January 14, 2023

သထုံခရိုင်မှာ လက်နက်ကြီး ထိမှန်တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ

သထုံ -ဇန်နဝါရီ(၁၄) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ကနေ ဇန်ဝါရီ ၁၄ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ(၁)ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်ကောင်စီတပ်မ(၄၄) လက်အောက်ခံ တပ်ရင်းတွေဟာ ပြီးခဲ့တဲ့…

ထောင်ထွက်တွေကို လစာ တစ်သိန်းရှစ်သောင်းပေးပြီး ပျူစောထီးလုပ်ဖို့ စစ်တပ်ခေါ်ယူ

ပခုက္ကူ – ဇန်နဝါရီ(၁၄) မကွေးတိုင်း ပခုက္ကူမြို့မှာ လူသတ်မှု၊မူးယစ်ဆေးဝါးမှုတွေနဲ့ ထောက်ထွက်တွေကို စစ်ကောင်စီ က လစာ တစ်သိန်းရှစ်သောင်းပေးပြီး စစ်တပ်လက်အောက်ခံပျူစောထီး လုပ်ဖို့ ခေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပျူစောထီးအဖြစ် ခေါ်ယူသူတွေဟာ စစ်ကောင်စီလွတ်ငြိမ်းနဲ့ ပါလာတဲ့ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ခိုးမှုနဲ့ ထောင်ကထွက်လာသူတွေကို ဦးစားပေးခေါ်ယူနေတာပါ။ ပြည်သူနဲ့ မပူးပေါင်းဘဲ စစ်တပ်လက်အောက်ခံ လုပ်နေတဲ့ ပျူစောထီးတွေကို အပြစ်ပေး…

ကားနဲ့တိုက်ဆွဲခံရပြီး သေဆုံးသွားရသော ဒေလီမြို့သူ အမျိုးသမီးအတွက် တရားမျှတမှုရရေး တောင်းဆို

နယူးဒေလီ၊ ဇန်နဝါရီ(၁၄) အိန္ဒိယနိုင်ငံမြို့တော်ဒေလီမှာ ကားနဲ့ချိတ်ပါပြီးသေဆုံးသွားသော စကူတာစီးနင်းသူ အမျိုးသမီးအတွက် တရားမျှတမှုရှိစေဖို့ လူထုစုဝေးပြီးအပူတပြင်း တောင်းဆိုခဲ့ကြပါတယ်။ အသက် ၂၀ အရွယ် စကူတာစီးလာတဲ့ အမျိုးသမီးတစ်ဦးဟာ ဇန်နဝါရီ၁ရက် အစောပိုင်းတုန်းက ကားတစ် စီးနဲ့တိုက်မိခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်ဟာ ၁၂ ကီလိုမီတာ (၇ မိုင်ကျော်) အကွာအဝေးအထိ ချိတ်ပါသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ “မိန်းကလေးရဲ့အလောင်းဟာ ကားနဲ့တစ်နည်းနည်းချိတ်မိနေပြီး…

အီစတာဗုံးခွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို လျော်ကြေးပေးဖို့ သီရိလင်္ကာသမ္မတဟောင်း အမိန့်ချခံရ

ကိုလံဘို – ဇန်နဝါရီ(၁၄) သီရိလင်္ကာနိုင်ငံ သမ္မတဟောင်းကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က အီစတာဗုံးခွဲမှုမှာ လူပေါင်း (၂၉၀) ထက်မနည်း သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တာနဲ့ပတ်သက်ပြီး တားဆီးဖို့ ပျက်ကွက်ခဲ့လို့ သီရိလင်္ကာ တရားရုံးက ထိခိုက်သူတွေကို လျော်ကြေးပေးဖို့ အမိန့်ချခဲ့ပါတယ်။ သမ္မတဟောင်းဟာ တိုက်ခိုက်မှုတွေအတွက် ယုံကြည်ရလောက်တဲ့ ထောက်လှမ်းရေး သတိပေး ချက်ရရှိခဲ့ပေမယ့် အဖြစ်ဆိုးကို တားဆီးဖို့…

ထိုင်းစစ်တပ်က သံသယမူးယစ်ကုန်သည် (၅) ဦးကို တောတွင်းတစ်နေရာမှာ ပစ်ခတ်ရှင်းလင်း

ဘန်ကောက် – ဇန်နဝါရီ(၁၄) ထိုင်းနိုင်ငံမြောက်ပိုင်း တောတွင်း တစ်နေရာမှာ သံသယ မူးယစ်ကုန်သည်(၅) ဦးကို စစ်တပ်က ပစ်ခတ်ရှင်းလင်းခဲ့ပြီး(၂) လအတွင်း တတိယအကြိမ်မြောက် ပစ်ခတ်မှု ဖြစ်တယ်လို့အာဏာပိုင် တွေက ဆိုခဲ့ပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၂) ရက်မနက်အစောပိုင်းက ထိုင်း၊လာအိုနဲ့ မြန်မာနိုင်ငံ ကြားမှာ ရှိတဲ့မူယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားတဲ့ ရွှေတြိဂံ အနီးက ချင်းရိုင်ခရိုင်မှာ ဖြစ်…

အောင်လအန်ဆန် ဘရာဇီးလ်ဖိုက်တာကို ပထမအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရ

ဘန်ကောက်၊ ဇန်နဝါရီ (၁၄) မြန်မာ့စပါးအုံး အောင်လအန်ဆန်ဟာ One Championship MMA ပြိုင်ပွဲရဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံထိုးသတ်ပွဲမှာ ဘရာဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်လ်ဗာအိုကို ပထမအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ ဘရာဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်လ်ဗာအိုကို ပထမအချီစတဲ့ ပွဲချိန် ၁ မိနစ်နဲ့ ၂၉ စက္ကန့်မှာပဲ အလဲထိုးပြီး ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာပါ။ အောင်လဆန်ဆန်တို့ရဲ့…

အပစ်ရပ်ထားပေမယ့် ရခိုင်နဲ့ပလက်ဝစစ်ရှောင်ဒုက္ခသည် ၉ သောင်းနီးပါး နေရပ်မပြန်နိုင်သေး

စစ်တွေ၊ ဇန်နဝါရီ(၁၄) စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ အပစ်ရပ်ထားပေမယ့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေက စစ်ရှောင်ဒုက္ခသည် ၉ သောင်းနီးပါးဟာ လက်ရှိအချိန်အထိနေရပ်မပြန်နိုင်သေးဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA )က ပြောကြားလိုက်ပါတယ်။ အပစ်ရပ်ထားတာ တစ်လကျော်ကြာရှိလာပေမယ့် လမ်းပန်းဆက်သွယ်ရေးနဲ့ စားဝတ်နေရေးအပါအဝင် အထွေထွေအခက်အခဲတွေကြောင့် စစ်ရှောင်ဒုက္ခသည်တွေနေရပ်ပြန်ဖို့ အခက်ကြုံနေရတယ်လို့ UNOCHA က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ…

စစ်အာဏာသိမ်း (၇၁၂) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၇၃၄ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၁၄) AAPP ရဲ့ ဇန်နဝါရီ(၁၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၁၂)ရက်အတွင်း ပြည်သူ (၂၇၃၄)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၂၅၀ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၇၃၁) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…