မိုးဗြဲ – ဇန်နဝါရီ(၁၀)
ကယားပြည်နယ်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ပထမပတ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ကြောင့် ဒေသခံ(၄) ဦးသေဆုံးခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ(၈) ရက်ညပိုင်းက မိုးဗြဲမြို့ကို စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ပြီး ဒေသခံအမျိုးသမီးတစ်ဦးနဲ့ အသက်(၆၆) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံး ခဲ့တယ်လို့ သိရပါတယ်။
အဲဒီပစ်ခတ်မှုတွေကို ဝါရီဆူးပလိုင် ကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ တာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ(၃) ရက်နေ့ကလည်း ဒီးမော့ဆို မြို့မှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် (၁) ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့နယ် ဒေါမူကလား ကျေးရွာမှာလည်း စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အဲဒီထဲက အမျိုးသမီးတစ်ဦး သေဆုံးခဲ့ ပါတယ်။
ကယားပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ထိခိုက်သေဆုံးသူ (၂၉၃) ဦး ရှိခဲ့ပြီး သေဆုံးသူတွေမှာ လက်နက်ကြီး ထိမှန်တာနဲ့ စစ်ကောင်စီရဲ့ ညှင်းပမ်းနှိပ်စက်သတ်ဖြတ် ခံရသူ အများဆုံးဖြစ်တယ်လို့ ကရင်နီပြည်သူ့အင်အားစု (PKPF) က သတင်းထုတ်ပြန်ထားပါ တယ်။
စစ်ကောင်စီက ကယားပြည်နယ်ကို စစ်ကြောင်းထိုးဖို့ အဓိကလမ်းမကြီးတွေကို ပိတ်ဆို့ထားပြီး တင့်ကားတွေနဲ့ အင်အားဖြည့်တင်းတာတွေ ဆက်တိုက်လုပ်ဆောင်နေသလို ဒီနေ့ ဇန်နဝါရီလ (၁၀) ရက်မနက်ပိုင်းမှာလည်း မိုးဗြဲ၊ ဖယ်ခုံတစ်လျှေက်ဂျက်တိုက်လေယာဉ်တစ်စီးနဲ့ ခြိမ်းခြောက် ပျံသန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ