2022

မလေးရှားနိုင်ငံ ဆီလန်ဂေါမှာမြေပြိုမှုဖြစ်ပွား၊ ငါးနှစ်အရွယ်ကလေးငယ်အပါအဝင် ၁၈ဦးသေဆုံး

ကွာလာလမ်ပူ၊ ဒီဇင်ဘာ(၁၇) မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူမြို့အနီးက ဆီလန်ဂေါပြည်နယ် အပန်းဖြေစခန်းချရာတောင်ကုန်း တစ်ခုက အော်ဂဲနစ်စိုက်ခင်းတစ်ခုအတွင်း မြေပြိုကျလို့ လူပေါင်းတစ်ဒါဇင်ကျော်သေဆုံးခဲ့ပြီး ပျောက်ဆုံးနေ သူတွေအများပြားရှိနေပါတယ်။ မြေပြိုကျမှုဟာ ဒီဇင်ဘာ(၁၆)ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဖြစ်စဉ်ဟာ ကွာလာလမ်ပူရဲ့မြောက်ဘက် ကီလိုမီတာ 50 (မိုင် ၃၀ခန့်)အကွာမှာရှိတဲ့ ဆီနီဂေါပြည်နယ်မှာရှိတဲ့ အပန်းဖြေစခန်းတွေ၊ ရေတံခွန်တွေနဲ့ သဘာဝအလှတရားတွေကြောင့် လူသိများတဲ့ Genting Highlands ရဲ့ တစ်ဖက်မှာရှိတဲ့ ဘတ်တန်မြို့မှာ…

တွစ်တာက အထင်ကရ ဂျာနယ်လစ်တွေရဲ့ အကောင့်တွေကို ပိတ်သိမ်း

ဝါရှင်တန် – ဒီဇင်ဘာ(၁၇) အားလုံးနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ ထုတ်ဝေတာကို တားမြစ်တဲ့ စည်းမျဉ်း ဥပဒေ တွေနဲ့ သတင်းထောက်တွေကို ပြောဆိုခဲ့တဲ့ တွစ်တာပိုင်ရှင် ကမ္ဘာကျော်သူဌေးကြီး အီလွန်မက်စ် အကြောင်း ရေးသားခဲ့တဲ့ ထင်ရှားတဲ့ သတင်းထောက်တွေရဲ့ တွစ်တာအကောင့်တွေ ပိတ်သိမ်း ခံလိုက်ရပါတယ်။ အကောင့်ဆိုင်းငံ့ခံရတာနဲ့ ပတ်သက်ပြီး တွစ်တစ်ခုကို တုံ့ပြန်တဲ့ အနေနဲ့ သူ့ကိုယ်သူ လွတ်လပ်စွာ…

ဂျပန်စစ်တပ်အတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုပေါင်း ၁၀၀ ကျော် စုံစမ်းတွေ့ရှိ

တိုကျို- ဒီဇင်ဘာ (၁၇) ဂျပန်စစ်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက် ကြာသပတေးနေ့မှာ စစ်မှုထမ်းငါးဦးကို လိင်ပိုင်းဆိုင်ရာနှောင့် ယှက်မှုတွေပြုလုပ်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက် သူတို့ကိုထုတ်ပယ်ခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာစော်ကားနှောင့်ယှက်မှု တိုင်ကြားချက်ပေါင်း ၁၀၀ကျော်ကို လက်ခံရရှိပြီးတဲ့နောက်မှာ စစ်တပ် အတွင်းစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာတော့ စစ်သားဟောင်းတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုအ ပါအဝင် အခြားလေးဦးကိုပါ အပြစ်ရှိကြောင်းတွေ့ရှိခဲ့ရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ပြောကြားခဲ့တာပါ။…

တအောင်းအရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်တိုက်ပွဲမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်(၅၀)ကျော် မီး လောင်ပျက်စီးခဲ့ပြီး ဒေသခံ ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ပွဲတွေကြောင့် ထိခိုက်ပျက်စီးမှု၊ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံအခြေအနေ၊ စစ်ကောင်စီတပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုအပါအဝင် တိုက်ပွဲဖြစ်ပွားရတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တအောင်းအရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။ -အရင်ဆုံးအနေနဲ့ နမ့်ဆန်မြို့နယ်မှာ…

ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ် ရာထူးက နုတ်ထွက်

မော်လမြိုင်၊ ဒီဇင်ဘာ၊ (၁၆) ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်မှာ မော်ရိုကိုအသင်းကို ရှုံးနိမ့်ပြီနောက် ရာထူးကနေ နုတ်ထွက်သွားပြီလို့ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာလိုက်ပါတယ်။ အသက် ၆၄ နှစ်အရွယ် နည်းပြ ဖာနန်ဒိုဆန်းတို့စ်ဟာ ပေါ်တူဂီအသင်းကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ၈ နှစ်အကြာမှာ ရာထူးကနေ နုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းကတော့…

မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဖက်ဒရယ်ဒီမိုကရေစီနဲ့သာ တည်ဆောက်လို့ရမယ် (ဘာသာပြန် ဆောင်းပါး)

မော်လမြိုင် – ဒီဇင်ဘာ(၁၆) ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ မြန်မာစစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး ဆယ်စုနှစ်တခုစာ ဒီမိုကရေစီပြန်လည်တည်ဆောက်မှုတွေကို အဆုံးသတ်ကာ စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းနိုင်ဖို့အတွက် လက်နက်အားကိုးနဲ့ အာဏာသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အာဏာသိမ်းမှုတွေ စစ်အုပ်ချုပ်ရေးကပေးတဲ့ ဒုက္ခတွေကို နှစ်ပေါင်းများစွာ အကြိမ်ကြိမ်ခံစားခဲ့ရတာဖြစ်တဲ့အတွက် ဒီတစ်ကြိမ် အာဏာသိမ်းတာကိုတော့ ပြည်သူတွေဟာလုံးဝလက်မခံတော့သလို စစ်ကောင်စီကို ပြည်တွင်းရော ပြည်ပကပါ ဆန့်ကျင်တွန်းလှန်…

NDAA ဥပဒေကြမ်း ကို အတည်ပြုခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း NUG သဝဏ်လွှာပေးပို့

မော်လမြိုင် – ဒီဇင်ဘာ(၁၆) အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက Burma Act ပါဝင်တဲ့ အမေရိကန်အမျိုးသားကာကွယ်ရေး ဥပဒေ NDAA ကို အတည်ပြုလိုက်တဲ့အတွက် ကျေးဇူးတင်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ NDAA ဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုပြီး (၈) ရက်အကြာမှာ အထက် လွှတ်တော်က ထပ်မံအတည်ပြုခဲ့တဲ့အတွက် နောက်ဆုံးအဆင့်အနေနဲ့ သမ္မတဘိုင်ဒန် လက်မှတ် ရေးထိုးမယ့်…

စစ်တပ်ဟာဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ KHRG ပြော

ရန်ကုန်၊ ဒီဇင်ဘာ (၁၆) မြန်မာပြည်အရှေ့တောင်ပိုင်းမှာ စစ်ကောင်စီတပ်က ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အပြည့်အဝခံစားခွင့်ရရှိခဲ့ကာ အဲဒီပြစ်ဒဏ်ကင်းလွတ်ခွင့်ဟာ (၂၀၂၁)ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဆက်လက်တည်ရှိနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဆိုပါတယ်။ “ငြင်းဆို၍မရနိုင်တော့သော”ဆိုတဲ့ အစီရင်ခံစာခံတစ်စောင်ကို ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဒီဇင်ဘာ(၁၃)ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။အဲဒီအစီရင်ခံစာမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးခုအတွင်း ရွာသားတွေကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် နှုတ်ထွက်သက်သေခံချက်တွေကို အခြေခံပြီး…

(Breaking) ကော့ကရိတ်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေ

ကော့ကရိတ် – ဒီဇင်ဘာ (၁၆) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးမှာ ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေယာဉ်နဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ(၁၆)ရက်နေ့ မနက်ပိုင်းကစပြီး မြဝတီ-ကော့ကရိတ်အာရှလမ်းမပေါ်က စစ်ကောင်စီရဲ့ တံတားကျိုးစစ်ဆေးရေးဂိတ်နဲ့ ဆိပ်ဖူးကုန်းကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီထိတွေ့တိုက်ပွဲကြောင့်…