လီမာ – ဇန်နဝါရီ(၂၉) 

ပီရူးမှာ သမ္မတရဲ့ ခေါင်းဆောင်မှုကို ဆန့်ကျင်တဲ့ လူပေါင်းဒါဇင်နဲ့ချီသေဆုံးခဲ့ရတဲ့ ဆန္ဒပြမှု တွေကြောင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ သမ္မတ ဒီနာဘိုလာတီ ရဲ့ တောင်းဆိုမှုကို ပီရူးကွန်ဂရက်လွှတ်တော်က ပယ်ချခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ ပီရူးနိုင်ငံဟာ ကွန်ဂရက်ကို ဖျက်သိမ်းပြီး အုပ်ချုပ်ရေး အမိန့်နဲ့ သမ္မတဟောင်း ပတ်ဒရို ကတ်စတယ်လို ဖမ်းဆီးခံရပြီးနောက်ပိုင်း နေ့စဉ်လိုလို ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ကာ နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။ 

သမ္မတဟောင်းကို ထောက်ခံသူတွေက သူမကို ရာထူးက နုတ်ထွက်ပြီး ရွေးကောက်ပွဲ အသစ် ကျင်းပဖို့ တောင်းဆိုမှုတွေနဲ့ အဝေးပြေးလမ်းတွေပေါ်မှာ လမ်းပိတ်ဆို့ကာ စားနပ်ရိက္ခာ၊လောင် စာဆီနဲ့ တခြား အခြေခံရိက္ခာတွေ ပြတ်တောက်မှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ 

အဆတ်မပြတ် ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ပီရူးသမ္မတဟာ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ကွန်ဂရက်လွှတ်တော်ကို မဲခွဲဖို့ တိုက်တွန်းထားပေမယ့် ဇန်နဝါရီလ(၂၈) ရက်မှာ ကျင်းပတဲ့ မျက်နှာစုံညီအစည်းအဝေးမှာတော့ ကွန်ဂရက်လွှတ်တော်က ထောက်ခံမဲ (၄၅)မဲ၊ ကန့်ကွက်မဲ (၆၅) မဲနဲ့ ကြားနေမဲ (၂) မဲတို့နဲ့ ပယ်ချခဲ့ပါတယ်။ 

“ဒီမဲနဲ့ ရွေးကောက်ပွဲ ကျင်းပမှုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်ကို ပယ်ချပါတယ်” လို့ ကွန်ဂရက် ဥက္ကဋ္ဌ ဂျိုးစ် ဝီလီယမ်က ခုနစ်နာရီကြာ အချေအတင် ဆွေးနွေးပြီးနောက် ပြောခဲ့ပါတယ်။ 

လက်ဝဲယိမ်းပါတီတွေက ရွေးကောက်ပွဲတိုးတက်မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကွန်ဗင်းရှင်း တစ်ခုနဲ့အတူ ပါရှိဖို့ တောင်းဆိုခဲ့ပြီး ဆန္ဒပြသူတွေကလည်း အကြိမ်ကြိမ်တောင်းဆိုထားတာပါ။ 

မဲခွဲဆုံးဖြတ်ပြီးနောက် ကွန်ဂရက် ဥက္ကဋ္ဌ ဝီလီယမ်ဟာ အစည်းအဝေးအသစ်မှာ အခြေအတင် ဆွေးနွေးနိုင်တဲ့ ပြန်လည်သုံးသပ်ခြင်း တောင်းဆိုချက်ကို လက်ခံရရှိခဲ့ပြီး ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန် ဖို့ ခက်ခဲတယ်လို့ ဆိုခဲ့ပါတယ်။ 

ဆန္ဒပြသူတွေက ရွေးကောက်ပွဲ ချက်ခြင်းကျင်းပဖို့အပြင် ဘိုလာတီကို ဖယ်ရှားဖို့၊ ကွန်ဂရက် လွှတ်တော်ကို ဖျက်သိမ်းဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကိုလည်း တောင်းဆိုထားကြ တာဖြစ်ပါတယ်။ 

“အာဏာကို ဆုပ်ကိုင်ထားဖို့ ဘယ်သူကမှ စိတ်ဝင်စားမှုမရှိပါဘူး၊ သမ္မတသက်တမ်းကျန်ဖို့ ကျွန်မ စိတ်မဝင်စားပါဘူး၊ အကယ်၍ဒီကိုရောက်နေရင် ဒါဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တာဝန်ကျေပွန်တာဖြစ်တယ်” လို့ ပီရူးသမ္မတက ပြောခဲ့ပါတယ်။ 

ပါတီအားလုံးက ထိန်းထိန်းသိမ်းသိမ်းနဲ့ အကြမ်းမဖက်ဘဲ တည်ငြိန်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုထားပြီး ဆန္ဒပြမှုတွေအပေါ် အကြမ်းဖက်မှုကို စိုးရိမ်တယ်လို့ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထောက်တွေကို ပြောထားပါတယ်။

Ref: MalayMail

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.