မော်လမြိုင်၊ ဇန်နဝါရီ၊ (၂၅)

ဂျာမန်ဘွန်ဒက်လီဂါ နာမည်ကြီး ကလပ်အသင်း ဘိုင်ယန်မြူးနစ်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား ဟာဗက်ဇ်ကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ ဂျာမန်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

အသက် ၂၃ နှစ်အရွယ် ဂျာမန်တိုက်စစ်ကစားသမား ဟာဗက်ဇ်ကို ဘိုင်ယန်မြူးနစ်အသင်းက လာမယ့်နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ခေါ်ယူသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဟာဗက်ဇ် အပြောင်းအရွှေ့အတွက် ကနဦး ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဟာဗက်ဇ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမန်လက်ရွေးစင်နဲ့အတူ ပွဲထွက်ကစားခဲ့သလို ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း ချဲလ်ဆီးအသင်းနဲ့ ပုံမှန်ပွဲထွက်ရနေတာ ဖြစ်ပါတယ်။

ဟာဗက်ဇ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဘောလုံးရာသီမှာ လီဗာကူဆင်အသင်းကနေ ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အသင်းနဲ့အတူ ပွဲပေါင်း ၁၁၉ ပွဲကစားပေးထားသလို သွင်းဂိုး ၂၉ ဂိုးသွင်းယူပေးထားပါတယ်။

ဒါပေမယ့် ဟာဗက်ဇ်ရဲ့ ချဲလ်ဆီအသင်းကတော့ ဒီရာသီပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေ ကြုံနေရတာကြောင့် အဆင့် ၁၀ နေရာမှာ ရပ်တည်နေတာပါ။

သတင်း – သံလွင်တိုင်းမ်သံလွင်တိုင်းမ်က ထုတ်လုပ်နေတဲ့သတင်းတွေကို Application မှာလည်း အချိန်နဲ့တပြေးညီ ရယူဖတ်ရှုနိုင်ပါတယ်။

IOS Version – https://apps.apple.com/us/app/tlt-news/id1642061603

Android Version – https://play.google.com/store/apps/details

Website Link

https://burmese.thanlwintimes.com/https://mon.thanlwintimes.com/

Facebook Link

https://m.facebook.com/thanlwintimes9https://www.facebook.com/tltmonedition/https://www.facebook.com/tltenglishedition

Instagram Link

https://www.instagram.com/thanlwintimes/

Twitter Link

https://twitter.com/ThanLwinTimes

Telegram Link

https://t.me/thanlwintimes

Youtube Link

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.