January 10, 2023

“အတိဒုက္ခရောက်နေတဲ့ ပြည်သူကလည်းသန်းချီရှိနေတဲ့ကာလမှာ ရွေး ကောက်ပွဲကို ဇွတ်လုပ်တယ်ဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထား မဟုတ်တဲ့အတွက်ကြောင့်မို့လို့ ဘယ်စနစ်ကိုပဲ ကျင့်သုံးကျင့်သုံး လူထုအနေနဲ့ကတော့ အကောင်းမြင်နိုင်ဖွယ်ရာမရှိ ဘူး”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီအထွေထွေအတွင်းရေးမှူး စိုင်းလိတ်နဲ့ ဆက်သွယ်မေးမြန်းချက်။ စစ်တပ် အာဏာသိမ်းထားတဲ့ ၂ နှစ်နီးပါးအတွင်း ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျလာနေတဲ့ မြန်မာနိုင်ငံမှာ မဲဆန္ဒရှင် ပြည်သူတွေ စိတ်ရောကိုယ်ပါ အတိဒုက္ခရောက်နေတဲ့အခြေနေမှာ စစ်ကောင်စီက အခုနှစ်အတွင်းအချိုးကျ ကိုယ်စားပြု (PR) စနစ်ကို ကျင့်သုံးပြီး ရွေးကောက်ပွဲကျင်းပသွားဖို့ အသည်းအသန် ကြိုးပမ်းလာတာပါ။ ဒါကြောင့် စစ်ကောင်စီက ကျင်းပဖို့ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲအပေါ်…

ထိုင်းနိုင်ငံကိုလာရောက်မယ့် ခရီးသွားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးပြီးကြောင်းပြသဖို့ မလိုတော့

ဘန်ကောက်၊ ဇန်နဝါရီ (၁၀) ထိုင်းနိုင်ငံအတွင်းကိုရောက်ရှိလာမယ့် ခရီးသွားတွေအနေနဲ့ ကိုဗစ်(၁၉)ကာကွယ်ဆေးထိုးနှံပြီးကြောင်း ပြသဖို့ မလိုအပ်တော့ကြောင်း ကျန်မာရေးဝန်ကြီးက ဇန်နဝါရီလ ၉ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီး အနူတင်ချန်ဝီဒါကောက ခရီးသွားတွေအနေနဲ့ ကာကွယ်ဆေး အပြည့်ထိုးထားပြီး ကြောင်း ပြသဖို့ကိစ္စမှာ အဆင်မပြေဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံးမှာ ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံပြီးစီးပြီးဖြစ် တဲ့အတွက် အခုလို လုပ်ဆောင်ဖို့ မလိုအပ်ကြောင်း ပညာရှင်အဖွဲ့က ဖြေရှင်းခဲ့ပြီးဖြစ်တယ်လို့…

ဖိလစ်ပိုင်မှာ ကုန်စည်စျေးနှုန်းတွေတိုးလာလို့ ကြက်သွန်နီ တန်ချိန် ၂၂၀၀၀ တင်သွင်း ဖို့ စီစဉ်နေ

မနီလာ – ဇန်နဝါရီ(၁၀) ဖိလစ်ပိုင်နိုင်ငံမှာ (၁၄) နှစ်အတွင်း ကုန်စည်စျေးနှုန်းတွေ မြင့်တက်ပြီး ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် စိုက်ပျိုးရေးဌာနက ပြည်တွင်းရောင်းလိုအား မြှင့်တင်ဖို့ ပြည်ပကနေ ကြက်သွန်နီ တန်ချိန် (၂၂၀၀၀) တင်သွင်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ တင်သွင်းမှု အဆိုပြုချက်ဟာ ဌာနရဲ့ အမှုဆောင်ကော်မတီအစည်းအဝေးအထိ ရောက်ရှိခဲ့ပြီး နောက် သမ္မတ ဖာဒီနန်မားကိုစ့် က အကြံပြုရမှာဖြစ်တယ်လို့…

ရွေးကောက်ပွဲမှာ မဲခိုးတယ်လို့ စွပ်စွဲမယ့် အတိုက်အခံတွေ ကြိမ်ဒဏ်ခံရမယ်လို့ ဟွန်ဆန် ခြိမ်းခြောက်

ဖနွမ်းပင် – ဇန်နဝါရီ(၁၀) ကမ္ဘောဒီးယားနိုင်ငံအတွင်းက အတိုက်အခံအင်အားစုတွေအနေနဲ့ ဒီနှစ်နှောင်းပိုင်းမှာ ကျင်းပ မယ့် နိုင်ငံ ဆန္ဒခံယူပွဲမှာ အာဏာရပါတီ မဲခိုးတယ်လို့ စွပ်စွဲရင် ဥပဒေအရ အရေးယူမှု ဒါမှမဟုတ် ကြိမ်ဒဏ်ခံရမယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ခြိမ်းခြောက်ခဲ့ပါတယ်။ နိုင်ငံ့အာဏာကို (၃၈) နှစ်ကြာရယူထားတဲ့ မစ္စတာ ဟွန်ဆန်ဟာ လာမယ့် ဂျူလိုင်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ…

စစ်အာဏာသိမ်း (၇၀၈) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၇၁၁ ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ(၁၀) AAPP ရဲ့ ဇန်နဝါရီ(၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၀၈)ရက်အတွင်း ပြည်သူ (၂၇၁၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၇၀၄၁ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၆၉၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

အမေရိကန်ရဲ့ NDAA ဥပဒေကြောင့် တပ်တွင်း CDM လှိုင်း ပိုမိုပြင်းထန်လာ

မော်လမြိုင်၊ ဒီဇင်ဘာ(၁၀) မြန်မာ့အရေးနဲ့ပတ်သက်တဲ့ Burma Act ကို ထည့်သွင်းပြဌာန်းထားတဲ့ အမေရိကန်အစိုးရရဲ့ အမျိုး သား ကာကွယ်ရေးအက်ဥပဒေ NDAA ကြောင့် စစ်ကောင်စီတပ်တွင်း CDM ပြုလုပ်လိုသူတွေ ပိုများလာတယ်လို့ CDM အရာရှိတွေနဲ့ စစ်သားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့(EAO) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို လက်နက်မဟုတ်တဲ့နည်းပညာနဲ့ လူကိုသေစေနိုင်တာမရှိတဲ့အရာတွေ ထောက်ပံ့ပေးမယ့်…

နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်ဘက်ကပြန်ဖွင့်လိုက်ပေမယ့် မြန်မာဘက်ကဆက်ပိတ်ထား

မော်လမြိုင်၊ ဇန်နဝါရီ(၁၀) ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်နီးပါးကြာပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ် ၃ ဂိတ်ကို တရုတ်ဘက်က ပြန်ဖွင့်ပေးလိုက်ပေမယ့် မြန်မာဘက်က မဖွင့်သေးဘဲ ဆက်ပိတ်ထားတယ်လို့ နယ် စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တရုတ်နိုင်ငံဟာ ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားခဲ့တဲ့ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖြစ်တဲ့ မန့်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်တို့ကို ဇန်နဝါရီ ၈ ရက်နေ့ကစပြီး ပြန်ဖွင့်ပေးမယ်လို့ ပြီးခဲ့တဲ့…

စစ်ကောင်စီတင်ပြတဲ့ ရွေးကောက်ပွဲနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး မှတ်ချက်မရှိ၊ နားထောင်ရုံပဲလို့ “ဝ” အဖွဲ့ပြော

နေပြည်တော်၊ ဇန်နဝါရီ(၁၀) ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ စစ်ကောင်စီ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ (NSPNC) ဘက်က တင်ပြလာတဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပေါ် မှတ်ချက်ပြု ဆွေး နွေးတာ မရှိသလို လာနားထောင်ရုံပဲလို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အပစ်ရပ် မထိုးထားတဲ့“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ အမျိုးသားဒီမိုကရက်တစ်မဟာ မိတ်အဖွဲ့ (NDAA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီ…