ဝါရှင်တန် – ဇန်နဝါရီ(၂၉) 

လာမယ့် ၂၀၂၅ ခုနှစ်အစောပိုင်းမှာ ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ စစ်ဖြစ်လာနိုင်တယ် လို့ အမေရိကန်လေတပ်ဗိုလ်ချုပ်က သတိပေးထားပြီး ၂၀၂၃ ခုနှစ်မှာ စစ်ယူနစ်အသီးသီးမှ အမြင့်ဆုံး စစ်ဆင်ရေးကို အသင့်ဖြစ်ဖို့လည်း တောင်းဆိုထားပါတယ်။ 

တရုတ်နိုင်ငံကို လိုအပ်ရင် ခုခံသွားမှာဖြစ်တယ်လို့ ရေးသားထားပြီး ဇန်နဝါရီလ(၂၇) ရက်နေ့က ထွက်ပေါ်လာတဲ့ ပြည်ထဲရေး စာချွန်လွှာတစ်ခုကို လေတပ်ကွပ်ကဲရေး ဗိုလ်ချုပ်မိုက်ခ် မီနီဟမ်နဲ့ ပင်တဂွန်တို့က အစစ်အမှန်ဖြစ်တယ်လို့ အတည်ပြုထားတာပါ။ 

“ကျွန်ုပ်ကတော့ မှားပါစေလို့ပဲမျှော်လင့်တယ်၊ ကျွန်ုပ်ရဲ့ အူထဲအသည်းထဲကနေ ကျွန်ုပ်ကို ပြောနေတာက ၂၀၂၅ ခုနှစ်မှာ စစ်တိုက်ကြရမယ်ဆိုတာပါပဲ” လို့ ဗိုလ်ချုပ် မီနီဟမ် က ပြောခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲဟာ တရုတ်သမ္မတရှီကျင်ဖျင့်ကို စစ်ရေးဒေါသဖြစ် လာစေဖို့အတွက်အကြောင်းပြချက်တစ်ခုဖြစ်လာနိုင်ပြီး အဲဒီအချိန်မှာလည်း အမေရိကန်ပြည် ထောင်စုဟာ အိမ်ဖြူတော်ကိစ္စနဲ့ အာရုံများနေချိန်ဖြစ်လောက်တယ်လို့ ဗိုလ်ချုပ် မီနီဟမ် က ဆိုပါသေးတယ်။ 

အွန်လိုင်းမှာ ပျံ့နှံ့လာတဲ့ စာချွန်လွှာမှာတော့ ရွှေ့ပြောင်းနိုင်တဲ့ ကွပ်ကဲရေး အရာရှိတွေရဲ့ ပစ်ကွင်းကိုသွားပါ ပစ်မှတ်နဲ့ ဦးခေါင်းကို ချိန်ရွယ်ပြီး ပစ်ခတ်လိုက်ပါလို့ တောင်းဆိုထား ပါတယ်။ 

Agence France-Presse သတင်းဌာနက ဒီရေးသားချက်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့တာကို ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူက မှန်ကန်တယ်လို့ အတည်ပြုထားပါတယ်။ 

“ရှီရဲ့ စစ်ရေးအဖွဲ့၊ အကြောင်းပြချက်၊ အခြေအနေများအားလုံးဟာ ၂၀၂၅ ခုနှစ်နဲ့ ချိန်သားကိုက်ဖြစ်ရှိ နေတာပါ” လို့ ဗိုလ်ချုပ် မီနီဟမ် ကပြောခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို တရုတ်က သူတို့အပိုင်လို့ ပြောဆိုတာ တွေရှိနေပြီး ထိုင်ဝမ်ကို သိမ်းပိုက်ဖို့အရှိန်မြင့်တင်တာတွေရှိနေတယ်လို့ အမေရိကန် အကြီးတန်း အရာရှိတွေက မကြာခင်က ပြောထားပါတယ်။ 

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ ထိုင်ဝမ်ကို အလည်အပတ်သွားရောက်ပြီး နောက်ပိုင်းမှာလည်း တရုတ်ဘက်က ကျူးကျော်စစ်အတွက် ပမာဏဆောင်ရွက်ချက်လို့ ထင်ရတဲ့ အဓိက စစ်ရေးလေ့ကျင့်မှုတွေကို ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ ပြုလုပ်ခဲ့ပါတယ်။ 

၁၀၇၉ ခုနှစ်မှာ ထိုင်ဝမ်-တရုတ်နဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က သံတမန်အရေး အပြောင်း အလဲပြုလုပ်ခဲ့ပေမယ့် ထိုင်ဝမ်ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးအတွက် လက်နက်တွေ ရောင်းချပေးနေ တယ်လို့ သိရပါတယ်။ 

အမေရိကန်လွှတ်တော် အမတ်တွေကလည်း ယူကရိန်းကို ရုရှားကျူးကျော်မှုကို သင်ခန်းစာယူ ပြီး စောလျင်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ ထိုင်ဝမ်ကို တိုက်ရိုက်ကွအ်ကဲတဲ့ စစ်ရေး အကူအညီပေးပို့နေပါဝင်တဲ့ အထောက်အပံ့တွေကို အမြန်ဆုံးလုပ်ဆောင်ဖို့ တောင်းဆိုထားကြပါ တယ်။ 

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.