ဒီမော့ဆို – ဇန်နဝါရီ(၂)
စစ်တပ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ပြည်သူ(၄၁၉) ဦးသေဆုံးခဲ့ရတယ်လို့ တိုးတက် သောကရင်နီပြည်သူ့အင်အားစု PKPF က သတင်းထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်က အာဏာသိမ်းကာလအတွင်း ကယားပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု (၁၈၄) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ဒီနေ့အချိန်ထိ လက်နက်ကြီးတွေ နေ့စဉ်လိုလို ပစ်ခတ် နေ တာဖြစ်ပါတယ်။
ထိတွေ့တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်တွေဟာ လက်ရှိအချိန်မှာလည်း ကယား ပြည်နယ်ထဲမှာ စစ်အင်အားတိုးချဲ့နေပြီး တင့်ကားတွေအသုံးပြုကာ စစ်ကြောင်းထိုးဖို့ ပြင်ဆင် နေတာပါ။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ အပြင် အကြောင်းမရှိ အကြောင်းရှာပြီး လူ(၂၈၀) ကို အကြမ်းဖက် ဖမ်းဆီးနှိပ်စက်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လူဦးရေ (၃) သိန်းလောက်သာရှိတဲ့ ကယားပြည်နယ်မှာ စစ်ကောင်စီကြောင့် ဒေသခံ (၂) သိန်းကျော်ဟာ စစ်ဘေးရှောင်နေရပြီး သူတို့တွေအတွက် လူသားချင်းစာထာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ် ကို ပြောထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်မှာ တိုက်ပွဲပေါင်း (၅၄၄) ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၁၆၉၂)ဦး သေဆုံးကာ ၊ ကယားပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က (၂၁၁) ဦး ကျဆုံးထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ