ပေကျင်း – ဇန်နဝါရီ(၃) 

ဝူဟန်မြို့က လူထောင်ပေါင်းများစွာဟာ နှစ်သစ်ကူးညမှာ ခက်ခဲကြမ်းတမ်းတဲ့ ၂၀၂၂ ခုနှစ်နောက်ပိုင်းနဲ့ ဒီဇင်ဘာလအတွင်း ကိုဗစ်ဖြစ်ပွားမှုတွေ ပြန်လည်မြင့်တက်နေပေမယ့် ပိုမိုကောင်းမွန်တဲ့ နှစ်သစ်ကို မျှော်လင့်ဖို့ နှစ်သစ်ကူးညက မြို့လယ်မှာစုရုံးခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ကိုဗစ်စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ အလယ်ပိုင်းက မြို့မှာ ရိုးရာဓလေ့ အရ ညသန်းခေါင်ယံအချိန် ကောင်းကင်ကို မိုးပျံဘောလုံးတွေ လွှတ်တင်ခဲ့ကြပါတယ်။ 

“ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ကိုဗစ်-19 က အရမ်းပြင်းထန်ပြီး ကျွန်တော့်မိသားစုဝင်တချို့ ဆေးရုံတင်ထားရတယ်၊ နှစ်သစ်မှာ ကျန်းမာကြမယ်လို့ မျှော်လင့်ပါတယ် ဒါက အရေးကြီးဆုံး ပါပဲ” လို့ အထက်တန်းကျောင်းသူ ဝမ် ကရိုက်တာကိုပြောပါတယ်။ 

နှစ်သစ်ကူးပွဲတော်မှာ ဖန်စီဝတ်စုံတွေ ဝတ်ဆင်လာကြပြီး လူတိုင်းနီးပါး နှာခေါင်းစည်းတွေ ဝတ်ဆင်ထားတာလည်း တွေ့ရပါတယ်။ 

ထိန်းချုပ်မှုတွေ လျှော့ချပြီးနောက် တရုတ်မှာ ပြင်းထန်တဲ့ ကိုဗစ်ကူးစက်မှုတွေ ခံနေရပြီး တစ်ရက်ကို လူ(၉၀၀၀) လောက်အထိရှိခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ကျန်းမာရေးဆိုင်ရာ ဒေတာကုမ္ပဏီ Airfinity က ဆိုထားပါတယ်။ 

“ငါကြောက်တယ်၊ ဒီညထွက်လာတုန်းက ငါကြောက်နေတုန်းပဲ ဒါပေမယ့် အားလုံးထွက်ကြ ပြီဆိုတော့ ငါလည်း အပြင်ကိုထွက်ခဲ့တာ” လို့ ဂျင်မ် ဆိုတဲ့ အမျိုးသမီးတစ်ဦးက ပြောခဲ့ ပါတယ်။ 

ရဲတပ်ဖွဲ့က နေရာတော်တော်များများကို အသံချဲ့စက်တွေနဲ့ လူအများမစုဝေးကြဖို့ သတိပေး နေပေမယ့် လူတွေကတော့ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေရှားပါးခဲ့လို့ စုရုံးခဲ့ကြတယ်လို့ သိရပါတယ်။ 

“ကိုဗစ်သုည မူဝါဒမှ ကန့်သတ်ချက်တွေက ပြင်းထန်လွန်းတဲ့အတွက် လူတွေက တော်တော်ကို စိတ်မချမ်းသာကြဘူး” လို့ ဝူဟန်မြို့ခံ အသက် ၂၄ နှစ်အရွယ် ချန်က ပြောခဲ့ပါတယ်။ 

မြို့ကြီးတွေလို အချိန်အတော်ကြာ လော့ခ်ဒေင်းချမှုအောက်မှာ ရှိခဲ့တဲ့ ရှန်ဟိုင်းမှာ မြစ်ကမ်းနား သွားတဲ့ လည်းတစ်လျှောက် လူအများစုပြုံခဲ့ကြပါသေးတယ်။ 

“ကျွန်ုပ်တို့အားလုံး ရှန်ဟိုင်းမှာ ဂုဏ်ပြုဖို့ ချန်ဒူးကနေ ခရီးထွက်ခဲ့ကြပါတယ်၊ ကျွန်ုပ်တို့က ကိုဗစ်ဖြစ်ပြီးနေပြီ၊ ဒါကြောင့် အခု ကိုယ့်ကိုယ်ကို ပျော်ဖို့ လုံခြုံတယ်လို့ ခံစားရတယ်”ဟု သူငယ်ချင်းနှစ်ဦးနှင့်အတူ ခရီးသွားနေတဲ့ ဒါဒိုင်က ပြောပါတယ်။ 

မြစ်ကမ်းစပ်နဲ့ နီးစပ်တဲ့ Lost Heaven စားသောက်ဆိုင်က စားပွဲထိုးတစ်ယောက်ကလည်း “မနှစ်ကလောက် အလုပ်ရှုပ်တာတော့ မဟုတ်ဘူး၊ ကြိုတင်မှာယူမှု ၂၀၀ ကျော်ရှိပေမယ့် ပုံမှန်အားဖြင့် ၂၀/၃၀ ရာခိုင်နှုန်းပိုများတယ်” လို့ ဆိုခဲ့ပါတယ်။ 

“ကိုဗစ် ပေါ်လစီကို ဖြေလျော့လိုက်ကတည်းက လူတွေက အပြင်ထွက်ရမှာကို ကြောက်နေကြ တယ်၊ နောက်နှစ်မှာ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်” လို့ သူက ပြောပါ သေးတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.