ရေး၊ ဒီဇင်ဘာ(၃)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကနင့်ကမော့ကျေးရွာ၊ ရေး-ထားဝယ်ကားလမ်းမှာ ဇန်နဝါရီ ၂ ရက်နေ့ မနက်အစောပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး ဓါးပြတိုက်ခံရပြီး တန်းဖိုးရှိ ပစ္စည်းအကုန်လုံး ယူဆောင်ခံလိုက်ရတယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

ဇန်နဝါရီ ၂ရက်နေ့၊ မနက် ၄ နာရီကျော်မှာ ရန်ကုန်ကနေ မြိတ်ဘက်ကိုဆင်းလာတဲ့ ရွှေဝယ်သူယာဉ်လိုင်းကားတစ်စီးကို ကနင့်ကမော့ကျေးရွာအနီးမှာ အရပ်ဝတ်နဲ့လူ ၁၀ ဦးလောက်ပါတဲ့အဖွဲ့က ဓါးပြဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

ဓါးပြအဖွဲ့ဟာ ခရီးသည်နဲ့ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေထံက မှတ်ပုံတင်၊ ဖုန်း၊ ရွှေငွေ လက်ဝတ် လက်စား၊ လက်တောပ့်အပါအဝင် ငွေကျပ်သိန်းရာနဲ့ချီ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ သိရပါတယ်။

ရွှေဝယ်သူ ခရီးသည်တင်ယာဉ်ပေါ်မှာတော့ ယာဉ်မောင်းအပါအဝင် ခရီးသည်၃၂ ဦး လိုက်ပါလာခဲ့တာ ဖြစ်ပြီး ဓါးပြအဖွဲ့ကတော့ ခရီးသည်နဲ့ယာဉ်မောင်းတွေကိုအန္တရာယ်မပြုဘဲ ထွက်ခွာသွားတယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဓါးပြတိုက်ခံလိုက်ရတဲ့ ရွှေဝယ်သူယာဉ်လိုင်းဟာ ဇန်နဝါရီ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ထားဝယ်မြို့သို့ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ရေး-ထားဝယ်ကားလမ်းပိုင်းမှာ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်က ဓါးပြတိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး အခုဖြစ်စဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဦးဆုံးအကြိမ် ပြန်လည်ဖြစ်ပွားခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.