2022

အင်ဒိုနီးရှားမှ စင်ကာပူသို့ ကြက်သားတန်ချိန် တန် ၅၀ ပထမဆုံးအကြိမ် တင်ပို့ခဲ့

ဂျာကာတာ ၊ ဇူလိုင် (၁၄) အင်ဒိုနီးရှားကုမ္ပဏီများအတွက် ကြက်သားကို စင်ကာပူနိုင်ငံသို့ တင်ပို့ရန် အစီအစဉ်သစ်အရ ရေခဲရိုက်ကြက်သား တန်ချိန်ငါးဆယ်ကို အင်ဒိုနီးရှားနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၃ ရက်) နေ့က ပထမဆုံး တင်ပို့ခဲ့ပါတယ်။ ထိုင်းအခြေစိုက် စားသောက်ကုန်လုပ်ငန်းစုဖြစ်သည့် Charoen Pokphand ရဲ့။ လက်အောက်ခံဖြစ်သည့် Charoen Pokphand Indonesia (CPI)…

အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားက ISIS ခေါင်းဆောင်တစ်ဦးသေဆုံး

ဒမားစကပ် – ဇူလိုင်(၁၄) ISIS စစ်သွေးကြွအဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်ငါးဦးမှာပါဝင်တဲ့ ဆီးရီးယားက ခေါင်းဆောင် တစ်ဦးဟာ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်းသေဆုံးသွားခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းမှာ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း မဟာ အယ်လ်အာဂါ သေဆုံးခဲ့တာဖြစ်တယ်လို့ အမေရိကန်ဗဟိုဌာနချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး သူ့ရဲ့အနီးကပ်တွဲဖက်တစ်ဦးကတော့ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့တယ်လို့ ဆိုထားပါတယ်။ “အောင်မြင်စွာ ကွပ်မျက်မှုသေချာစေရန် ဤစစ်ဆင်ရေးတွင် ကျယ်ကျယ်ပြန့်ပြန့်…

ထိုင်းဆူရတ်ဌာနီခရိုင်က လိင်အလွဲသုံးစားလုပ်တယ်လို့စွပ်စွဲခံထားရသူတွေရဲတပ်ဖွဲ့မှာ လာရောက်ဖြေရှင်း

ဘန်ကောက် – ဇူလိုင်(၁၄) ကလေးသူငယ်နဲ့ လူငယ်ရေးရာဌာန လက်ထောက်ညွှန်ကြားရေးမှူးချုပ်နဲ့ ကလေးသူငယ် ရောင်းဝယ်မှုမှာပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ ဆူရတ်ဌာနီခရိုင်က ကလေးသူငယ်နဲ့ မိသားစုရေးရာ ကယ်ဆယ်ရေးစင်တာရဲ့ တာဝန်ရှိသူတို့ဟာ ရဲတပ်ဖွဲ့ထံကိုလာရောက်ဖြေရှင်းခဲ့ ကြပါတယ်။ အသက်(၅၅) နှစ်အရွယ်ဖိဆစ်ပွန်ပီပတ်နဲ့ အသက်(၃၃) နှစ်အရွယ်ဆူဝတ်ဖာအိုဖန် တို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက လိင်ကုန်ကူးတဲ့ကွင်းဆက်နဲ့ ဆက်နွယ်နေတယ်ဆိုပြီး ဆူရက်ဌာနီခရိုင် ဒေသန္တရ က နေရာ(၁၈) နေရာကို ရဲတပ်ဖွဲ့က…

ထားဝယ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၁၀ ဦးထက်မနည်း သေဆုံးနိုင်

ထားဝယ် ၊ ဇူလိုင်(၁၃) တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊မဲချောင်းကျေးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းမှာ ပကာရီဘက်ကနေ ထားဝယ်ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ကား ၁၅ စီးပါ စစ်ကောင်စီယာဉ်တန်းကို ထားဝယ်ပြည်သူ့ကာကွယ်ရေး(အေဒင်မှူး)တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။…

ကျိုက်ထိုမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

ကျိုက်ထို ၊ ဇူလိုင်(၁၃) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့ ညပိုင်းကစပြီး စစ်ကောင်စီ သိမ်ဇရပ်အမြောက်တပ်ကနေ ဇီးပြောင်းနဲ့ ပျဉ်းကတိုးကုန်းကျေးရွာ အုပ်စုထဲကို လက်နက်ကြီး ၁၂၀…

ဘီးလင်းမှာ ပျူစောထီးခေါင်းဆောင် တစ်ဦး အသတ်ခံရ

ဘီးလင်း ၊ ဇူလိုင် (၁၃) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာက ပျူစောထီးခေါင်းဆောင် မျိုးစည်သူကို ဖမ်းဆီးပြီးနောက် သုတ်သင် ရှင်းလင်းလိုက်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ဇူလိုင် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ ည ၈ နာရီလောက်က သပြေနီကျေးရွာဘုန်းကြီးကျောင်းအတွင်း ပုန်းခိုနေထိုင်နေတဲ့ ပျူစောထီးခေါင်းဆောင် မျိုးစည်သူကို ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)နဲ့ PDF…

ပေါင်မြို့နယ်မှာ အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၃ ဦး ရေနစ်သေဆုံးမှု ဖြစ်ပွား

ပေါင် ၊ ဇူလိုင် (၁၃) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖလပ်ဝတ်ကြီးကျေးရွာမှာ ဇူလိုင် ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်လောက်က အသက် ၁၀ နှစ်အရွယ် မိန်းကလေး ၃ ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီမိန်းကလေး ၃ ဦးဟာ သရက်ဂူတောရ ဘုန်ကြီးကျောင်းမှာ ဥပုဒ်စောင့်နေတဲ့…

စစ်ရေးကြောင့် လွိုင်ကော်-မော်ချီး ကားလမ်း တစ်ပတ် ၃ ရက်သာ သွားလာခွင့်ပြုမယ်လို့ KNDF ထုတ်ပြန်

ဒီးမော့ဆို ၊ ဇူလိုင် (၁၃) နှစ်ဖက် စစ်ရေး အခြေအနေကြောင့် ကယားပြည်နယ် ဒီးမော့ဆို အရှေ့ဖက်ခြမ်းရှိ လွိုင်ကော်- မော်ချီး ကားလမ်းမကြီးကို ဇူလိုင် ၁၁ ရက်နေ့ကစပြီး တစ်ပတ် ၃ ရက်သာ ဖြတ်သန်းသွားလာခွင့်ပြုတော့မယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၀ က ထုတ်ပြန်ပါတယ်။ လွိုင်ကော်- မော်ချီး ကားလမ်းမကြီး…

မြန်မာနိုင်ငံမှာ အိုမီခရွန် မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိ ၊ Mask ပြန်တပ်ကြဖို့ စစ်ကောင်စီ ကျန်းမာရေး တိုက်တွန်း

မော်လမြိုင် ၊ ဇူလိုင် (၁၃) မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရက်စ်မျိုးကွဲ အိုမီခရွန်ရဲ့ မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.4 နဲ့ BA.5 တို့ကို တွေ့ရှိထားတာကြောင့် ပြည်သူတွေအနေနဲ့ မဖြစ်မနေ Mask ပြန်တပ်ပေးကြဖို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီဌာနဟာ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့က မျိုးရိုးဗီဇပြောင်းရောဂါပိုး…

မြောက်အာရှ ရေနံချက်လုပ်သူများ ဆော်ဒီ၏ ရေနံစိမ်းခွဲဝေမှုကို သြဂုတ်လတွင် အပြည့်အဝ လက်ခံရရှိမည်

စင်ကာပူ ၊ ဇူလိုင် (၁၃) ဆော်ဒီကို ရေနံကုမ္ပဏီက ဩဂုတ်လတွင် စာချုပ်ချုပ်ဆိုထားသော ရေနံစိမ်းပမာဏကို အပြည့်အ၀ ပေးဆောင်မည်ဖြစ်ကြောင်းကို မြောက်အာရှဝယ်လက် အနည်းဆုံး (၃) ဦးကို အကြောင်းကြားခဲ့တယ်လို့ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သိရှိသည့် သတင်းရင်းမြစ်များက ဇူလိုင် ၁၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဥရောပတွင် ဆော်ဒီရေနံတင်သွင်းသူမရှိသဖြင့် ဆော်ဒီရေနံဝယ်လိုအားတက်နေချိန်မှာ ကမ္ဘာ့ထိပ်တန်းရေနံတင်ပို့သူအများစုက ဝယ်လက်အချို့ကို အထူးသဖြင့် တရုတ်ဝယ်လက်အများစုကို…