ကျောင်းသားတပ်မတော် (ABSDF) ၊ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ဆလိုင်းယောအောင်နဲ့ ဆက်သွယ်မေးမြန်းချက်။
အာဏာသိမ်းစစ်အုပ်စုဟာ လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လက်အကောင်အထည်ဖော်ဖို့နဲ့ ပြည်သူတွေ လိုလားတဲ့ ထာဝရ ငြိမ်းချမ်ရေးရရှိဖို့ဆိုပြီး၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာလကုန်အထိ တစ်နှစ်တာ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ ဒါ့အပြင် စစ်ခေါင်းဆောင်ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာလည်း ၂၀၂၃ ခုနှစ်ဟာ ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးအတွက် အစပျိုးတဲ့ နှစ်တစ်နှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံး အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပသွားမယ်လို့ ပြောဆိုလာပါတယ်။
ဒါကြောင့် စစ်အုပ်စုဘက်ကတစ်နှစ်အပစ်ရပ်စဲကြောင်း ကြေညာမှုဟာ မြေပြင်အခြေအနေနဲ့ ဘယ်လောက်ထိ ကွာခြားနေလဲ။ စစ်အုပ်စု ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကရော လက်တွေ့ဖြစ်လာနိုင်မှာလား။၂၀၂၃ ဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်ထိ အရေးကြီးလဲ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကျောင်းသားတပ်မ တော် (ABSDF) ၊ ဗဟိုဦးဆောင်ကော်မတီဝင်ရဲဘော်ဆလိုင်းယောအောင်နဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး စစ်ကောင်စီက လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာယန္တရားတွေကို နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန် ကလွဲရင် တပ်မတော်ရဲ့စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို ၂၀၂၃ တစ်နှစ်လုံးကို အပစ်ခတ်ရပ်စဲတယ်လို့ ကြေညာတဲ့အပေါ် ဘယ်လို မြင်ပါသလဲ။
စစ်တပ်က လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို နှောင့်ယှက်ရင် တိုက်မယ်လို့ပြောတယ်။ အဲဒါကလွဲပြီး တော့ စစ်ရေး လှုပ်ရှားမှုတွေကို ၂၀၂၃မှာ ရပ်ထားမယ်ဆိုတော့ ဒါမေးစရာရှိပါတယ်။ အခုလက်ရှိ စစ်ကိုင်း၊ မကွေးအပါအဝင်တစ်နိုင်ငံလုံးမှာ ဖြစ်နေတဲ့တိုက်ပွဲတွေက သူကသွားတိုက်နေလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူထုကသူ့ရဲ့စော်ကားမှုတွေကို ခုခံကာကွယ်နေတာ ဖြစ်တယ်။ ကိုယ့်ကိုကိုယ်ခုခံကာကွယ်နေတာ ဖြစ်ပါ တယ်။ ၂၀၂၂တစ်နှစ်လုံးမှာ ကျွန်တော်တို့ ပြုစုထားတဲ့ တိုက်ပွဲမှတ်တမ်းပေါ့။ ဒါလိုအပ်ချက်တော့ ရှိပါသေး တယ်။ကျွန်တော်တို့ နိုင်သလောက်ပြုစုထားတဲ့ မှတ်တမ်းတွေထဲမှာတော့ တပ်နဲ့ PDF နဲ့ ၂၁၂၀ ကြိမ်ဖြစ်ခဲ့ပါတယ်။ နောက်တစ်ခါတပ်နဲ့ NCA လက်မှတ်ထိုးထားတဲ့ EAO တွေနဲ့ ၁၄၇ကြိမ်ပါ။ နောက်တစ်ခုက တပ်နဲ့ NCAလက်မှတ်မထိုးထားတဲ့ EAOတွေနဲ့တိုက်ပွဲဖြစ်တာ အားလုံး၈၂ကြိမ်ရှိပါတယ်။ သူ့ဘက်က အပစ်ခတ်ရပ် စဲထားတယ်လို့ ပြောတယ်။ သူကလာတိုက်လို့ ဖြစ်တယ်။ ကျွန်တော်တို့ နယ်မြေတွေကို သူလာလို့ ဖြစ်တယ်။ အဲဒီတော့ NCAရဲ့ စာချုပ်အရ ဆိုရင်ကျွန်တော်တို့ ကြိုတင်အကြောင်းကြားရမှာ ဖြစ်တယ်။ ဒါပေမယ့် အဲဒီစည်းမျဉ်း၊ စည်းကမ်းတွေ အားလုံးကိုလည်း သူက လိုက်နာခြင်း မရှိဘူးဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ တိုက်ပွဲ တွေဖြစ်နေတာ ဖြစ်တယ်။ ကျွန်တော်တို့က သွားရောက် ကျူးကျော်ပြီး တိုက်နေတဲ့တိုက်ပွဲတွေ မဟုတ်ပါဘူး။
-ပြီးတော့ စစ်ခေါင်းဆောင်က တစ်နိုင်ငံလုံးအကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပမယ်။ တိုင်းပြည်ကို မူလအ ခြေအနေအတိုင်း အေးချမ်းစေဖို့ ဆောင်ရွက်နေတယ်လို့ ပြောဆိုမှုကလက်တွေ့နဲ့ ဘယ်လိုများ ကွာခြားမှုတွေ ရှိနေမလဲ။ သုံးသပ်ပေးပါဦး။
အခု ဒီစကားတွေက စစ်တပ်ဘက်က အမြဲလိုလိုကြားနေရတဲ့ စကားတွေ ဖြစ်တာကြောင့် ကျွန်တော်အတွက် တော့ ရိုးနေပြီ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြောတစ်မျိုး၊အလုပ်တစ်မျိုး ဖြစ်နေလို့ ဖြစ်ပါတယ်။ တိုင်းပြည်အခြေအနေ ဆိုးဝါးအောင် ဆောင်ရွက်ခဲ့တာဘယ်သူလဲ အဲ့ဒါ မေးခွန်းရှိပါတယ်။ အဲ့ဒါစစ်တပ်က ဖြစ်ပါတယ်။ အခုတော့ပုံမှန်အခြေအနေရောက်အောင် ကြိုးစားနေပါတယ် ဆိုတော့ သူ့စကားက ရှေ့နောက် မညီဘူးဖြစ်နေတယ်။ အဲဒီတော့ ရီစရာဖြစ်နေပါတယ်။ ရွေးကောက်ပွဲကို ကျွန်တော်ထင်တာတော့ ဒီနေ့နိုင်ငံ ရေး အခြေအနေအောက်မှာ ပြောသလောက် မလွယ်ဘူးလို့ ထင်ပါတယ်။ ဒါတစ်ချက်ပေါ့။ နောက်တစ်ခုက ဒီမိုကရေစီကို ဖျက်ဆီးပစ်ခဲ့သူက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်မယ်ဆိုတော့ ဒါအ တော်လေး ရီစရာကောင်းနေတယ်လို့ မြင်ပါတယ်။
-နောက်တစ်ခုက စစ်ခေါင်းဆောင် ပြောတဲ့ ဖွံ့ဖြိုးရေးတို့ ငြိမ်းချမ်းရေးတို့ဆိုတာလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာ၊ အကျပ်အတည်းတွေကို ကြည့်ရင် တကယ်ပဲ အစပျိုးစေတဲ့ နှစ်တစ်နှစ်လို့ မြင်မိလား။ ဒီအပေါ်မှာ ဘယ်လို သုံးသပ်ပါသလဲ။
သူ့မိန့်ခွန်းထဲမှာ ပြောသွားတဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးဆိုတာ အခုအမြှောက်အသံတွေ လေယာဉ် ဗုံးသံတွေ ပြည်တွင်းစစ်ဘေးရှောင်တွေကို ပြောတာလား။ ဒါမေးစရာ ဖြစ်ပါတယ်။ နောက်တစ်ခုက အောက် ခြေမှာဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်ထင်တယ်။ သူသေချာ သိပုံမရဘူးလို့ ထင်တယ်။ အခုဆိုရင် ရန်ကုန်လှိုင်သာယာမှာ ဧည့်စာရင်းကို ရာအိမ်မှူးအိမ်မှာ တိုင်ရတယ်။ ရက်ကျော်သွားလို့ ဆိုပြီးတော့ လူတစ် ယောက်ကို ၅၀၀တောင်းတယ်။ ဒါကဘာကိုပြသလဲဆိုတော့ လူထုမှာ လုံခြုံမှုမရှိဘူးဆိုတာကို ပြနေတာ ဖြစ်တယ်။ လူထုဘဝလုံခြုံဖို့ တစ်နည်းအားဖြင့် ပြောရရင် လူသားဘဝလုံခြုံမှု မရှိဘဲ ငြိမ်းချမ်းရေးအစပျိုးမှုလို့ ကျွန်တော်ထင်တယ်။ ပြောလို့ မရဘူးလို့ ကျွန်တော်မြင်ပါတယ်။
-နောက်ဆုံးအနေနဲ့ ၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်ထိအရေးကြီးလဲ။ ဒီအပေါ်မှာ သဘောထားမှတ်ချက် ပြောပေးပါဦး။
၂၀၂၃ကတော့ ကျွန်တော်တို့အတွက် အရေးကြီးတဲ့နှစ်လို့ ကျွန်တော်မြင်ပါတယ်.။ ကျွန်တော်တို့ အင်အားစု တွေနဲ့ အခုစစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ကြိုးစားနေဆဲ ဖြစ်ပါတယ်။ စစ်တပ်ကတော့ ၂၀၂၃ ရွေး ကောက်ပွဲနဲ့ သူ့ရဲ့နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားနေတယ်။ ဒါကလည်း အဲဒီ၂၀၂၃က ရွေး ကောက် ပွဲ ဖြစ်တယ်၊မဖြစ်ဘူးဆိုတာ ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။