မနီလာ – ဇန်နဝါရီ(၁၀) 

ဖိလစ်ပိုင်နိုင်ငံမှာ (၁၄) နှစ်အတွင်း ကုန်စည်စျေးနှုန်းတွေ မြင့်တက်ပြီး ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် စိုက်ပျိုးရေးဌာနက ပြည်တွင်းရောင်းလိုအား မြှင့်တင်ဖို့ ပြည်ပကနေ 

ကြက်သွန်နီ တန်ချိန် (၂၂၀၀၀) တင်သွင်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ 

တင်သွင်းမှု အဆိုပြုချက်ဟာ ဌာနရဲ့ အမှုဆောင်ကော်မတီအစည်းအဝေးအထိ ရောက်ရှိခဲ့ပြီး နောက် သမ္မတ ဖာဒီနန်မားကိုစ့် က အကြံပြုရမှာဖြစ်တယ်လို့ လက်ထောက်အတွင်းဝန်ကဆို ခဲ့တာပါ။ 

အဆိုပြုထားတဲ့ ဝယ်ယူမှုဟာ တစ်ခအတွင်း အဆင်ပြေမှာဖြစ်ပြီး စျေးနှုန်းတွေ ကျဆင်းလာ နိုင်တယ်လို့ သိရပါတယ်။ 

“ငွေကြေးဖောင်းပွမှုရဲ့ တွန်းအားတွေထဲက တစ်ခုက ကြက်သွန်နီ ဈေးနှုန်းကြောင့် ဖြစ်တယ်၊ ဒါကြောင့် ငြိမ်ငြိမ်လေး ထိုင်နေလို့မရပါဘူး” လို့ စိုက်ပျိုးရေးဌာနလက်ထောက် အတွင်းဝန် က ပြောခဲ့ပါတယ်။ 

ဖိလစ်ပိုင်မှာ တစ်လကို ကြက်သွန်နီ တန်ချိန်(၁၇၀၀၀) လောက်စားသုံးနေတဲ့အတွက် အခုဝယ်ယူ မှုဟာ အကျပ်အတည်းအတွက် ယာယီဖြေရှင်းချက်ဖြစ်လာနိုင်ပြီး လက်ရှိအချိန်ထိတော့ နောက် ဆက်တွဲ အစီအစဉ် မရှိသေးဘူးလို့ သူက ပြောပါသေးတယ်။ 

စိုက်ပျိုးရေးဦးစီးဌာနကတော့ သမ္မတ တင်သွင်းခွင့်ပြုပြီးတာနဲ့ လာမယ့် ဖေဖော်ဝါရီ ပထမပတ် ထက် နောက်မကျစေဘဲ လုပ်ငန်းစတင်ဖို့ စီစဉ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။ 

ဇန်နဝါရီလ (၅) ရက်နေ့အထိ စောင့်ကြည့်ခဲ့တဲ့ လယ်ယာသုံး ကုန်ပစ္စည်းတွေရဲ့ လက်လီစျေးနှုန်း တွေအရ ကြက်သွန်နီ တစ်ကီလို ကို ပီဆို (၆၅၀) နဲ့ ရောင်းချနေရပြီး ကြက်သွန်ဖြူ က တစ်ကီလို (၆၀၀) အထိစျေးမြင့်တက်နေပြီး ကြက်သားနဲ့ အမဲသားထက် စျေးနှုန်းကြီးမြင့်နေတယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက ဆိုထားပါတယ်။ 

ဖိလစ်ပိုင်ရိုးရာအစားအစာတွေမှာ ကြက်သွန်ဟာ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့အတွက် နှစ်သစ်ကူး အားလပ်ရက်တွေမှာ ကုန်စျေးနှုန်းမြင့်တက်တာနဲ့ပတ်သက်ပြီး အခက်တွေ့ခဲ့တဲ့ စားသုံးသူတွေ ဟာ လူမှုကွန်ရက်တွေမှာ ဝေဖန်တာတွေရှိခဲ့ပါတယ်။ 

ဒေသထွက်ကုန် ကျဆင်းတာကြောင့် ကြက်သွန်နီ စျေးနှုန်းမြှင့်တက်ခဲ့ပြီး ကြက်သွန်နီဟာ ဆန် နဲ့အတူ အလုံးစုံငွေကြေးဖောင်းပွမှုမှာ (၀.၃) ရာခိုင်နှုန်း ဖြစ်စေခဲ့တယ်လို့ စာရင်းအင်းပညာရှင် ဒန်နစ်မတ်ပ က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။ 

ဝယ်လိုအားမြင့်တက်နေတဲ့ ကြက်သွန်စျေးကွက်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၈.၁) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး (၁၄) နှစ်အတွင်း အမြင့်ဆုံး ရောက်ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပြည်တွင်းမှာ ရိတ်သိမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ လာမယ့် မတ်လကနေ မေလ အတွင်း အထွက်နည်းနိုင်တဲ့အတွက် ထောက်ပံ့မှုတိုးဖို့ လိုအပ်တယ်လို့ စာရင်းအင်း ပညာရှင်ဒန်နစ်မတ်ပ က ပြောခဲ့ပါတယ်။

Ref: The Straitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.