ဘန်ကောက် – ဇန်နဝါရီ(၄) 

ထိုင်နိုင်ငံရဲ့ ထိပ်တန်း ဗိုင်းရပ်စ် ပညာရှင် ယွန်းပူဗိုရာဝန်က ပြည်ပနိုင်ငံတွေမှာ ကူးစက်မှု မြင့်တက်နေတဲ့ ကိုဗစ် ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်တာကနေ ထိုင်းနိုင်ငံကို ကာကွယ်ဖို့ တောင်းဆိုခဲ့ ပြီး တရုတ်နိုင်ငံက ခရီးသွားတွေကို လာမယ့် ဇန်နဝါရီလ (၈) ရက်နေ့ကစပြီး ကန့်သတ်ချက်တွေ ရုတ်သိမ်းမယ်လို့ ကြေငြာပြီးနောက် အခုလိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာတော့ ဥရောပ နိုင်ငံတွေနဲ့ ဒေသတွင်း အာရှနိုင်ငံတွေ အာဆီယံနိုင်ငံတွေက တရုတ်က လာတဲ့ ခရီးသွားတွေကို ကန့်သတ်ချက်တွေ ထာနေပေမယ်ါ ထိုင်းနိုင်ငံက တရုတ် ဧည့်သည်တွေနဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ထားတာမရှိသေးဘူးလို့ သိရပါတယ်။ 

ဒေါက်တာ ယွန်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားချက်အရ ပြည်သူတွေ ကာကွယ်ဆေးရရှိ တာနဲ့ ကူးစက်ခံရတာကနေ ရရှိတဲ့ ကိုယ်ခံအားစနစ် (immunity) ရရှိခဲ့တဲ့အတွက် ထိုင်းနိုင်ငံထဲ မှာ ကိုဗစ် ပြင်းထန်မှုတွေ ကျဆင်းခဲ့ရတာဖြစ်တယ်လို့ ဆိုထားတာပါ။ 

ဒါပေမယ့် ဥရောပ၊ အမေရိကန်နဲ့ တရုတ်နိုင်ငံတွေမှာ ပျံ့နှံ့ကူးစက်နေတဲ့ မျိုးကွဲအသစ်ဟာ ကာကွယ်ဆေးကို ခံနိုင်ရည်ရှိပြီး အဲဒီလို နိုင်ငံအသီးသီးမှာ ပျံ့နှံ့နေတဲ့ ကိုဗစ် မျိုးကွဲကို ထိုင်းနိုင်ငံမှာ သိရှိဖို့ လိုတယ်လို့လည်း ဒေါက်တာယွန်းက ပြောထားပါတယ်။ 

ထိုင်းနိုင်ငံထဲမှာ အိုမီခရွန် BA.2.75 ပျံ့နှံ့နေပြီး ကာကွယ်ဆေး ဒဏ်ခံနိုင်ရည်အား မြင့်မားပြီး ကူးစက်မြန်တဲ့  BQ 1 / BQ 1.1 မျိုးကွဲတွေဟာ အနောက်နိုင်ငံတွေမှာ ပျံ့နှံ့နေတာဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီမျိုးကွဲတွေဟာ အရင်မျိုးကွဲတွေထက် ဆိုးရွားတဲ့ လက္ခဏာတွေဖြစ်ပေါ်တာမရှိဘူးလို့ သိရပါတယ်။ 

ဗိုင်းရပ်စ် ပညာရှင် ဒေါက်တာယွန်းရဲ့ ပြောဆိုချက်အရ နိုင်ငံထဲကို ရောက်ရှိလာသူအားလုံးကို စစ်ဆေးနိုင်ပေမယ့် ကိုဗစ်မျိုးကွဲအသစ် ထိုင်းနိုင်ငံကို ပျံ့နှံ့ကူးစက်လာနိုင်တဲ့ အခြေအနေကို တော့ ဟန့်တားနိုင်ဖို့မရှိဘူးလို့ ဆိုပါတယ်။ 

ကာကွယ်ဆေးထိုးနှံတာ၊ ကျန်းမာရေးအရ လမ်းညွှန်မှုတွေကို အရှိန်အဟုတ်မြှင့် ဆောင်ရွက်တာ၊ မတူကွဲပြားတဲ့ ကိုဗစ်မျိုးကွဲတွေနဲ့ သူတို့ရဲ့ အန္တရာယ်အကြောင်း လူထုအသိပညာပေးရေး လုပ်ငန်းလုပ်ငန်းတွေ လုပ်ပြီး ကြိုတင်ပြင်ဆင်ကြဖို့လည်း ဒေါက်တာယွန်းက တိုက်တွန်းထား ပါတယ်။ 

အစိုးရအေဂျင်စီတွေအနေနဲ့ ကိုဗစ် မျိုးစိပ်တွေ နဲ့ သူတို့ရဲ့ ပြင်းထန်မှု Immue အပေါ် ဗိုင်းရပ်စ် ရဲ့ ဒဏ်ခံနိုင်မှု တွေကို သိရှိဖို့ လမ်းညွှန်ချက်တွေအကောင်အထည်ဖော်သင့်တယ်လို့ ဒေါက်တာ ယွန်းက ပြောခဲ့ပါတယ်။ 

Ref: The Straitstimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.