ရန်ကုန်၊ ဇန်နဝါရီ(၄)
စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့ အလွတ်တန်းသတင်းတောက် အလှလေးသူဇာ (ခေါ်) မသူဇာဟာ ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာပြီလို့ ကာယကံရှင်ကိုယ်တိုင်က သံလွင်တိုင်းမ်ကို အတည်ပြုပြောကြားလိုက်ပါတယ်။
“တကယ်လွတ်လာပြီလို့ ပြောလို့ရပါပြီ။ ထောင်တွင်းကြုံခဲ့ရတဲ့ အခြေအနေတွေကိုတော့ မဖြေချင်သေးပါဘူး။ ၅၀၅တွေ အကုန်လုံးကိုတော့ လွှတ်ပေးလိုက်တာ မဟုတ်ပါဘူး။ အစ်မက (၂)နှစ်ဆိုတော့ နှစ်မကြီးလို့ လွှတ်တဲ့အထဲပါလာတာလို့ ထင်ပါတယ်။ အစ်မနဲ့အတူတူ ဆရာမဒေါ်သန်းမြင့်အောင်လည်း လွတ်တဲ့အထဲပါလာတယ်။ တခြားသူတွေတော့ မသိရသေးဘူး” လို့ မသူဇာက ပြောပါတယ်။
မသူဇာကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ စစ်ကောင်စီက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းက နေအိမ်အနီးမှာ ဖမ်းဆီးခဲ့ကာ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့မရဲစခန်းကနေ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ – က နဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၂၉ ရက်နေ့မှာ အမှုဖွင့်အရေးယူခဲ့တာပါ။
အလှလေးသူဇာဟာ ၂၀၁၂၁ခုနှစ် နိုဝင်ဘာလ ၂၂ ရက် မှာ အင်းစိန်ထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။
ဖမ်းဆီးခံထားရပြီး ၁၆ လအကြာမှ အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့်ရခဲ့ပြီး အခုလို လွတ် မြောက်တာတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်