ကျိုက်ထို – ဇန်နဝါရီ(၅)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ ဇန်နဝါရီ ၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။

ဒီနေ့ မနက် ၇ နာရီလောက်မှာ စစ်တောင်းဘက်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းဝင်တဲ့ စစ်ကား ၄ စီးပါ ယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကား တစ်စီး ထိမှန်ပျက်စီးခဲ့ပြီး ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ က ပြောပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကောင်စီယာဉ်တန်းဟာ KNU တပ်မဟာ (၅) ဒါမှမဟုတ် KNU တပ်မဟာ(၆) ကို စစ်ကူပေးဖို့ လာတဲ့ ယာဉ်တန်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးမှာ စစ်ကောင်စီယာတန်းတွေ မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး ကားပျက်စီးတာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.