January 26, 2023

ဒီးမော့ဆိုက စစ်ရှောင်စခန်းတွေ လက်နက်ကြီးနဲ့ ပစ်ခတ်ခံနေရလို့ အရေးပေါ်ရွှေ့ပြောင်းနေရ

ဒီးမော့ဆို – ဇန်နဝါရီ(၂၆) ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတွေကို စစ်ကောင်စီက လက်နက်ကြီး တွေနဲ့ ဆက်တိုက်ပစ်ခတ်နေလို့ အရေးပေါ် ပြောင်းရွှေ့နေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီ နေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ(၂၅) ရက်ကစပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေသလို မြေပြင်စစ် ကြောင်းထိုးနေတဲ့အတွက် ဒီးမော့ဆို မြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းသုံးခုက ပြည်သူ(၂၀၀၀) နီးပါး ထပ်မံနေရာပြောင်းနေရတာပါ။ စစ်ကောင်စီရဲ့…

စစ်ကောင်စီကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၆၀ ကျော်က ထောက်ပံ့ပေးနေ

ရန်ကုန် ၊ ဇန်နဝါရီ (၂၆) အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံရေး ဒါမှမဟုတ် ငွေကြေးအထောက်အပံ့ပေးအပ်မှုမှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၆၀ ကျော် ပါဝင်ပတ်သက်နေတယ်လို့ Justice for Myanmar က ဇန်နဝါရီ ၂၅ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။ အစီရင်ခံစာအရ စစ်အုပ်စုကို ထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာအစိုးရ ၂၂ ခု၊ ကုလသမဂ္ဂအဖွဲ့အစည်း ၁၄ ဖွဲ့အပါအဝင်…

ရခိုင်ပြည်မှာရဲဝန်ထမ်းတွေရဲ့ ဇနီးတွေကို စစ်သင်တန်းပေးနေ

စစ်တွေ၊ ဇန်နဝါရီ (၂၆) ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေမှာ ရဲဝန်ထမ်းတွေရဲ့ဇနီးတွေကို စစ်ကောင်စီကနေအခြေခံစစ်သင်တန်းတွေ သင်ကြားပေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီအနေနဲ့ ရဲဝန်ထမ်းတွေရဲ့ ဇနီးမယားတွေကို ၂၀၂၀ပြည့်နှစ်မှာ တစ်ကြိမ်စစ်သင်တန်းပေးဖူးသလို အခု အာဏာသိမ်းပြီးချိန် ၂၀၂၃ခုနှစ်မှာ ထပ်မံသင်တန်းပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုရဲဝန်ထမ်းတွေရဲ့ ဇနီးမယားတွေကို စစ်သင်တန်းတွေ ပေးနေပေမယ့် အရည်အသွေးပြည့်မီတဲ့ စစ်သင်တန်းမျိုးဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေတာပါ။ “ စစ်အစိုးရအနေနဲ့ ဒါက…

အမေရိကန်နိုင်ငံအတွင်း တစ်တော့သုံးစွဲမှုကိုပိတ်ပင်မယ့် ဥပဒေမူကြမ်းကို အထက်လွှတ်တော်မှာ တင်သွင်းဖို့ရှိ

ဝါရှင်တန်၊ ဇန်နဝါရီ (၂၆) အမေရိကန်နိုင်ငံ အထက်လွှတ်တော်ရဲ့ တရုတ်ဆိုင်ရာ ရီပါဘလစ်ကန်လွှတ်တော်အမတ် ဂျော့ရှ် ဟော် လေဟာ ဗီဒီယိုရိုက်ကူးထုတ်လုပ်နိုင်တဲ့ တစ်တော့ အက်ပလီကေးရှင်းကို နိုင်ငံတွင်းမှာ အသုံးပြုမှု ပိတ်ပင် တားဆီးရေး ဥပဒေတစ်ရပ်ကို မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။ အမေရိကန်အစိုးရဝန်ထမ်းတွေအနေနဲ့ ByteDance တရုတ်ကုမ္ပဏီပိုင် တစ်တော့ကို အစိုးရကိရိယာတွေမှာ အသုံးပြုတာ ဒါမှမဟုတ် ထည့်သွင်းသုံးစွဲတာကို ပိတ်ပင်ခံရမှာလည်း ဖြစ်ပါတယ်။…

ဝန်ကြီးချုပ်မိုဒီအကြောင်း BBC မှတ်တမ်းရုပ်ရှင် မပြသမီ လျှပ်စစ်နဲ့ အင်တာနက် ဖြတ်တောက် ခံရ

ဒေလီ – ဇန်နဝါရီ(၂၆) အိန္ဒိယ ထိပ်တန်း တက္ကသိုလ် တစ်ခုရဲ့ ကျောင်းဝင်းအတွင်း တက္ကသိုလ် ကျောင်းသားသမဂ္ဂက အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီအကြောင်း ဘီဘီစီရဲ့ မှတ်တမ်းရုပ်ရှင် မပြသခင် လျှပ်စစ်မီး နဲ့ အင်တာနက်ဖြတ်တောက်ခံခဲ့ရတယ်လို့ NDTV သတင်းဌာနက ဖော်ပြထားပါတယ်။ နယူးဒေလီမြို့တော် (JNU) တက္ကသိုလ် တာဝန်ရှိသူတွေက မှတ်တမ်းရုပ်ရှင်ပြသရင် စည်းကမ်း ပိုင်ဆိုင်ရာ ဖောက်ဖျက်မှုနဲ့ အရေးယူမယ်လို့…

ဖိလစ်ပိုင်လေတပ် လေ့ကျင့်ရေးလေယာဉ်ပျက်ကျ ပိုင်းလော့နှစ်ဦး သေဆုံး

မနီလာ – ဇန်နဝါရီ(၂၆) ဖိလစ်ပိုင်လေတပ်(PFA) ရဲ့ လေ့ကျင်ရေး လေယာဉ်တစ်စင်းဟာ မြို့တော် မနီလာအနောက် ဘက် (၁၃၃) ကီလိုမီတာအကွာရှိ ဘာတန်ခရိုင်ဒေသန္တရ ပိုင်လာမြို့တော် လယ်ကွင်းနားမှာ ပျက်ကျပြီး လေယာဉ်ပိုင်းလော့နှစ်ဦး သေဆုံးခဲ့ပါတယ်။ ပျက်ကျသွားတဲ့ လေယာဉ်ဟာ SIAI-Marchetti SF-260 Trainer အမျိုးအစားဖြစ်ပြီး မောင်နှင် သူတွေဟာ လေတပ်ရဲ့ အမှတ်-၁၅ Strike Wing…

နိုင်ငံတဝန်းမှာနှစ်လခွဲအတွင်း နေအိမ် ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

ရန်ကုန်၊ ဇန်နဝါရီ(၂၆) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကနေ အခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့အထိ နှစ်လခွဲအတွင်း ဘာသာရေးအဆောက်အအုံအပါအဝင် နေအိမ်အဆောက်အအုံ ၂၀,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။ သုတေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar ရဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ နှစ်လခွဲအတွင်းမှာတော့…

မွန်ပြည်ကာကွယ်ရေးတပ် အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာအဓိဌာန်ပြုပွဲ(ဓာတ်ပုံ)

မော်လမြိုင် – ဇန်နဝါရီ(၂၆) မွန်ပြည်ကာကွယ်ရေးတပ် (MSDF-NRC) ရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့ သစ္စာအဓိဌာန် ပြုပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်ပုံ – မွန်ပြည် ကာကွယ်ရေးတပ် (MSDF-NRC)