ရန်ကုန်၊ ဇန်နဝါရီ(၄)
(၇၅) နှစ်မြောက်လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဒီကနေ့မှာ စစ်ကောင်စီကအမိန့်အမှတ် (၁/၂၀၁၃) နဲ့ (၂/ ၂၀၁၃) တို့ကိုထုတ်ပြန်ပြီး အကျဉ်းထောင်၊အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား (၇၀၁၂)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။
ပြည်သူတွေကို မတရားဖမ်းဆီးထားတဲ့ စစ်ကောင်စီရဲ့ ဒီနေ့ရက်စွဲနဲ့ ကြေညာချက်ထဲမှာ (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နဲ့ ပြည်သူလူထူ နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနဲ့ လူမှူရေးကို ငဲ့ညှာသောအားဖြင့် အကျဉ်းထောင်၊အချုပ်ထောင် စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရသူတွေကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ် ဒဏ်အပြင် အခုကျခံရန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက်ကျခံပါမည်” ဆိုတဲ့ ကန့် သတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပေးလိုက်တာပါ။
အဲဒီကြေညာချက်ထဲမှာ ဇန်နဝါရီ (၄)ရက်မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သော ဝတ္ထု ပစ္စည်းများ အက်ဥပေဒေအရပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရပြစ်မှုများ၊ လက်နက်မှုတွေအပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရပြစ်မှုတွေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုတွေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုတွေမှအပ တည်ဆဲဥပဒေအရပ်ရပ်အရ ပြစ်မှုတစ်ခုခုနဲ့ စပ်လျဉ်းလို့ ပြစ်ဒဏ်ချမှတ်ခံရပြီး ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊အကျဉ်းသားတွေကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်ရဲ့ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့်အရ လွှတ်ပေးလိုက်တဲ့ အကျဉ်းသူ၊အကျဉ်းသား (၇၀၁၂)ဦးထဲမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဖြစ်တဲ့ စာရေးဆရာမ သန်းမြင့်အောင်၊ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဟောင်းသူရဦးအောင်ကို၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်နီနီမေမြင့်နဲ့ ဝေဖန်ရေးစာပေရေးသူ စာရေးဆရာ ဦးထင်လင်းဦးတို့ကို လည်း ပါဝင်ခဲ့တယ်လို့ ကနဦးသတင်းတွေပေါ်ထွက်ပေါ်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်