ဆိုးလ် – ဇန်နဝါရီ(၄) 

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ ကြီးထွားလာတာနဲ့ ပတ်သက်ပြီး တုန့်ပြန်ဖို့ အမေရိကန် နဲ့ တောင်ကိုရီးယားတို့အနေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ်နဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ ဆွေးနွေးနေကြတယ်လို့ တောင်ကိုရီးယား သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။ 

အမေရိကန် ပြည်ထောင်စုက တောင်ကိုရီးယားနဲ့ ပူးတွဲနျူကလီးယားစစ်ရေးလေ့ကျင့်ဖို့ ဆွေးနွေးနေတာမဟုတ်ဘူးလို့ သမ္မတ ဘိုင်ဒင်က ပြောဆိုခဲ့ပေမယ့် ဒီသီတင်းပတ်အစောပိုင်းမှာ အိမ်ပြာတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ နျူနဲ့ပတ်သက်ပြီး ဆွေးနွေးနေတာဖြစ်တယ်လို့ ဆိုထား တာပါ။ 

လုံခြုံရေးဆိုင်ရာမဟာမိတ် နှစ်နိုင်ငံက မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေကို တုံ့ပြန်ဖို့အတွက် သတင်းအချက်အလက်မျှဝေတာ၊ ပူးတွဲ စစ်ရေးလေ့ကျင့်တာနဲ့ အမေရိကန်ရဲ့ နျူကလီးယား လုပ်ဆောင်တာတွေနဲ့ ပတ်သက်ပြီး အကောင်အထည်ဖော်မယ့် အစီအစဉ်ကို ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ အိမ်ပြာတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အမေရိကန်ပြည်ထောင်စုရဲ့ နျူကလီးယား အရိပ်အာဝါသဟာ တောင်ကိုရီးယားလူမျိုးတွေကို စိတ်ချလုံခြုံမှု မရှိတော့ဘူးလို့ Chosun Ilbo သတင်းစာနဲ့ အင်တာဗျူးမှာ သမ္မတ ယွန်းက ပြောခဲ့ ပါတယ်။  

“နျူကလီးယားလက်နက်တွေကို အမေရိကန်က ပိုင်ဆိုင်ပြီးတော့ အစီအစဉ်ဆွဲတာ၊ သတင်းအချက်အလက် မျှဝေတာနဲ့ လေ့ကျင့်မှုတွေကိုတော့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ပူးတွဲလုပ်ဆောင်ရမှာပဲ” လို့ သမ္မတ ယွန်းက ဆိုခဲ့ပြီး ဒီအစဉ်ကို အမေရိကန်က အပြုသဘောဆောင်တယ်လို့ ပြောခဲ့ပါတယ်။ 

ဒီအင်တာဗျူး ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာ နှစ်နိုင်ငံပူးတွဲ နျူကလီးယား စစ်ရေးလေ့ကျင့်ဖို့ စဉ်စားနေလားဆိုပြီး သမ္မတဘိုင်ဒင်ကို မေးမြန်းခဲ့ပေမယ့် ငြင်းဆိုသွားပါတယ်။ 

“ပူးတွဲနျူကလီးယားလေ့ကျင့်မှုဆိုတဲ့ အသုံးနှုန်းဟာ နျူကလီးယားအင်အားကြီးနိုင်ငံတွေ မှာသာ အသုံးပြုကြတာဖြစ်တယ်” လို့ တောင်ကိုရီးယားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ကင်အွန်ဟေးက ပြောခဲ့ပါတယ်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ရန်လိုမှုတွေ ကို တန်ပြန်နိုင်ဖို့ သူ့နိုင်ငံ ရဲ့ နျူကလီးယားလက်နက်တိုက်နဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေ (ICBMs) အဆပေါင်းများစွာ တိုးမြှင့်ဖို့ ပြောဆိုပြီးနောက် အခုလို မှတ်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါ တယ်။ 

ICBM ဒုံးကျည် ပစ်ခတ်တာအပါအဝင် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဆန့်ကျင်တဲ့ လက်နက် စမ်းသပ် မှုတွေကို မြောက်ကိုရီးယားက ၂၀၂၂ ခုနှစ်အတွင်း လစဉ်နီးပါး ပြုလုပ်ခဲ့တာပါ။ 

သဘောထားတင်းမာတဲ့ သမ္မတ ယွန် က ကိုဗစ်ကာလအတွင်း နောက်ဆုတ်ထားရတဲ့ အမေရိကန် နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ပြန်လုပ်ဖို့ အရှိမြှင့်လုပ်ဆောင်နေပြီး မြောက်ကိုရီးယားနဲ့ သံခင်းတမန်ခင်း ကိစ္စရပ်တွေကိုတော့ ရပ်နားထားတယ်လို့ သိရပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.