ကွာလာလမ်ပူ – ဇန်နဝါရီ(၃) 

တရုတ်နိုင်ငံမှာ လက်တလော ပျံ့နှံ့နေတဲ့ ကိုဗစ်မျိုးကွဲအသစ်တွေကို စမ်းသပ် တွေ့ရှိထားတယ် လို့ မလေးရှားကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇာလီဟာ မူစတာဖာ က ပြောပါတယ်။ 

မျိုးကွဲအသစ်နဲ့ ပတ်သက်တဲ့ အသေးစိတ်သတင်းအချက်အလက်တွေကို ထည့်သွင်းပြောဆိုတာ မရှိပေမယ့် ဒေါက်တာဇာလီဟာ က WHO ရဲ့ သတင်းအချက်အလက်တွေကို အခြေခံပြောဆိုခဲ့ တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ကာကွယ်ဆေး Booster တွေကို မကြာခင်ကာလအတွင်း ထိုးကြ ဖို့ တိုက်တွန်းထားပါတယ်။ 

 “ဝန်ကြီးဌာနသည် WHO နှင့် အာဆီယံမှ မိတ်ဖက်နိုင်ငံများနှင့် အနီးကပ်ဆက်ဆံရေးရှိပါတယ်။ အစီရင်ခံစာများကို အ‌ခြေခံချက်အရ WHO က ရောဂါပိုးနှင့်သက်ဆိုင်သော နောက်ဆုံးရ သတင်းအချက်အလက်များကို မျှဝေရန် တရုတ်နဲ့ အစည်းအဝေးကျင်းပထားသည်ဟု သိရှိပြီး တော့ လက်ရှိအခြေအနေများနှင့် တရုတ်နိုင်ငံအတွင်းရှိ ကိုဗစ် 19 စီမံခန့်ခွဲမှုများ နှင့်ပတ်သက် သမျှ သိရှိနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။ တရုတ်အစိုးရ ကနေ WHO ကို ပေးပို့တဲ့ အစီရင်ခံစာအထဲမှာတော့ တရုတ်မှာ တွေ့ရတဲ့ မျိုးကွဲအသစ်တွေဟာ မလေးရှားမှာလည်း စမ်းသပ်တွေ့ရှိနေရပြီလို့ ဆိုပါတယ်” လို့ မလေးရှားကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇာလီဟာ မူစတာဖာက ပြောခဲ့ပါတယ်။ 

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တရုတ်အစိုးရနဲ့ အစည်းအဝေးကျင်းပခဲ့ပြီး အဲဒီအစည်း အဝေးပြီးနောက် ကုလကျန်းမာရေးအေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ကိုဗစ်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို ပုံမှန်မျှဝေပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ 

တောင်းဆိုထားတဲ့ အချက်အလက်တွေထဲမှာ မျိုးကွဲဗီဇ ပြောင်းလဲမှုအချက်အလက်၊ ဆေးရုံ တက်ရောက်ကုသမှု၊ အထူးကြပ်မတ်ကုသမှုနဲ့ သေဆုံးမှုတွေအပြင် ကာကွယ်ဆေးထိုးနှံထားမှု၊ အသက်(၆၀)နဲ့အထက် လူအုပ်စုတွေအတွက် ကာကွယ်ဆေးရရှိမှု အခြေအနေတွေ ပါဝင်တယ် လို့ သိရပါတယ်။ 

မလေးရှားကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇာလီဟာက ပြည်သူတွေကို ပထမအကြိမ် Booster Shot ထိုးထားသူတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့  Bivalent ကာကွယ်ဆေးရရှိချိန်ကို မစောင့်ဆိုင်း နေဘဲ ဒုတိယအကြိမ် Booster Shot ထိုးကြဖို့ တိုက်တွန်းထားပါတယ်။ 

လက်ရှိအချိန်မှာတော့ မလေးရှားမှာ ပထမအကြိမ် Booster Shot ထိုးနှံထားသူ (၄၉.၈) ရာခိုင်နှုန်းရှိပြီး ဒုတိယအကြိမ် Booster Shot ထိုးနှံမှု(၁.၉) ရာခိုင်နှုန်းရှိကာ ရောဂါ ကူးစက် မှုအန္တရာယ်ဖြစ်နိုင်ချေမြင့်မားတဲ့ အစုအဖွဲ့တွေမှာ ဒုတိယအကြိမ် ကာကွယ်ဆေး Booster Shot ထိုးနှံမှုမြင့်တက်လာနိုင်တယ်လို့ ဒေါက်တာ ဇာဟာလီက ဆိုထားပါတယ်။ 

ရောဂါကာကွယ်ရေးအတွက် ခြေရာခံ(Trace)၊အစီရင်ခံစာ(Report)၊ သီးသန့်ထား(Isolate)၊ သတင်းပေး(Inform) နဲ့ ကုသမှုရှာဖွေ(Seek Treatment) စတဲ့ TRIIS ကို လိုက်နာကျင့်သုံးကြဖို့ ပြည်သူတွေကို အသိပေးထားပါတယ်။ 

မလေးရှားကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ တရုတ်နိုင်ငံအတွင်း ရောဂါပိုးကူးစက်မှု မြင့်တက်လာ တဲ့အပေါ်လူထုအမြင်သဘောထားနဲ့ အဲဒီနိုင်ငံက လာရောက်သူတွေကို တခြားနိုင်ငံတွေက ကန့်သတ်ချက်တွေ ချမှန်နေတဲ့အတိုင်း ဆောင်ရွက်နိုင်ဖို့ ချိန်ဆနေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် တရုတ်နိုင်ငံသာမက တခြားနိုင်ငံတွေက လာရောက်တဲ့ ခရီးသွားတွေကိုလည်း ကာကွယ်ဆေး နဲ့ပတ်သက်ပြီး ကန့်သတ်မှုတွေ တိုးချဲ့ချမှတ်သွားဖို့ရှိနေတယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီးက ပြောခဲ့ပါတယ်။ 

လက်ရှိမှာတော့ ဂျပန်၊အန္ဒိယ၊အမေရိကန်ပြည်ထောင်စု အီတလီနဲ့ ထိုင်ဝမ် နိုင်ငံတွေက တရုတ်နိုင်ငံက လာရောက်တဲ့ ခရီးသွားတွေကို မဖြစ်မနေ ကိုဗစ်စစ်ဆေးမှု ခံယူဖို့ သတ်မှတ်ထား တယ်လို့ သိရပါတယ်။ 

ကူးစက်မှုတွေ မြင့်တက်လာတာနဲ့ ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေကို မျှဝေမှုမရှိတာ ကြောင့် တရုတ်နိုင်ငံက လာရောက်တဲ့ ခရီးသွားတွေကို လက်ခံဖို့ ကမ္ဘာ့နိုင်ငံအသီးသီအတွက် စိုးရိမ်မှုတွေ ရှိလာနေပါတယ်။

Ref: The straits times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.