မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်နဲ့ ဆက်သွယ်မေးမြန်းချက်။

ပြည်တွင်း၊ ပြည်ပခရီးသွားတွေ အများဆုံးလာရောက်လေ့ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသ အနီးမှာ ပြီးခဲ့တဲ့ဇန်နဝါရီ ၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် အင်းလေးဒေသက ခရီးသွားလုပ်ငန်းအများစု ရပ်နားလာကြတာဖြစ်ပါတယ်။ ဒါကြောင့် နှစ်ဖက်တိုက်ပွဲဟာအင်းလေးဒေသရဲ့ ခရီးသွားလုပ်ငန်းတွေအပေါ် ဘယ်လိုရိုက်ခတ်မှုတွေရှိနေလဲ။

လတ်တလောမှာ ဘယ်လို ခရီးသွားလုပ်ငန်းတွေ ရပ်နားထားရလဲ။ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ့ ခရီးသွားလုပ်ငန်းတွေဟာ ဘယ်လို အခြေအနေအထိရောက်ရှိလာပြီးလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်နဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ အင်းလေးဒေသအနီးမှာ တိုက်ပွဲတွေဖြစ်ပြီးနောက် ခရီးသွားလုပ်ငန်းတွေအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိနေလဲ။

အဲဒီအချိန်မှာတုန်းက ကျွန်တော်တို့တချို့ခရီးစဉ်တွေ ဆောက်ရွက်ထားတဲ့ ကုမ္ပဏီတွေရှိပါတယ်။ အဲဒီမှာ အ ခက်အခဲတော့ ဖြစ်သွားတယ်။ တချို့ကလည်း ဒါဘာမှမဖြစ်လိုက်ဘူးပေါ့နော်။ လွတ်သွားတယ်။ ကံကောင်း လို့ လွတ်သွားတာ။ ခရီးသည်တွေလည်း ပျော်ကြတာရှိတယ်။ ခရီးသည်တွေအနေနဲ့ ကြောက်ရွံ့မှုတွေ ဖြစ်သွားတယ်။ နောက်လာမယ့် ခရီးသည်တွေကိုလည်း မသွားဖို့ပေါ့နော်။ ခရီးသွားအသိုင်းအဝိုင်းမှာတော့ ဒီဟာလေးက တော်တော်လေး ရိုက်ခတ်သွားတယ်။ မြန်မာပြည်ကိုလာမယ့် ခရီးသည်တွေအတွက်လည်း မေးခွန်းတွေ အများကြီးပေါ်လာပြီးတော့ ခရီးစဉ်ဖျက်သွားတာတွေရှိပါတယ်။ အဲဒါခရီးသွားလုပ်ငန်းပေါ်မှာ အများကြီးထိခိုက်နေပါတယ်။

-ဆိုတော့ နှစ်ဖက်တိုက်ပွဲကြောင့် ခရီးသွားလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေကရော ဘယ်လို ထိခိုက်မှုတွေ ကြုံနေရပြီးလဲ။ အခုလို အခြေအနေကြောင့် အင်းလေးဒေသက ဟိုတယ်နဲ့တည်းခိုခန်း လုပ်ငန်းရှင်တွေ ရပ်တည်ဖို့ ခက်ခဲသွားပြီးဆိုတော့ နောက်ဆက်တွဲမှာ ဘယ်လိုအခြေအနေတွေ ဆက်ဖြစ်လာ နိုင်မလဲ။

ဒီဟာက ခရီးသွားလုပ်ငန်းကနေဖြစ်လာတဲ့ ဆင့်ကဲရိုက်ခတ်မှုတွေ ပေါ့နော်။ ကျန်တဲ့ဟိုတယ်တွေ၊ စား သောက်ဆိုင်တွေရော အကုန်လုံး ဒီအချိန်လေးမှာ ကျွန်တော်တို့ခရီးသွားလုပ်ငန်းက ပြည်တွင်းခရီးသွား လုပ်ငန်းကို အဓိကအားထားနေရတာပေါ့နော်။ ပြည်တွင်းခရီးသွားလုပ်ငန်းကို အများကြီးထိခိုက်သွားတယ်။ ပြည်ပခရီးသွားကရှိတယ်ဆိုတာက လူ၁၀ ဂဏန်းလောက်လေးပဲ ရှိပါသေးတယ်။ ရာဂဏန်းလောက် မရှိသေးဘူး။ ဒီလိုအချိန်မှာ ထိခိုက်တယ်ဆိုတာ နိုင်ငံတကာ ခရီးသွားမှာထိခိုက်တယ်။ ပြည်တွင်းခရီးသွားတွေကျ တော့ အဲဒီချိန်မှာ တကယ်လည်းသွားနေကြပြီ။ ကလောတို့၊ အောင်ပန်းတို့ တောက်လျှောက်သွားနေကြတဲ့ အချိန်မှာ ဒီခရီးစဉ်တွေ အကုန်လုံးဖြစ်သွားတဲ့အတွက် ဒေသတွင်းမှာရှိတဲ့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ လက်မှုပစ္စည်းရောင်းနေတဲ့သူတွေ ဒီခရီးသွားလုပ်ငန်းအပေါ် တိုက်ရိုက်ရောသွယ်ဝှိုက်သောအားဖြင့် မှီခိုနေတဲ့ လုပ်သားတွေ ရှိပါတယ်။ ဒီလုပ်သားတွေ အကုန်လုံးထိသွားတာပါ။ အခုဆို တချို့တွေ ခရီးစဉ်တွေဖျက်လိုက် တာပေါ့။ အများကြီးထိခိုက်သွားပါတယ်။ ကားငှားတဲ့လုပ်ငန်းတွေ၊ ဧည့်လမ်းညွှန်လုပ်ငန်းတွေပေါ့။ အများကြီး ထိခိုက်ကုန်ပါတယ်။ အကုန်လုံး။

-ခရီးသွားလုပ်ငန်းတွေ ရပ်နားလာတဲ့အတွက် ဒေသခံပြည်သူတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနေ ပြီလဲ။

အဲဒါလည်း အခုလက်ရှိမှာကို ကျွန်တော်တို့မြင်တွေ့နေရတဲ့ ကိစ္စလည်းဖြစ်နေပြီပေါ့နော်။ အခုကျွန်တော်တို့ မိတ်ဆွေ၊အသိတွေရဲ့လုပ်ငန်းတွေကို ရောင်းချဖို့ကြိုးစားလာကြတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ပြီးတော့ ထုခွဲရောင်းချဖို့ ပြင်ဆင်လာကြတယ်။ လွန်ခဲ့တဲ့ ၁၅နှစ်၊ နှစ်၂၀တည်းက လည်ပတ်နေတဲ့ လုပ်ငန်းတွေတောင်မှ ဒီလိုမျိုးလုပ်လာပြီဆိုတော့ ထပ်မံရင်းနှီးမြုှပ်နှံမယ့်သူတွေကိုလည်း ဆွဲဆောင်နိုင်မှု မရှိဘူး။ ရှိပြီးသား သူတွေကိုလည်း ဒီလုပ်ငန်းတွေကနေ ထွက်ခွာဖို့အတွက်ကို ဖိအားပေးသလိုတောင် ဖြစ်လာတယ်ပေါ့။ ရှမ်းပြည်နယ်လုပ်ငန်းတွေမှာ ခရီးသွားကာလအတွက် ဟိုတယ်တွေ တိုးချဲ့ပြီးဆောက်နေတဲ့ အခြေအနေတွေ ကနေ အခုဆိုရှိပြီးသား ဟိုတယ်တွေ ပြန်ပြီးတော့ရောင်းချတဲ့အဆင့်တွေလည်း ဖြစ်ပေါ်လာတယ်။ နောက်တစ် ခါ ဒေသတွင်းမှာရှိနေတဲ့ မော်တော်ယာဉ်ငှားရမ်းတဲ့လုပ်ငန်းတွေ အရင်ကဆိုခရီးသွားလုပ်ငန်းအတွက် သုံးတဲ့ တိုးဘတ်စ်ကားတွေ အဲဒါတွေဆိုလည်း ပိုင်ရှင်တွေကတော်တော်များများရောင်းချလိုက်ပြီ။ မရှိကြတော့ဘူး။ အခုချိန် ခရီးစဉ်အဖွဲ့လိုက်သွားမယ်ဆိုရင် ကျွန်တော်တို့မှာဘတ်စ်ကားငှားလို့ရတဲ့ အခြေအနေမျိုးမှာတောင် မရှိဘူးတော့ဘူး။ အဲဒီလိုတွေဖြစ်ကုန်ကြတာပေါ့နော်။ ဧည့်လမ်းညွှန်တွေအနေနဲ့ အခြားသော အလုပ်အကိုင် တွေပြောင်းသွားကြတယ်။ ဒေသတွင်းဧည့်လမ်းညွှန်တွေဆိုတော့ ခရီးသွားလုပ်ငန်း တဖြည်းဖြည်းပိုပြီး ခက်လာ တဲ့သဘော ဖြစ်သွားတယ်။

ဒီဟာဖြစ်လာတဲ့အပေါ်မှာ သူတို့တွေခရီးသွားလုပ်ငန်း ပြန်ဝင်လာဖို့အတွက် ကျွန်တော်တို့အနေနဲ့ မဆွဲဆောင် နိုင်တော့ဘူး။ ယခင်က ခရီးကားသမားတွေဆို ဒီလိုမျိုးကားတွေဝယ်ပြီး ပြေးဆွဲပါလားလို့ ပြောလို့မရတော့ဘူး။ ဧည့်လမ်းညွှန်တွေကိုလည်း ဧည့်လမ်းညွှန်ပြန်လုပ်ပါလားလို့ ပြောဖို့အားမရှိတော့ဘူး။ ခရီးသွားလုပ်ငန်း ထိခိုက် တာ အဲဒီလိုမျိုးပါ။ မျှော်လင့်ချက် ကုန်ဆုံးသွားတာပါ။

-နောက်ဆုံးအနေနဲ့ မီးခိုးတိတ်စက်ရုံလို့ တင်စားကြတဲ့ ခရီးသွားလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာ ပြန်လည်ဦး မော့လာနိုင်ဖို့ ဘယ်လိုအခြေအနေကောင်းတွေ လိုအပ်ပါသလဲ။ မူလအခြေအနေရောက်ရှိဖို့ ဘယ်လောက် အချိန်ကြာနေနိုင်ပါသလဲ။

အင်းလေးကန်အနေနဲ့ ပြောမယ်ဆိုရင် အင်းလေးကန်ထဲမှာ ရှိတဲ့မိသားစုတွေ တော်တော်များများ ခရီး သွားလုပ်ငန်းပေါ်မှာ မှီခိုနေရတာများတယ်။ ပြည်တွင်းရော၊ ပြည်ပရောပေါ့နော်။ ယက်ကန်းရုံတွေ ရှိတယ်။ လက်မှုပစ္စည်းတွေ၊ ပန်းပုလုပ်ငန်း၊ ငွေထည်လုပ်ငန်း၊ ဒါတွေအကုန်လုံးက ပြည်တွင်းခရီးသွားတွေ အပေါ်မှာ

အမှတ်တရပစ္စည်းအနေနဲ့ ရောင်းချတယ်။ လက်ဆောင်ပစ္စည်းတွေအနေနဲ့ ရောင်းချပြီးတော့ ဒီလုပ်ငန်းတွေနဲ့ လည်ပတ်နေကြတာများတယ်။ တော်တော်များများကဒီအပေါ်မှာ ခရီးသွားလုပ်ငန်းထိခိုက်တဲ့အတွက်တော့ ဒီလုပ်ငန်းတွေ အကုန်လုံးထိခိုက်သွားတယ်။ မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းလောက်နဲ့ ကျန်တဲ့ဆေးလိပ်ခုံ လုပ်ငန်းဒီလောက်ပဲ ကျန်တော့မှာ။ ပြည်တွင်းခရီးသွားအတွက်ပေါ့။ အင်းထဲမှာနေတဲ့ ပြည်သူ၆၀ရာခိုင်နှုန်း လောက်က ခရီးသွားလုပ်ငန်းပေါ်မှာ တိုက်ရိုက်မှီခိုနေရတာ။ ဒါကြောင့်မို့လို ဒီဟာပေါ်မှာ အများကြီးထိခိုက် တယ်။ အခု ခရီးသွားလုပ်ငန်းမရှိတော့တဲ့အတွက် ဒီဟာတွေက ထိခိုက်လာမယ်။ နောက်ပြီး ၅ရက်တစ်ဈေး ဟာတွေမှာလည်း နောက်ပိုင်းအများကြီး ထိခိုက်လာမယ့် အခြေအနေတော့ရှိပါတယ်။

အခုချိန်မှာ ကျန်တဲ့ကုန်သွယ်မှုလုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဘယ်လောက်ထိခိုက်မလဲဆိုတာ ကျွန်တော်တို့အနေနဲ့ မခန့်မှန်းနိုင်ဘူး။ ဒီခရီးသွား လုပ်ငန်းကြောင့်ပေါ့နော်။ ဆက်စပ်ပြီး ထိခိုက်မယ့်ဟာတွေ က အများကြီးပဲလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ ခရီးသွားလုပ်ငန်းက တော်တော်များများနဲ့ ဆက်စပ်နေတာ လေ။

-နောက်ဆုံးအနေနဲ့ မီးခိုးတိတ်စက်ရုံလို့ တင်စားကြတဲ့ ခရီးသွားလုပ်ငန်းတွေဟာ မြန်မာနိုင်ငံမှာ ပြန်လည်ဦး မော့လာနိုင်ဖို့ ဘယ်လို အခြေအနေကောင်းတွေ လိုအပ်ပါသလဲ။ မူလအခြေအနေရောက်ရှိဖို့ ဘယ်လောက် အချိန်ကြာနေနိုင်ပါသလဲ။

မညှာတမ်းပြောရမယ်ဆိုရင်တော့ နိုင်ငံရေးတိုးတက်ပြောင်းလဲမှုမရှိဘူး။ ဒေသတွင်းတည်ငြိမ်မှု မရှိဘူးဆိုရင် ခရီးသွားလုပ်ငန်းက အခုလိုမလည်ပတ်ပဲ သွားနေမှာပဲ။ လည်ပတ်ဖို့ အားယူနေတုန်းပဲ ရှိပါသေးတယ်။ တကယ်တမ်းလည်ပတ်ဖို့ သေချာမရောက်သေးဘူးပေါ့။ အင်ဂျင်က နိုးမလိုဖြစ်ရာကနေ ပြန်စက်ရပ်တာမျိုး ဖြစ်သွားနိုင်ပါတယ်။ နိုးလာမလိုဖြစ်လိုက်၊ ရပ်သွားလိုက်။ နိုးမလိုဖြစ်လိုက်၊ ရပ်သွားလိုက်ဆိုရင်တော့ ကျွန် တော်တို့ ခရီးသွားလုပ်ငန်းလည်ပတ်မှု လုံးဝမရှိနိုင်ပါဘူး။ ဒါကြောင့်မို့လို့ အရင်ကိုဗစ်တုန်းက ကျွန်တော်တို့ ခန့်မှန်းခဲ့တဲ့ ၂၀၂၃ပြန်စနိုင်တယ်၊ ၂၀၂၅ဆို ပုံမှန်အတိုင်း လည်ပတ်နိုင်တယ်လို့ ကျွန်တော်တို့ ခန့်မှန်းခဲ့ ကြတယ်၂၀၂၀တုန်းကပေါ့။ ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ ကိုဗစ်ကိစ္စက ပြီးသွားပြီလို့ ပြောလို့ရ ပေမယ့် ဒီနိုင်ငံရေးမတည်ငြိမ်မှုက ဆက်ရှိနေသေးတဲ့အတွက် ခရီးသွားလုပ်ငန်းက ၂၀၂၅ထိအောင် ကျွန်တော်တို့မျှော်လင့်တဲ့ဟာတောင် ပြောလို့မရဘူးဖြစ်နေတယ်။ အခုဆိုလေ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.