မနီလာ – ဇန်နဝါရီ(၂၈) 

ဖိလစ်ပိုင်နိုင်ငံရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲ ပြန်လည်စတင် နိုင်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့ ရည်ရွယ်ထားတယ်လို့ အစိုးရက ပြောခဲ့ပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်က မူးယစ်တိုက်ဖျက်ရေးစစ်ပွဲ စတင်ခဲ့ချိန်က သမ္မတ ရိုဒရီဂို ဒူတာတေး အစိုးရရဲ့ တောင်းဆိုက်ချက်အရ ဟိတ်တရားရုံးဟာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ စုံစမ်းစစ်ဆေး မှုတွေကို ဆိုင်းငံ့ထားထားခဲ့ပြီး ဖိလစ်ပိုင်အစိုးရက စွပ်စွဲထားတဲ့ ချိုးဖောက်မှုတွေကို ပြန်လည် စစ်ဆေးမှာဖြစ်တယ်လို့ဆိုပါတယ်။ 

ICC က စုံစမ်းစစ်ဆေးမှု ပြန်လည်စတင်ဖို့ ဇန်နဝါရီလ(၂၆) ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ဖိလစ်ပိုင်က ရွေ့ဆိုင်းပေးမယ့် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာကို ကျေနပ်မှု မရှိဘူးလို့ ပြောပါတယ်။ 

“ကျွန်ုပ်တို့ရဲ့ ဥပဒေရေးရာ ကုစားမှုများ ကုန်ဆုံးသွားစေဖို့ ရည်ရွယ်ချက် ဖြစ်ပါတယ်၊ အထူးသဖြင့် အဆိုပါ ကိစ္စအား ICC အယူခံ အခန်းသို့ မြှင့်တင်ခြင်း ဖြစ်တယ်” လို့ သမ္မတ ဖာဒီနန်မားကို့စ်ရဲ့ အစိုးရရှေ့နေချုပ် မီနာဒို ဂွေဗာရာက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါ တယ်။ 

ဒူတာတေးရဲ့ မူးယစ်ဆေးဝါးစစ်ပွဲမှာ လူပေါင်း (၆၁၈၁) ဦးသေဆုံးခဲ့တယ်လို့ တရားဝင်ထုတ်ပြန် ထားပေမယ့် လူပေါင်း(၃) သောင်းထက်မနည်းအသတ်ခံရနိုင်ပြီး အပြစ်မဲ့သူ တချို့အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြားမှာ အကျင့်ပျက်ခြစားမှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ ကဆိုခဲ့တာပါ။ 

ပြီးခဲ့တဲ့နှစ်က အနိုင်ရခဲ့တဲ့ သမ္မတမားကိုစ့်ဟာ မူးယစ်ဆေးဝါးစစ်ပွဲကို ဆက်လက်လုပ်ဆောင် မယ်လို့ ကတိပြုခဲ့ပေမယ့် တာဆီးကာကွယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအပေါ်မှာသာ အာရုံ စိုက်ထားပြီး ဖိလစ်ပိုင်နိုင်ငံကို ICC ကနုတ်ထွက်ဖို့ ဒူတာတေးရဲ့ ဆုံးဖြတ်ချက်ကိုလည်း လက်ရှိ အချိန်ထိ ငြင်းဆိုထားပါတယ်။ 

“ကျွန်ုပ်တို့၏ပြည်တွင်း စုံစမ်းစစ်ဆေးရေးနှင့် တရားစီရင်ရေးလုပ်ငန်းစဉ်များဟာ ICC ကို ရှေ့တန်းတင်သင့်ကြောင်း အလေးပေးပြောကြားလိုပါတယ်” လို့ ဖိလစ်ပိုင်ရှေ့နေချုပ် ဂွေဗာရာက ပြောခဲ့ပါတယ်။ 

လူ့အခွင့်အရေးအဖွဲ့တွေက ICC ကြေညာချက်ကို ကြိုဆိုခဲ့ကြပြီး မားကိုစ့်လက်အောက်မှာ သတ်ဖြတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့လည်း စွပ်စွဲထားကြပါတယ်။ 

“ကျွန်ုပ်တို့၏တရားစီရင်ရေးစနစ်တွင် ဖွဲ့စည်းပုံနှင့် အရင်းအမြစ်ကန့်သတ်ချက်များ ရှိနေသော်လည်း ၎င်း၏ကိုယ်ပိုင် စုံစမ်းမှုအချိန်အတွင်း အပြုသဘောဆောင်တဲ့ရလဒ်များကို ထုတ်ပေးတဲ့ ကောင်းမွန်သောစနစ်တစ်ခု ဖြစ်နေဆဲဖြစ်ကြောင်းကို ပြသနိုင်ပါတယ်” လို့ ဖိလစ်ပိုင် ရှေ့နေချုပ်က ပြောပါတယ်။  

အမျိုးသားလွှတ်တော် ရှေ့နေများကောင်စီ ဥက္ကဋ္ဌ အယ်ဒရာ အိုလာလီယာက အရင်နဲ့ လက်ရှိ အစိုးရတွေရဲ့ ကြိုးကိုင်မှု၊ငြင်းဆိုမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာနဲ့ ပတ်သက်ပြီး ကြိုဆိုရမယ့် သတင်းဖြစ်တယ်လို့ AFP ကိုပြောခဲ့ပါတယ်။ 

“ဖိလစ်ပိုင်ရှိ ICC စုံစမ်းစစ်ဆေးမှုဟာ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ လူသတ်မှု ကျူးလွန် ခံရသူများနှင့် ၎င်းတို့၏ မိသားစုများအတွက် တရားမျှတမှုရရှိဖို့ တစ်ခုတည်းသော ယုံကြည် စိတ်ချရတဲ့ လမ်းကြောင်းဖြစ်သည်” လို့  လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ လက်ထောက် ဒါရိုက်တာ ဖီးလ် ရော်ဘတ်ဆန်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် လက်ဝဲယိမ်းအဖွဲ့(မျိုးဖြစ်မဟာမိတ်သစ်) အကြီးတန်းခေါင်းဆောင် ရီနာတိုက မားကိုစ့် ကို ဒူတာတေးရဲ့ မအောင်မြင်တဲ့ မူးယစ်စစ်ပွဲအတွင်းက ထောင်ပေါင်းများစွာသော နစ်နာသူတွေ အတွက် တရားမျှတမှုကို ပြန်လည်ပေးအပ်နိုင်စေဖို့ ICC စုံစမ်းစစ်ဆေးရေးမှာ ပူးပေါင်းဆောင် ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.