သံဖြူဇရပ်၊ ဒီဇင်ဘာ(၅)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ပြီးနောက် စစ်ကောင် စီတပ်က ဒေသခံအမျိုးသား ၄ ဦးကို လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ ည ၈ နာရီလောက်က ကျုံကဒက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ပြီးနောက် လာစစ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေသခံဦးကြည်ဝင်း (ပြည်သူစစ်ဟောင်း)၊ ကိုသက်ထူးအောင်၊ အသက် ၇၀ ကျော်အရွယ် ဦးပါကြိုင်နဲ့ ဒေသခံမဟုတ်တဲ့ အမျိုးသားဧည့်သည်တစ်ဦးကို ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့အမျိုးသား ၄ ဦးကို သံဖြူဇရပ်မြို့မရဲစခန်းမှာ ဖမ်းဆီးထားပြီး လက် ရှိအချိန်အထိ မိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ခဲ့တဲ့အတွက် ရုံးအဆောက်အဦး အနောက်ဘက်ခြမ်း ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရတာတွေမရှိဘူးလို့ သိရပါတယ်။

ကျုံကဒက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာကိုတော့ လက်ရှိအချိန်အထိ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.