂၇၁၀၀၀၀) ဝန်းကျင်နဲ့ ဈေးကွက်စဖွင့်ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းရွှေဈေးနှုန်းဟာ…

ရေး-ထားဝယ်ကားလမ်းမှာ ခရီးတင်ယာဉ်တစ်စီး ဓါးပြတိုက်ခံရ

ရေး၊ ဒီဇင်ဘာ(၃) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင့်ကမော့ကျေးရွာ၊ ရေး-ထားဝယ်ကားလမ်းမှာ ဇန်နဝါရီ ၂ ရက်နေ့ မနက်အစောပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး ဓါးပြတိုက်ခံရပြီး တန်းဖိုးရှိ ပစ္စည်းအကုန်လုံး ယူဆောင်ခံလိုက်ရတယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။ ဇန်နဝါရီ ၂ရက်နေ့၊ မနက် ၄ နာရီကျော်မှာ ရန်ကုန်ကနေ မြိတ်ဘက်ကိုဆင်းလာတဲ့ ရွှေဝယ်သူယာဉ်လိုင်းကားတစ်စီးကို ကနင့်ကမော့ကျေးရွာအနီးမှာ အရပ်ဝတ်နဲ့လူ ၁၀ ဦးလောက်ပါတဲ့အဖွဲ့က…

အာဏာသိမ်းပြီးနောက် ကယားပြည်နယ်မှာ ပြည်သူ(၄၀၀) ကျော်သေဆုံးခဲ့ရ

ဒီမော့ဆို – ဇန်နဝါရီ(၂) စစ်တပ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ပြည်သူ(၄၁၉) ဦးသေဆုံးခဲ့ရတယ်လို့ တိုးတက် သောကရင်နီပြည်သူ့အင်အားစု PKPF က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်က အာဏာသိမ်းကာလအတွင်း ကယားပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု (၁၈၄) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ဒီနေ့အချိန်ထိ လက်နက်ကြီးတွေ နေ့စဉ်လိုလို ပစ်ခတ် နေ တာဖြစ်ပါတယ်။ ထိတွေ့တိုက်ပွဲတွေမှာ…

လောင်းလုံးမြို့မရဲစခန်းမှာ ရဲနဲ့စစ်သား အချင်းချင်းပစ်ခတ်မှုဖြစ်၊ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

လောင်းလုံး၊ ဇန်နဝါရီ ၂ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ရှိ စစ်ကောင်စီ လောင်းလုံးမြို့မရဲစခန်းမှာ ဇန်နဝါရီ (၁) ရက် ညပိုင်းက ရဲနဲ့စစ်သားအချင်းချင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံကနေ သိရပါတယ်။ ဇန်နဝါရီလ(၁) ရက် ည (၈) နာရီအချိန်လောက်က လောင်းလုံးမြို့မရဲစခန်းအတွင်းကနေ သေနတ်သံ (၅) ချက်နီးပါး ဆက်တိုက်ကြားရပြီး အော်ဟစ်ဆဲဆိုသံတွေ ကြားခဲ့တယ်လို့ လောင်းလုံးမြို့ခံတစ်ဦးက…

စစ်ကောင်စီက ပြည်သူပိုင်အိမ် (၄၁၀၀၀) ကျော် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG ထုတ်ပြန်

မော်လမြိုင် – ဇန်နဝါရီ(၂) အာဏာသိမ်းစစ်ကောင်စီက ပြည်သူပိုင်နေအိမ် ၄၁၀၀၀ ကျော်ကို ၂၀၂၂ ခုနှစ်အတွင်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ NUG မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီက ပြည်သူတွေကို ကျူးလွန်တဲ့ မီးရှို့ဖျက်ဆီးတဲ့ အမှုပေါင်း (၁၀၅၈) မှုမှာ လူနေအိမ် (၄၁၃၅၅) လုံးကျော်ပျက်စီးခဲ့တယ်လို့ ဆိုထားတာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး…

ဘုရားသုံးဆူလမ်းပေါ်က BGF တပ်စခန်း ၂ ခုကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

ကြာအင်းဆိပ်ကြီး – ဇန်နဝါရီ(၂) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းမပေါ်၊ တောင်စွန်းကျေးရွာမှာ ရှိနေတဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF တပ်စခန်း ၂ ခုကို KNLA မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ပူးပေါင်းအဖွဲ့က ထုတ်ပြန်ပါတယ်။ KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေ ဝင်းရေးမြို့နယ် တောင်စွန်းကျေးရွာထဲမှာ ဒီဇင်ဘာ(၃၁)ရက်နေ့ ညပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေအကြား…