ပတ်ရှာဝါ – ဇန်နဝါရီ(၃၁)

ပါကစ္စတန်နိုင်ငံအနောက်မြောက်ဘက်မှာ ဘာသာရေးကျောင်းသား/သူတွေကို သယ်ဆောင်လာတဲ့ လှေတစ်စင်းဟာ တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၉ရက်နေ့) မှာ တိမ်းမှောက်ခဲ့ပြီး အနည်းဆုံး ကလေးငယ် ၁၀ ဦးသေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။

မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ခိုင်ဘာ ပက်ထွန်ခွာ ခရိုင်ဒေသန္တရှိ အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ကျောင်း သား ၇ ဦးကို ဆေးရုံသို့ပေးပို့နေချိန်မှာပဲ နောက်ထပ်ကလေးငယ် ၈ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါ တယ်။

ကိုဟက်ခရိုင်ခွဲ ကော်မရှင်နာ မာမွတ်အက်စ်လမ်က ဒေသတွင်း ဘာသာရေးကျောင်းမှ ကလေးငယ် ၅၀ ဦး ခန့်ဟာ ထာနာဒါအနီးမှာ ပျော်ပွဲစားတစ်ခုအတွက် စုစည်းခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီကလေးတွေအနက်  ကလေးငယ်၂၅ဦးဟာ ရေထဲကိုလှေနဲ့ထွက်ခွာသွားခဲ့ကြပြီး အဲဒီလှေဟာ နစ်မြုပ်ခဲ့တာပါ။

ခရိုင်ကော်မရှင်နာရဲ့ ရိုက်တာသတင်းဌာနကို ပေးပို့တဲ့ စာရင်းအရ သေဆုံးသွားတဲ့ ကျောင်းသားလေးတွေ ဟာ အသက် ၇ နှစ်မှ ၁၂ နှစ် အထိရှိတယ်လို့ သိရပါတယ်။

ပါကစ္စတန်စစ်တပ်ရေငုပ်ကျွမ်းကျင်သူတွေက ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးအတွက် ကြိုးပမ်းခဲ့ကြတယ်လို့လည်း သူက ဆိုပါတယ်။
အခုလိုလှေနစ်မြှုပ်မှုဖြစ်ရပ်ဟာ ပါကစ္စတန်တောင်ပိုင်းက လူပေါင်း ၄၀ ကျော်သေဆုံးခဲ့တဲ့ ဘတ်စ်ကား မတော် တဆမှုဖြစ်ပွားတဲ့ရက်နဲ့ တစ်ရက်တည်းဖြစ်နေကြောင်းလည်း သိရပါတယ်။

 Ref, Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.