ဖနွမ်းပင် – ဇန်နဝါရီ(၁၀)
ကမ္ဘောဒီးယားနိုင်ငံအတွင်းက အတိုက်အခံအင်အားစုတွေအနေနဲ့ ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပ မယ့် နိုင်ငံ ဆန္ဒခံယူပွဲမှာ အာဏာရပါတီ မဲခိုးတယ်လို့ စွပ်စွဲရင် ဥပဒေအရ အရေးယူမှု ဒါမှမဟုတ် ကြိမ်ဒဏ်ခံရမယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ခြိမ်းခြောက်ခဲ့ပါတယ်။
နိုင်ငံ့အာဏာကို (၃၈) နှစ်ကြာရယူထားတဲ့ မစ္စတာ ဟွန်ဆန်ဟာ လာမယ့် ဂျူလိုင်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ဆိုခဲ့တာပါ။
အတိုက်အခံတွေအနေနဲ့ အာဏာရ ကမ္ဘောဒီးယား လူထုပါတီ Cambodian People’s Party (CPP) ပါတီကို ဝေဖန်မယ်ဆိုရင် တရားရုံးဒါမှမဟုတ် အကြမ်းဖက်ပြစ်ဒဏ် နှစ်ခုထဲက တစ်ခုကို ရွေးချယ်ရမယ်လို့ ပြောခဲ့ပါတယ်။
“ဒီမှာတော့ ရွေးစရာ နှစ်ခုပဲ ဥပဒေအရအရေးယူခံရမလား၊ ကြိမ်ဒဏ်လားပဲ။ သင်တို့ဘာလို ချင်သလဲပေ့ါ။ အကယ်လို့ တရားရုံးတက်ဖို့ ရွေးချယ်ခဲ့ရင်တောင် ကျွန်ုပ်က CPP ပါတီက လူတွေကို စုဝေစေပြီး ခင်ဗျားတို့ကို ဝင်ရိုက်တဲ့အထိ တိုက်တွန်းရပါမယ်” လို့ မစ္စတာ ဟွန်ဆန် က ဝန်ကြီးချုပ် ဟွန်ဆန်က ပြောခဲ့ပါတယ်။
ဒါ့အပြင် အတိုက်အခံတွေ ပြောတဲ့ မိန့်ခွန်းတွေကို စောင့်ကြည့်ဖို့လည်း မစ္စတာ ဟွန်ဆန်က သူ့ရဲ့ ရှေ့နေတွေကို တိုက်တွန်းထားပါတယ်။
“ကျွန်ုပ်တို့ကို သူခိုးတွေလို့ အချိန်တိုင်း စွပ်စွဲနေမှာကိုတော့ ခွင့်မပြုနိုင်ပါဘူး။ CPP အနေနဲ့လည်း မဲခိုးတဲ့ သူခိုးတွေလို့ ပြောနေတာကို လက်မခံနိုင်ပါဘူး။ အဲ့တော့ ပြောတဲ့သူ ဘယ်သူ့ကို မဆို တရားစွဲ ရပါလိမ့်မယ်” လို့ဆိုခဲ့ပြီး အကြမ်းဖက်မှုကို အားပေးဖို့ မလိုဘူး လို့ သူက ပြောပါသေးတယ်။
အတိုက်အခံနိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဆမ်ရိန်ဆီကိုလည်း ပြစ်ဒဏ်ချမှတ်ပြီး ပြည်နှင်ဒဏ် ပို့ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လက နောက်ဆုံး ရုံးချိန်းမှာ ရိန်ဆီအပါအဝင် လူ(၃၆) ဦးဟာ အစိုးရကို ဆန့်ကျင်ဖို့ ကြံစည်မှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ထောင်ဒဏ်(၅) နှစ်အထိချမှတ်ခံထားရတာဖြစ်ပါတယ်။
အတိုက်အခံခေါင်းဆောင် ရိန်စီရဲ့ မဟာမိတ်ဖြစ်တဲ့ ဩစတျေးလ နိုင်ငံသား ဆွန်ခေးကို ပြီးခဲ့တဲ့ အောက်တိုဘာလက အသရေဖျက်မှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ရွေးကောက်ပွဲတွေကို ဝေဖန်ခဲ့တဲ့ အတွက် အာဏာရပါတီကို လျော်ကြေးအမေရိကန်ဒေါ်လာ (၇၅၀၀၀၀) ပေးဆောင်ဖို့ အမိန့်ချ မှတ်ခံခဲ့ပါသေးတယ်။
အာဏာရှင်ဟွန်ဆန်ဟာ ရွေးကောက်ပွဲကျင်းပတိုင်း ဝေဖန်ရေးသမားတွေ၊ လူ့အခွင့်အရေးအဖွဲ့ တွေနဲ့ အတိုက်အခံပြုလုပ်သူတွေကို ထောင်ဒဏ်ချမှတ်လေ့ရှိသူဖြစ်ပြီး ဆန္ဒထုတ်ဖော်ပွဲတွေကို ရက်ရက်စက်စက်ဖြိုခွင်းလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့ အတိုက်အခံ Candlelight ပါတီကို ဒေသဆိုင်ရာ စစ်တမ်းတွေမှာ မဲ (၁၈) ရာခိုင်နှုန်း ရရှိတဲ့အထိ ပြည်သူတွေ ထောက်ခံထားကြပါတဠ်။
Ref:AFP