Radio Than Lwin Times(3/1)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
မြိုင် – ဇန်နဝါရီ(၄) မကွေးတိုင်း မြိုင်မြို့မရဲစခန်းမှာတာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားနှစ်ဦးဟာ ပြည်သူတွေကို အရက်အတင်းအကြပ်တိုက်ခိုင်းတဲ့အတွက် မကြာခဏ အနိုင်ကျင့်ခံနေရတဲ့ အမျိုးသမီးနှစ်ဦး က အရက်ထဲအဆိပ်ခတ်တိုက်ခဲ့ပြီး သူတို့တွေရဲ့ စစ်လက်နက်ပစ္စည်းတွေ ယူဆောင်အပ်နှံခဲ့ တယ်လို့ မြိုင်ပကဖ တပ်ရင်း(၁) က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၃) ရက်နေ့ ညနေပိုင်းက ရဲတပ်သား မြတ်စိုးကျော်နဲ့ မျိုးမင်းသိန်းတို့ ဆီက…
ရန်ကုန်၊ ဇန်နဝါရီ(၄) စစ်ကောင်စီရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံရတဲ့ အလွတ်တန်းသတင်းတောက် အလှလေးသူဇာ (ခေါ်) မသူဇာဟာ ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာပြီလို့ ကာယကံရှင်ကိုယ်တိုင်က သံလွင်တိုင်းမ်ကို အတည်ပြုပြောကြားလိုက်ပါတယ်။ “တကယ်လွတ်လာပြီလို့ ပြောလို့ရပါပြီ။ ထောင်တွင်းကြုံခဲ့ရတဲ့ အခြေအနေတွေကိုတော့ မဖြေချင်သေးပါဘူး။ ၅၀၅တွေ အကုန်လုံးကိုတော့ လွှတ်ပေးလိုက်တာ မဟုတ်ပါဘူး။ အစ်မက (၂)နှစ်ဆိုတော့ နှစ်မကြီးလို့ လွှတ်တဲ့အထဲပါလာတာလို့ ထင်ပါတယ်။ အစ်မနဲ့အတူတူ ဆရာမဒေါ်သန်းမြင့်အောင်လည်း လွတ်တဲ့အထဲပါလာတယ်။…
ကြာအင်းဆိပ်ကြီး – ဇန်နဝါရီ(၄) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်း ၃ တပ်ရင်းကို ဒီကနေ့ ဇန်နဝါရီ ၄ ရက် မနက်ပိုင်းကစပြီး KNLA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကြာအင်းဆိပ်ကြီးမြို့အနီးရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၃၂ ၊ ခလရ…
မော်လမြိုင် – ဇန်နဝါရီ(၄) မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်နဲ့ အချုပ်ထောင် အသီးသီးကနေ စစ်ကောင်စီ ပြန်လွှတ်ပေးတဲ့ အကျဉ်းသား ၄၀၀ ကျော်မှာ နိုင်ငံရေးအကျဉ်း တစ်ဦးတစ်ယောက်မျှ မပါဝင်ဘူးလို့ ပြည်နယ်အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။ စစ်ကောင်စီက ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်နဲ့ အချုပ်ထောင်…
ရန်ကုန်၊ ဇန်နဝါရီ(၄) (၇၅) နှစ်မြောက်လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဒီကနေ့မှာ စစ်ကောင်စီကအမိန့်အမှတ် (၁/၂၀၁၃) နဲ့ (၂/ ၂၀၁၃) တို့ကိုထုတ်ပြန်ပြီး အကျဉ်းထောင်၊အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား (၇၀၁၂)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ ပြည်သူတွေကို မတရားဖမ်းဆီးထားတဲ့ စစ်ကောင်စီရဲ့ ဒီနေ့ရက်စွဲနဲ့ ကြေညာချက်ထဲမှာ (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နဲ့…
တနင်္သာရီ – ဇန်နဝါရီ(၄) တနင်္သာရီတိုင်း ဒေသကြီးမှာရှိတဲ့ အကျဉ်းထောင်နဲ့ အလုပ်စခန်းတွေကနေ ဒီနေ့ ဇန်နဝါရီလ (၄) ရက်နေ့မှာ အကျဉ်းသား(၂၀၀) ကျော်လွတ်မြောက်လာပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား (၈၀) ကျော်ပါတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီက တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေထဲကနေ အကျဉ်းသား (၇၀၀၀) ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး တနင်္သာရီတိုင်းက အကျဉ်းသူ/အကျဉ်းသား (၂၀၀)…
တိုကျို၊ ဇန်နဝါရီ(၄) ဂျပန်အစိုးရက လူဦးရေထူထပ်လွန်းတဲ့ တိုကျိုမြို့တော်ဧရိယာမှ ပြင်ပကိုပြောင်းရွှေ့ပြီးနေထိုင်တဲ့ ကလေးရှိ မိသားစုတွေအတွက် ၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ကလေးတစ်ဦးကို ယန်း (၁) သန်းအထိ ထောက်ပံ့ပေးသွားဖို့ စီစဉ်နေပါတယ်။ လက်ရှိအချိန်မှာ ကလေးတစ်ဦးကို ယန်း(၃)သိန်းထောက်ပံ့နေရာကနေ အခုလိုယန်း(၁)သန်းအထိ တိုးမြှင့် ပေးခဲ့တာပါ။ ၂၀၁၉ ခုနှစ်ဘဏ္ဍာရေးနှစ်က စတင်ခဲ့တဲ့ အဲဒီအစီအစဉ်ဟာ ကလေးမွေးနှုန်းကျဆင်းလာမှုနဲ့အတူ သက်ကြီး ရွယ်အိုတွေနေထိုင်ရာဒေသတွေကို ပြောင်းရွှေ့နေထိုင်ဖို့နဲ့…
ဘန်ကောက် – ဇန်နဝါရီ(၄) ထိုင်နိုင်ငံရဲ့ ထိပ်တန်း ဗိုင်းရပ်စ် ပညာရှင် ယွန်းပူဗိုရာဝန်က ပြည်ပနိုင်ငံတွေမှာ ကူးစက်မှု မြင့်တက်နေတဲ့ ကိုဗစ် ဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်တာကနေ ထိုင်းနိုင်ငံကို ကာကွယ်ဖို့ တောင်းဆိုခဲ့ ပြီး တရုတ်နိုင်ငံက ခရီးသွားတွေကို လာမယ့် ဇန်နဝါရီလ (၈) ရက်နေ့ကစပြီး ကန့်သတ်ချက်တွေ ရုတ်သိမ်းမယ်လို့ ကြေငြာပြီးနောက် အခုလိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဥရောပ…
ဆိုးလ် – ဇန်နဝါရီ(၄) မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေ ကြီးထွားလာတာနဲ့ ပတ်သက်ပြီး တုန့်ပြန်ဖို့ အမေရိကန် နဲ့ တောင်ကိုရီးယားတို့အနေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု အစီအစဉ်နဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ ဆွေးနွေးနေကြတယ်လို့ တောင်ကိုရီးယား သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန် ပြည်ထောင်စုက တောင်ကိုရီးယားနဲ့ ပူးတွဲနျူကလီးယားစစ်ရေးလေ့ကျင့်ဖို့ ဆွေးနွေးနေတာမဟုတ်ဘူးလို့ သမ္မတ ဘိုင်ဒင်က ပြောဆိုခဲ့ပေမယ့် ဒီသီတင်းပတ်အစောပိုင်းမှာ အိမ်ပြာတော်ရဲ့ ထုတ်ပြန်ချက်မှာတော့…