မိုဂါဒစ်ရှုး- ဇန်နဝါရီ(၂၈) 

အိုင်အက်စ်ခေါင်းဆောင်နဲ့ အကြမ်းဖက်အဖွဲ့ဝင်(၁၀) ဦးကို ဆိုမာလီယာနိုင်ငံမြောက်ဘက်မှာ သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။ 

အာဏာပိုင်တွေရဲ့ ပြောဆိုချက်အရ အမေရိကန် တပ်ဖွဲ့တွေဟာ ခေါင်းဆောင် ဆူဒစ်နီ ကိုဖမ်းဆီးနိုင်ဖို့ ပြင်ဆင်ထားပေမယ့် တဘက်က ရန်လိုပြင်းထန်စွာ တန်ပြန်တိုက်ခိုက်မှုကြောင့် အဆုံးသတ်မှာ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုခဲ့တာပါ။ 

“ခေါင်းဆောင် ဆူဒစ်နီဘာလောဟာ  ဆိုမာလီယာမြောက်ဘက် တောင်ကြောနှင့် ချိုင့်ဝှမ်းများ ပါဝင်သော နေရာတစ်ခုကနေ အာဖရိကတဝှမ်းနှင့် နိုင်ငံဖြတ်ကျော်ဆောင်ရွက်နေတဲ့ အိုင်အက်စ် လှုပ်ရှားမှုများကို ချဲ့ထွင်ရေးကို ပံ့ပိုးပေးနေတယ်လို့စုံစမ်းသိရှိရပါတယ်” လို့ အဆင့်မြင့် အာဏာ ပိုင်တစ်ဦးက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အတွင်းရေးမှူးလွိုက်အော်စတင် ကလည်း ခေါင်းဆောင် ဆူဒစ်နီ သုတ်သင်ခံလိုက်၌ပြီဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ 

စစ်ဆင်ရေးမှာ အမေရိကန်တပ်သားတွေနဲ့ အရပ်သားထိခိုက်သေဆုံးမှု မရှိပေမယ့် အမေရိကန် စစ်တပ်ရဲ့ စစ်ခွေးအကိုက်ခံရပြီးနောက် စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ စစ်မှုထမ်းတစ်ဦးနဲ့ ဆိုမာလီ အစိုးရရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ တပ်သားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိ ရပါတယ်။ 

ရှာဘွန်တိုက်ခိုက်ရေးသမားတွေအပေါ်မှာ အာရုံစိုက်နေတဲ့ ဆိုမာလီယာမှာ အမေရိကန်ရဲ့ စစ်ရေး လှုပ်ရှားဆောင်ရွက်မှုဟာ ၂၀၂၂ ခုနှစ် အကုန်ပိုင်းမှာ အိုင်အက်စ် အမြင့်ဆုံးခေါင်းဆောင် (၂) ဦး ကိုလေကြောင်းနဲ့ ရှင်းလင်းမှုဖြစ်ပြီးနောက်ပိုင်း ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ 

အခုလို အမေရိကန်ရဲ့ စစ်ရေးဆောင်ရွက်မှုတွေဟာ အာဖဂန်နစ္စတန်မှ အမေရိကန် တပ်ဖွဲ့တွေ ရုတ်သိမ်းတာလို စစ်ရေးအရ မဟာဗျူဟာ အပြောင်းအလဲတွေ ပါဝင်ပြီး အကြမ်းဖက် ခြိမ်းခြောက်မှုတွေကို တန်ပြန်ရေးဆိုင်ရာ ဘိုင်ဒန်အုပ်ချုပ်ရေးရဲ့ Over the Horizon ကနေ ထွက်ပေါ်လာတာဖြစ်တယ်လို့ သိရပါတယ်။ 

ရှင်းလင်းခံလိုက်ရတဲ့ ခေါင်းဆောင် ဆူဒစ်နီ ကို ရှာဘွန်တိုက်ခိုက်ရေးအဖွဲ့ သင်တန်းကျောင်း မှာသွားရောက်ငွေကြေးကူညီခဲ့တဲ့အတွက် ၂၀၁၂ ခုနှစ်မှာ အမေရိကန်အစိုးရက ပိတ်ဆို့ အရေးယူထားသူဖြစ်တယ်လို့ သိရပါတယ်။ 

Ref:CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.