ဆားလင်းကြီး – ဇန်နဝါရီ(၂၅)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာ (၄) ရွာက အိမ်ထောင်စု (၁၀၀) အတွက် အခြေခံလိုအပ်ချက်တွေကို လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။
မီးဘေးသင့်ပြည်သူတွေအတွက် တစ်အိမ်ထောင်ကို ဒယ်အိုး(၁)လုံး၊ဒန်အိုး(၁)လုံး၊ကြွေအုပ်(၁) လုံး၊ ဇလုံ(၂)လုံး၊ ဇွန်း(၃) ချောင်း၊ ဆန်(၂) ပြည် နဲ့ ဆီ(၅၀) သားလှူဒါန်းပေးခဲ့တယ်လို့ သိရပါ တယ်။
လက်ရှိအချိန်မှာတော့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ဆားလင်းကြီးမြို့နယ်ထဲက မီးရှို့ ခံထားရတဲ့ အိမ်ခြေ (၄၀၀) ကျော်အတွက် ထောက်ပံ့ကူညီမှုတွေ လုပ်ပေးထားပြီးပြီဖြစ်တယ်လို့ အဖွဲ့တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဓာတ်ပုံ – CJ