စစ်တွေ – ဒီဇင်ဘာ(၂)

ပြည်သူထောက်ခံမှုရရှိထားတဲ့ တော်လှန်ရေးအဖွဲ့ တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်ဖို့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မြောက်ပိုင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ပြောပါတယ်။

ဇန်နဝါရီလ(၁) ရက်နေ့က ရက္ခိုင့်တပ်တော် (AA)၊တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်တော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော်(MNDAA) အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းရေး၊နိုင်ငံရေးနဲ့ စစ်ရေးမတည်ငြိမ်မှု တွေကြောင့် စစ်ဘေးဒဏ်သင့် မြန်မာပြည်သူလူထုတစ်ရပ်လုံး ခံစားနေရတဲ့ ခံစားချက် တွေကို စာနာနားလည်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ပြည်တွင်းစစ်မီးကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံအတွင်းနေထိုင် ကြတဲ့ မြန်မာပြည်သူ ပြည်သားတွေနဲ့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးအဖွဲ့ အစည်း တွေ အနေနဲ့ စုစည်းညီညွတ်စွာ အလုပ်လုပ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ တော်လှန်ရေးအဖွဲ့ အစည်းတွေထဲက ပြည်သူ့ထောက်ခံမှု ရရှိထားပြီး တော်လှန်ရေးဆန်တဲ့ အဖွဲ့အစည်း တချို့နဲ့ လက်တွဲကာ မြန်မာပြည်သူတွေ ရဲ့ ဘုံရည်မှန်းချက်တွေ ပြည့်ဝစေဖို့ ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ ၂၀၂၃ ခုနှစ်ဟာ နွေဦးတော်လှန်ရေးကို အဆုံးအဖြတ် ပေးမယ့် နှစ်ဖြစ်တယ်လို့ ဆိုထားပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက် နေတယ်လို့ ပြည်သူတွေကို အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.