ပြုံယမ်း၊ ဇန်နဝါရီ(၃)

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းပြီးလျှင် ဒုတိယအာဏာအရှိဆုံး စစ်ဘက်အရာရှိ ပက်ဂျွန်ချွန် ကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ပြုလုပ်ခဲ့တဲ့ ကော်မတီရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနဲ့ ပါတီဗဟိုကော်မတီ အတွင်းရေးမှူးတစ်ဦးဖြစ်သူ ပက်ရဲ့ နေရာမှာ ရီယွန်ဂီလ်ဆိုသူနဲ့ အစားထိုးလိုက်တယ်လို့ KCNA သတင်းဌာနက ဖော်ပြထားတာပါ။

ဒါ့အပြင် မြောက်ကိုရီးယားခေါင်းဆောင်ကင်မ် ဦးဆောင်တဲ့ပါတီရဲ့ ဗဟိုစစ်ကော်မရှင်ဟာ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ အထက်မှာရှိတဲ့ စစ်ဘက်ဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ဖို့ အာဏာအရှိဆုံးအဖွဲ့လည်း ဖြစ်ပါတယ်။

ဒီလိုမြောက်ကိုရီးယားရဲ့ ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ်ပက်ရဲ့နေရာကို အစားထိုးဖို့ ကင်ဂျုံအန်ရဲ့ ဆုံးဖြတ် ချက်ဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကို တန်ပြန်ဖို့အတွက် ဖြစ်တယ်လို့လည်း သိရပါတယ်။
တိုက်ချင်းပစ်ဒုံးကျည်အသစ်တွေနဲ့ ကြီးမားတဲ့နျူကလီးယားလက်နက်တိုက်တွေ တီထွင်တည်ဆောက်ဖို့ နိုင်ငံရဲ့ ၂၀၂၃ ကာကွယ်ရေးမဟာဗျူဟာအတွက် တောင်းဆိုမှုတွေနောက်ကွယ်ကနေ ဒီဖြစ်ရပ်က  ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ပက်ဟာ၂၀၁၅ ခုနှစ်က ကြယ်တစ်ပွင့်အဆင့် အမြောက်တပ်မှူးအဆင့်ကနေ ၂၀၂၀ ခုနှစ်မှာ ကြယ်လေးပွင့် အဆင့် ဗိုလ်မှူးကြီးဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်နှောင်းပိုင်းမှာတော့ ပက်ဟာ ပေါလစ်ဗျူရိုကို ရာထူးတိုးမြှင့်ခံရပြီး ကင်ဂျုံအန် လက်ထက်မှာ အမြင့် ဆုံးစစ်ဘက်ရာထူးဖြစ်တဲ့ ဗိုလ်ချုပ်ဘွဲ့ကိုရရှိခဲ့သလို ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ တောင်ကိုးရီးယား-အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်ဆောင်ရွက်ရေးမှာလည်း  ဦးဆောင်သူဖြစ်လာခဲ့တာပါ။

ရာထူးကဖယ်ရှားခံရတဲ့ ဒုတိယအာဏာအရှိဆုံး ပက်နေရာကို အစားထိုးခံရတဲ့ ရီ ဟာတပ်မတော်ရဲ့ အထွေ ထွေဝန်ထမ်း အကြီးအကဲနဲ့ ကာကွယ်ရေးဝန်ကြီး အပါအဝင် အဓိကရာထူးတွေကို ထမ်းဆောင်ခဲ့တဲ့ အကြီး တန်းစစ်ဦးစီးချုပ် တစ်ဦးလည်း ဖြစ်ပါတယ်။

Ref; Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.