January 2023

စစ်အာဏာသိမ်း (၇၀၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၆၉၂ ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၄) AAPP ရဲ့ ဇန်နဝါရီ(၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၀၂)ရက်အတွင်း ပြည်သူ (၂၆၉၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၈၆၂ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၄၆၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

နွေဦးတော်လှန်ရေး ဒုတိယအဆင့် မြှင့်တင်တော့မယ်လို့ NUG ပြော

ရန်ကုန်၊ ဇန်နဝါရီ(၄) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၂၀၂၃ ခုနှစ် အစီအစဉ်တွေထဲမှာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး ဒုတိယအဆင့်ကို ဇန်နဝါရီလမှာ စတင်တော့မယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ၂၀၂၃ ခုနှစ်အတွင်း NUG အပါဝင် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တော်လှန် ရေးအင်အားစုတို့က စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းတဲ့ အဆုံးသတ်တိုက်ပွဲ…

အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူ ၈၄၀ ကျော်အထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၄) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရပြီးနောက် သတ်ဖြတ်ခံရသူ ၈၄၁ ဦးအထိ ရှိလာခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူတွေဟာ စစ်အုပ်စုတပ်သားတွေကဖြစ်စေ၊ အရာရှိတွေကဖြစ်စေ၊ ထောက်ခံသူတွေကဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို နည်းလမ်းမျိုးစုံသုံးပြီး…

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ဇန်နဝါရီ ၈ ရက်နေ့မှာ ပြန်ဖွင့်မယ်

မော်လမြိုင်၊ ဇန်နဝါရီ(၄) ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်နီးပါးကြာ ပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ဇန်နဝါရီ ၈ ရက်နေ့မှာ ပြန်ဖွင့်တော့မယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တရုတ်နိုင်ငံဟာ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပိတ်ထားခဲ့တာဖြစ်ပြီး အဲဒီထဲမှာတော့ ကျင်စန်းကျော့ဂိတ်တစ်ခုကိုသာ တင်းကြပ်တဲ့ စည်း ကမ်းချက်တွေနဲ့ ဖွင့်လှစ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ တရုတ်အစိုးရဟာ ၃…

ရေးမြို့နယ်မှာတိုက်ပွဲမရှိဘဲ စစ်တပ်လက်နက်ကြီးပစ်ခတ်တာကြောင့် ဒေသခံ ၃ ဦးဒဏ်ရာရ

ရေးမြို့၊ ဇန်နဝါရီ(၄) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ဘေးလမိုင်းကျေးရွာထဲကို တိုက်ပွဲမရှိဘဲစစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ရေးမြို့နယ်အခြေစိုက်စစ်ကောင်စီ အမှတ်(၃၁၇) အမြောက်တပ်ကနေ ဘေးလမိုင်းကျေးရွာပတ်ဝန်းကျင်ကို လက်နက်ကြီး ၅ လုံးထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။…

ထားဝယ်မြို့ပေါ်မှာ ၂ ရက်အတွင်း ဒေသခံ ၁၃ ဦးထက်မနည်းဖမ်းဆီးခံရ

ထားဝယ်၊ ဇန်နဝါရီ(၄) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်မှာ ဇန်နဝါရီ ၂ ရက်နေ့ကနေ ၃ ရက်နေ့အထိ ၂ ရက်အတွင်း ဒေသခံ ၁၃ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်က သူတို့ဖမ်းဆီးလိုက်တဲ့ ဒေသခံပြည်သူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ဆက်စပ်ပတ်သက်တာ၊ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားခဲ့တာပါ။ ပြီးခဲ့တဲ့…

ဒီး‌မော့ဆိုမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်မှု‌တွေ ခပ်စိပ်စိပ်လုပ်လာ

ဒီးမော့ဆို – ဇန်နဝါရီ(၃) ကယားပြည်နယ် ဒီးမော့ဆို မြို့နယ်ကို စစ်ကောင်စီက ဒရုန်းအသုံးပြုပြီး တိုက်ခိုက်တာတွေ ခပ်စိပ်စိပ်ပြုလုပ်လာတဲ့ အတွက် ပြည်သူတွေထိခိုက်မှုရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒရုန်းတွေကို ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်နဲ့ အနောက်ဘက် တွေမှာ အများဆုံးအသုံးပြုနေပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလက စတင်ကာ (၄) ကြိမ်ထက်မနည်းတိုက်ခိုက်လာတာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ သူတို့ရဲ့ တိုက်ခိုက်မှုကို…

သံဃသမဂ္ဂ အဖွဲ့ဝင် ဦးအာစာရ (သပိတ်ခင်) ရဲ့ အသက်အန္တရာယ် စစ်ကောင်စီတာဝန်ခံရမယ်လို့ ဆို

မန္တလေး – ဇန်နဝါရီ(၃) မန္တလေး သံဃသဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်အာစာရ(သပိတ်ခင်) ကို ဒီနေ့ ဇန်နဝါရီလ (၃) ရက်နေ့ နေ့လည်ပိုင်းက ကုသိုလ်တော်ဘုရားဘက်မှာ စစ်ကောင်စီက ဖမ်းဆီး သွားတယ်လို့ သံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်တစ်ပါးက သံလွင်တိုင်းမ်ကို မိန့်ကြားပါတယ်။ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံလိုက်ရတဲ့ အရှင်အာစာရ(သပိတ်ခင်) ဟာ ကျန်းမာရေး ကောင်းမွန်သူဖြစ်ပြီး ဘာရောဂါမှ မရှိတဲ့အတွက် ဖမ်းဆီးစစ်ကြောချိန်မှာ…

ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်း ရှုံးပွဲကြုံရ

မော်လမြိုင်၊ ဇန်နဝါရီ၊ (၃) လီဗာပူးလ်အသင်းဟာ ဒီနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၉) မှာ ဘရန့်ဖို့ဒ်အသင်းကို ၃ ဂိုး ၁ ဂိုး ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အဝေးကွင်းမှာ လာရောက်ယှဉ်ပြိုင်တဲ့ နည်းပြ ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ဆာလတ်၊ ဗန်ဒိုက်အပါအဝင် အဓိက ကစားသမားအများစုနဲ့ ယှဉ်ပြိုင်ခဲ့ပေမယ့် ဘရန့်ဖို့ဒ်အသင်းကို ရှုံးပေးလိုက်ရပါတယ်။ ဒီပွဲမှာ…