ဘန်ကောက်၊ ဇန်နဝါရီ (၁၀) ထိုင်းနိုင်ငံအတွင်းကိုရောက်ရှိလာမယ့် ခရီးသွားတွေအနေနဲ့ ကိုဗစ်(၁၉)ကာကွယ်ဆေးထိုးနှံပြီးကြောင်း ပြသဖို့ မလိုအပ်တော့ကြောင်း ကျန်မာရေးဝန်ကြီးက ဇန်နဝါရီလ ၉ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီး အနူတင်ချန်ဝီဒါကောက ခရီးသွားတွေအနေနဲ့ ကာကွယ်ဆေး အပြည့်ထိုးထားပြီး ကြောင်း ပြသဖို့ကိစ္စမှာ အဆင်မပြေဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံးမှာ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပြီးစီးပြီးဖြစ် တဲ့အတွက် အခုလို လုပ်ဆောင်ဖို့ မလိုအပ်ကြောင်း ပညာရှင်အဖွဲ့က ဖြေရှင်းခဲ့ပြီးဖြစ်တယ်လို့ လည်း ပြောဆို ထားပါတယ်။

ဝန်ကြီးရဲ့အဆိုအရ ကာကွယ်ဆေးမထိုးထားတဲ့ ခရီးသွားတွေကိုလည်း ကန့်သတ်တားမြစ်ချက် တွေမရှိဘဲ ဝင်ခွင့်ပြုသွားမယ်လို့လည်း သိရပါတယ်။

ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုတွေ တဖန်ပြန်လည်မြင့်တက်လာတဲ့ တရုတ်နိုင်ငံက ခရီးသွားတွေ ထိုင်းနိုင်ငံ အတွင်းကို ပြန်လည်ဝင်ရောက်မလာမီ ဇန်နဝါရီ ၉ရက်မှစတင်ကာ အကျိုးသက်ရောက်မယ့် အဲဒီကန့်သတ် တားမြစ်ချက်တွေကို ဇန်နဝါရီ ၇ ရက်နေ့မှာ လေကြောင်းအာဏာပိုင်အဖွဲ့က ကြေညာခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးက “ ကာကွယ်ဆေးထိုးထားပြီးကြောင်း ပြသရမယ့်စနစ်မှာ အဆင်မပြေဖြစ်နိုင်လို့ လေကြောင်း အာဏာ ပိုင်တွေရဲ့ ဆုံးဖြတ်ချက်မှာ မလိုအပ်တော့ပါဘူး ” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ကပ်ရောဂါစတင်ဖြစ်ပွားခဲ့ချိန်ကစလို့ ရောက်ရှိလာတဲ့ တရုတ်ခရီးသွားတွေဟာ ထိုင်းနိုင်ငံကို ဇန်နဝါရီ ၉ ရက် နေ့မှာ စရောက်ခဲ့ပြီး ပထမဆုံးနေ့မှာတင် ခန့်မှန်းခြေခရီးသည် ၃၄၆၅ ဦး ရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။

တင်းကြပ်တဲ့ ဝင်ခွင့်တားမြစ်ချက်တွေကို ပြီးခဲ့တဲ့နှစ်ကစတင်ဖယ်ရှားခဲ့ပြီးနောက် ပထမဆုံးစတင်မယ့် ခရီးသွား ရာသီမှာ ထိုင်းနိုင်ငံအတွင်းကို ခရီးသည်အမြောက်အမြား ဝင်ရောက်လာတာကိုလည်း တွေ့ရပါတယ်။

ခရီးစဉ်နဲ့ နိုင်ငံခြားကနေ ဝင်ရောက်လာမယ့် ခရီးသွားတွေကို ကန့်သတ်ထားခဲ့တဲ့ မနှစ်ကတင် စုစုပေါင်းခရီးသွား ၁.၇၅ သန်း စံချိန်တင်ရောက်ရှိခဲ့တယ်လို့သိရပါတယ်။ ဝန်ကြီးရဲ့အဆိုအရ ကနဦးမှာ တရုတ်ခရီးသွား ၅သန်းဝင်ရောက်မယ်လို့ ခန့်မှန်းထားပေမယ့်လည်း အခုအချိန် မှာ ခရီးသည် ၇သန်း မှ ၁၀သန်းခန့်အထိ ရောက်ရှိလာမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကိုဗစ်ပိုးကင်းရှင်းကြောင်း ပြသရမယ့်နိုင်ငံကို ထိုင်နိုင်ငံကနေတစ်ဆင့် သွားရောက်မယ့် နိုင်ငံခြားသား ခရီးသွားတွေအနေနဲ့ ရောဂါပိုးကုသမှုပေးနိုင်မယ့် ကျန်းမာရေးအာမခံကိုလည်း ပြသဖို့လိုအပ်နေသေးတာလည်း ဖြစ်ပါတယ်။

Ref – CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.