January 2023

ပြည်ပဝယ်လိုအားကြောင့် ပဲဈေးနှုန်း ဆက်လက်မြင့်တက်လာ

မော်လမြိုင် ၊ ဇန်နဝါရီ (၃၁) အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေက အဝယ်လိုက်နေတာကြောင့် မွန်ပြည်နယ်မှာ ပဲဈေးနှုန်း ဆက်လက်မြင့်တက်လာတယ်လို့ ပဲလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြည်တွင်းပဲဈေးနှုန်းဟာ ဇန်နဝါရီပထမပတ်အတွင်း ပဲတီစိမ်း(ရွှေဝါ) တစ်တင်း ကျပ် ၄၈၀၀၀ ဝန်းကျင်မှာသာ ပေါက်ဈေးရှိရာကနေ ဇန်နဝါရီနောက်ဆုံးအပတ်မှာတော့ ကျပ် ၆၃၀၀၀ အထိ တစ်တင်းကို ကျပ် ၁၅၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာခဲ့တာပါ။…

စစ်ကောင်စီနဲ့ ပူးပေါင်းမယ့်သူတွေကို နိုင်ငံတော်ပုန်ကန်မှုအားပေးသူအဖြစ် သတ်မှတ်မယ်လို့ NLD ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ(၃၁) စစ်ကောင်စီကျင်းပဖို့ ပြင်ဆင်နေတဲ့ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မယ့် လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာမှာ အားပေးကူညီသူအဖြစ် သတ်မှတ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် (NLD) ပါတီက ဇန်နဝါရီ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်အရ တည်ဆဲဥပဒေတွေကိုချိုးဖောက်ပြီး နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ထားတဲ့ စစ်ကောင်စီ ရဲ့ ဆောင်ရွက်မှုတွေဟာ တရားဝင်မှုမရှိတဲ့အတွက် သူတို့ကျင်းပမယ့် အတုအယောင်ရွေး…

စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီဥပဒေကြောင့် ပါတီအများစုဖျက်သိမ်းခံရနိုင်ပြီး ကျန်ပါတီတွေလည်း ယှဉ် ပြိုင်ခွင့်ကန့်သတ်ခံရမယ်

ရန်ကုန် ၊ ဇန်နဝါရီ (၃၁) စစ်ကောင်စီပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပါ ကန့်သတ်ချက်တွေကြောင့် နိုင်ငံရေး ပါတီအများ ဖျက်သိမ်းခံရနိုင်ပြီး ကျန်ရှိတဲ့ပါတီတွေကလည်း တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုသာ ဝင်ရောက်ယှဉ်ပြိုင်လို့ရမယ့် အနေအထား ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။ စစ်ကောင်စီက အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ (စ) နဲ့(ဆ) အရ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့်ပါတီဖြစ်ရင်…

ဘီးလင်းမှာ စစ်တပ်လက်နက်ကြီးထိမှန်တာကြောင့် ဒေသခံ ၂ ဦးဒဏ်ရာရ၊ နေအိမ် ၄ လုံးပျက်စီး

ဘီးလင်း၊ ဇန်နဝါရီ(၃၁) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာထဲကို ဇန်နဝါရီ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ ည ၇ နာရီခွဲအချိန်လောက်မှာ ဘီးလင်းမြို့နယ်အခြေစိုက် စစ်ကောင်စီဇီးဝန်းအမြောက်တပ်ကနေ ဒေါက်ရပ်ကျေးရွာထဲကို လက်နက်ကြီး…

ကျေးရွာတွေနဲ့ လူနေရပ်ကွက်တွေမှာ တိုက်ပွဲမဖော်ဖို့ မွန်ပြည်သစ်ပါတီတိုက်တွန်း

မော်လမြိုင်၊ ဇန်နဝါရီ(၃၁) လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကို လေးစားလိုက်နာပြီး အများပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေနဲ့ လူနေရပ်ကွက်တွေကိုရှောင်ရှားကာ လှုပ်ရှားတိုက်ပွဲဖော်ကြဖို့ မွန်ပြည်သစ်ပါတီသထုံခရိုင်က ဇန်နဝါရီ ၂၉ ရက်နေ့မှာ တိုက်တွန်းလိုက်တာပါ။ မွန်လူမျိုးတွေအများစုနေထိုင်တဲ့ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၊ ကမ်းနီနဲ့အနီးတဝိုက်ရှိ ကျေးရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး မွန်ပြည်သစ်ပါတီက အခုလိုထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ကမ်းနီနဲ့အနီးတဝိုက်ရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၂)…

ယင်းမာပင်မြို့က စစ်တပ်မီးရှို့သွားတဲ့ ကျေးရွာကို မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂ နဲ့ အင်အားစု တွေက အခြေခံလိုအပ်ချက်တွေ လှူဒါန်း

ယင်းမာပင် – ဇန်နဝါရီ(၃၀) စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြရိပ်ကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးပြီး မီးရှို့သွားတဲ့ အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေက ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေအပါအဝင် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ်(၁၀) သိန်းလှူဒါန်းခဲ့ပါတယ်။ မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊မုံရွာခရိုင်တပ်ရင်း(၁)MPDF၊ယင်းမာပင်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့၊ရွာပေါင်းစုံ သပိတ်စစ်ကြောင်းနဲ့ အမျိုးသမီးမဟာမိတ်အင်အားစု(WAB) တို့ ပူးပေါင်းပြီးမီးဘေးသင့်ပြည်သူတွေအတွက် တစ်အိမ်ထောင်ကို စောင်(၁)ထည်နဲ့ ဆီ(၁) ပိဿ လှူဒါန်းခဲ့တာပါ။…

ဧရာဝတီတိုင်း NLD အစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံရ

ပုသိမ်၊ ဇန်နဝါရီ (၃၀) ဧရာဝတီတိုင်းအစိုးရ NLDအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို ဒီနေ့ ဇန်နဝါရီ (၃၀)ရက်နေ့မှာ ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် (၂)နှစ်ချမှတ်လိုက်တယ်လို့ နီးစပ်ရာအသိုင်းအဝိုင်းထံမှ သိရပါတယ်။ ဒေါက်တာလှမြတ်သွေးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်ကာ စစ်ကောင်စီက အာဏာစတင်သိမ်းခဲ့ချိန် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကတည်းက…

သားသမီးဆုံးရှုံးခဲ့ကြရတဲ့ မိခင်တွေကို ကိုယ်ချင်းစာပြီး အမှန်တရားဘက်က ရပ်တည်ဖို့ နိုင်ငံတကာကို KIO တိုက်တွန်း

လိုင်ဇာ – ဇန်နဝါရီ(၃၀) ကမ္ဘာ့နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့ အစည်းတွေ အနေနဲ့ သားကောင်းရတနာ၊ သမီးကောင်းရတာနာ တွေကို ဆုံးရှုံးခဲ့ကြရတဲ့ မိခင်တွေရဲ့ အသံကို ကိုယ်ချင်းစာပြီး အမှန်တရားဘက်မှာ ရပ်တည်ပေးကြဖို့ မေတ္တာရပ်ခံတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO က တိုက်တွန်းလိုက်ပါတယ်။ လွတ်လပ်တရားမျှတပြီး ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အပြည့်ရှိတဲ့ ဖက်ဒရယ်ဒီမို က၇ေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တောင်ပေါ်မြေပြန့်…

ပါကစ္စတန်မှာ လှေနစ်မြှုပ်လို့ အနည်းဆုံးကလေးငယ် ၁၀ ဦးသေဆုံးခဲ့

ပတ်ရှာဝါ – ဇန်နဝါရီ(၃၁) ပါကစ္စတန်နိုင်ငံအနောက်မြောက်ဘက်မှာ ဘာသာရေးကျောင်းသား/သူတွေကို သယ်ဆောင်လာတဲ့ လှေတစ်စင်းဟာ တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၉ရက်နေ့) မှာ တိမ်းမှောက်ခဲ့ပြီး အနည်းဆုံး ကလေးငယ် ၁၀ ဦးသေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ခိုင်ဘာ ပက်ထွန်ခွာ ခရိုင်ဒေသန္တရှိ အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ကျောင်း သား ၇ ဦးကို ဆေးရုံသို့ပေးပို့နေချိန်မှာပဲ နောက်ထပ်ကလေးငယ်…

ရုရှားက ပြန်လည်ထိုးစစ်ဆင်နေတာကြောင့် လက်နက်တွေ အမြန်ထောက်ပံ့ဖို့ ယူကရိန်း တောင်းဆို

ဒွန်နက် – ဇန်နဝါရီ(၃၁) နိုင်ငံအရှေ့ပိုင်း ဒွန်နက်ဒေသက အဓိကမြို့ကို ရုရှားက ပြန်လည်သိမ်းယူဖို့ တိုက်ပွဲတွေ ပြင်းထန် နေချိန် ယူကရိန်းတောင်ပိုင်း ခါဆွန်မြို့မှာ ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် လူ(၃) ဦးသေဆုံးထားတဲ့ အတွက် ယူကရိန်းအရာရှိတွေက လက်နက်တွေ အမြန်ဆုံးထောက်ပံ့ဖို့ တောင်းဆိုလိုက်ပါတယ်။ သမ္မတဇယ်လန်းစကီးက ယူကရိန်းဟာ ဒွန်နက်ဒေသမှာ ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး လိုအပ်တဲ့ လက်နက်ထောက်ပံ့မှုတွေနဲ့…