ရန်ကုန် – ဇန်နဝါရီ(၂၇) 

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့နှစ်မှာ (၃၃) ရာခိုင်နှုန်း ကျော်အထိ မြင့်တက်ခဲ့ပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ လက်ရှိကာလအတွင်း ခြောက်နှစ်ကျော်ကြာ ကျဆင်းခဲ့တဲ့ ဘိန်းစိုက်ပျိုးမှု အခြေအနေနောက်ပြန်လှည့်သွားခဲ့ပြီဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ 

မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNDOC) က ဒီမြင့်တက်လာမှုဟာ လွန်ခဲ့တဲ့ (၂) နှစ်က စစ်တပ်အာဏာသိမ်းပြီး မြန်မာနိုင်ငံအတွင်း ကမောက်ကမ ဖြစ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပရမ်းပတာဖြစ်မှုအခြေအနေနဲ့ တိုက်ရိုက်ဆက်စပ်တယ်လို့ ဆိုခဲ့တာပါ။ 

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးန နောက်ဆက်တွဲဖြစ်ပေါ်လာသော စီးပွား ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင် အဟန့်အတားများဟာ  စုဆုံလာပြီး ပဋိပက္ခ ဖြစ်ပွားရာ ဝေးလံခေါင်းပြားရှိ လယ်သမားများအဖို့ ရွေးချယ်စရာနည်းပါးပြီးတဲ့နောက် ဘိန်းစိုက်ပျိုးရေး ဘက်ကို နောက်ပြန်ဦးတည် သွားကြတာပါ” လို့ UNDOC ရဲ့ ဒေသတွင်းရေးရာ ကိုယ်စားလှယ် ဂျီရမီဒေါ့ကလပ်စ်ကပြောခဲ့ပါတယ်။ 

မြန်မာ့စီးပွားရေးဟာ စစ်တပ်အာဏာသိမ်းပြီးချိန်တည်းက ကျဆင်းနေပြီး ဒေါ်လာစျေးနဲ့ ယှဉ်ရင်ကျပ်ငွေတန်ဖိုး သိသိသာသာကျဆင်းနေသလို အစားအသောက်နဲ့ လောင်စာဆီ စျေးနှုန်း တွေကတော့ မြင့်တက်နေတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ဘိန်းစိုက်ပျိုးဧရိယာဟာ သုံးပုံတစ်ပုံကနေ (၄၀,၁၀၀) ဟက်တာအထိ တိုးလာပြီး ခန့်မှန်းခြေအထွက်နှုန်းဟာ တစ်ဟက်တာကို ပျမ်းမျှ (၄၁)ရာခိုင်နှုန်းကနေ (၂၀) ကီလိုဂရမ်(၄၄) ပေါင် နီးပါးအထိ မြင့်တက်လာတဲ့အတွက် ဒီနှုန်းထားဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ဖြစ်တယ်လို့ UNDOC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

“လုပ်ကိုင်စားသောက်ရေးအတွက် အပြောင်းအလဲများမရှိဘဲ စီးပွားရေးအရ တည်ငြိမ်မှုမရှိပါ ဘဲဆိုလျှင် ဘိန်းစိုက်ပျိုးမှုနှင့် ထုတ်လုပ်မှုများသည် ချဲ့ထွင်လာပါလိမ့်မယ်” လို့ UNDOC ရဲ့ မြန်မာနိုင်ငံရေးရာ မန်နေဂျာမန်နေဂျာ ဘန်နီကစ် ဟို့ဖ်မန် က သတိပေးခဲ့ပါတယ်။  

တရုတ်၊ထိုင်းနဲ့ လာအိုနိုင်ငံတွေနဲ့ နယ်စပ်ဖြစ်တဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု အမြင့်ဆုံးမြင့်တက်လာပြီး (၃၉) ရာခိုင်နှုန်းအထိရှိတယ်လို့ သိရပါတယ်။ 

၂၀၂၁ ခုနှစ်အစီရင်ခံစာမှာ ဘိန်းစိုက်ပျိုးဧရိယာ ခန့်မှန်းနိုင်ဖို့အတွက် ကောင်းကင်ဓာတ်ပုံရဲ့ အချက်အလက်တွေကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံရဲ့ နှစ်စဉ်ဘိန်းထုတ်လုပ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၂) ဘီလျံအထိ ရောက်ရှိ နိုင်ပြီး မူးယစ်ဆေးဝါးတွေကို ကမ္ဘာ့စျေးကွက်အတွင်း ရောက်ရှိဖို့ အိမ်နီးချင်းနိုင်ငံတွေကို မှောင်ခို သွင်းနေကြတာဖြစ်ပါတယ်။ 

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်ကို မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ ပေမယ့် ပြန်လည်တုံ့ပြန်တာတော့ မရှိခဲ့ပါဘူး။

Ref:The Straits Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.