December 2022

စလင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးဖမ်းဆီးခံရပြီး တစ်ဦးပစ်သတ်ခံလိုက်ရ

စလင်း – ဒီဇင်ဘာ(၆) မကွေးတိုင်း စလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးကို စစ်ကောင်စီက ဖမ်းဆီး ပြီးနောက် (၁၉) နှစ်အရွယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးပစ်ခတ်သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၄) ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ဖမ်းဆီးခံရသူတွေထဲက အသက်အငယ်ဆုံးဖြစ်သူကို စလင်းမြို့နယ်ရဲစခန်းက သေနတ်နဲ့ ပစ်သတ်သွားတာပါ။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံလိုက်ရသူတွေဟာ ရေနံချောင်းဘက်က အဖွဲ့တွေလို့ သိရပြီး သူတို့ သုံးဦးကို…

ထိုင်းကျောင်းသူတစ်ယောက်ကို တက္ကသိုလ် ပါမောက္ခတစ်ဦးက မုဒိမ်းကျင့်ခဲ့လို့ ဟိုက်ဒရာဘက်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်

ဟိုက်ဒရာဘတ်၊ ဒီဇင်ဘာ(၆) ဟိုက်ဒရာဘတ်တက္ကသိုလ်က ပါမောက္ခတစ်ဦးက ထိုင်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲထားပြီး အဲဒီဖြစ်ရပ်ကို မကျေနပ်တဲ့ ကျောင်းသားတွေဟာ ဒီဇင်ဘာလ (၄) ရက်နေ့မှာ ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်။ အကြီးတန်းပါမောက္ခအိမ်မှာ မနေ့ညက အဓမ္မပြုကျင့်ခံခဲ့ရတာလို့ ထိုင်းကျောင်းသားတွေက ပြောပါတယ်။ သံသယရှိသူ ရာဗီရန်ဂျန်ဟာ ဟိန္ဒီဌာနမှ ပါမောက္ခတစ်ဦးဖြစ်ပြီး ဒေသခံရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ အခုအ ခါ သူ့ကိုရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့…

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ မီးတောင်ပေါက်ကွဲခဲ့တာကြောင့် လူထောင်ချီ ဘေးလွတ်ရာ ပြောင်းရွှေ့နေရ

ဂျာဗား – ဒီဇင်ဘာ(၆) အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားက ကျွန်းတစ်ကျွန်းမှာ အမြင့်ဆုံးမီးတောင်ပေါက်ကွဲပြီးနောက် ထောင်နဲ့ချီတဲ့ ဒေသခံတွေကို အာဏာပိုင်တွေက မီးတောင်ရဲ့ (၈) ကီလိုမီတာအတွင်း သွားလာ ခွင့်မပြုဖို့ ဇုံသတ်မှတ်ထားပြီး ရွာခံတွေကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ခိုင်းထားပါတယ်။ ပြည်နယ်ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီက ဆီမီရူ တောင်အနီးက အဆိုးရွားဆုံး ထိခိုက် တဲ့နေရာတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ ဖြန့်ကျက်ထားပြီး မိုးရွာသွန်းမှုနည်းပါးသွားရင် အန္တရာယ်လျော့နည်းသွားမှာဖြစ်တယ်လို့…

အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အဆုံးသတ်ဖို့ ထရန့်တောင်းဆို

ဝါရှင်တန် – ဒီဇင်ဘာ(၆) အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က ၂၀၂၀ ရွေးကောက်ပွဲဟာ ခိုးယူခံရတယ်ဆိုတဲ့ သူ့ရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အစိတ်အပိုင်းတွေကို အဆုံး သတ်ဖို့ တောင်းဆိုပြီးနောက် ပြစ်တင်ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သမ္မတလောင်းအဖြစ် ထပ်မံအရွေးခံမယ်လို့ ပြီးခဲ့တဲ့လက ကြေညာခဲ့တဲ့ ထရန့်ဟာ သူ့ရဲ့ Truth လူမှုကွန်ရက်ပလက်ဖောင်းမှာ တောင်းဆိုခဲ့တာပါ။ “အဲဒီအတိုင်းအတာနဲ့ ပမာဏကြီးမားတဲ့လိမ်လည်မှုတစ်ခုဟာ…

ပြည်သူ့စစ်ထဲ PDF တို့ မဝင်ပါ( အမှန် /အမှား)

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော် လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကျွန်းလှမြို့နယ်များမှ လူငယ်လူရွယ်ထောင်နဲ့ချီ၍ တပ်မတော်နှင့်လက်တွဲပြီး အကြမ်းဖက် NLD, ပဒက်များကို ချေမှုန်းရန်…

KNU ညောင်လေးပင်ခရိုင်က ကျေးရွာ ၃ ရွာကို စစ်ကောင်စီ လေယာဉ်နဲ ဗုံးကြဲသွား

ညောင်လေးပင်၊ ဒီဇင်ဘာ(၆) ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေရှိ ကျေးရွာ ၃ ရွာကို အာဏာသိမ်း စစ်ကောင်စီတပ်က တစ်ရက်အတွင်း လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု (၄) ကြိမ် လာရောက်ပြုလုပ်သွားတယ်လို့ KNU က သတင်းထုတ်ပြန်ပါတယ်။ KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်း(၃)ခုကို ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၂)ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊…

တွဲခိုရာ လွန်းကိုဖြတ် အဆုံးသတ်ကြဖို့ မလိုပါ

မြန်မာတစ်နိုင်ငံမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လကနေ နိုဝင်ဘာနောက်ဆုံးပတ်အထိ ၄ လအတွင်း မြို့နယ် ၃၄ မြို့နယ်မှာ မိမိကိုယ်ကို အဆုံးစီရင်သူသူ ၄၄ ဦးအထိ ရှိလာခဲ့ပါတယ်။ ဒါဟာ သတင်းတွေမှာ ဖော်ပြချက်တွေကိုသာ စုဆောင်းရမိခဲ့တာဖြစ်ပြီး တကယ့်လက်တွေ့မြေပြင် အခြေအနေမှာတော့ အရေအတွက်က ပိုမိုများနိုင်ပါတယ်။ ဒါဟာ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ကို နားလည်မှုအားနည်းနေတာကြောင့် ဖိအားတွေများလာတဲ့အခါမှာ မိမိစိတ်ကိုကောင်းမွန်စွာ မထိန်းချုပ်နိုင်တော့ဘဲ…

စစ်အာဏာသိမ်း (၆၇၃) ရက်အတွင်း သတ်ဖြတ်ခံရသူ ၂၅၆၁ ဦး အထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ (၆) AAPP ရဲ့ ဒီဇင်ဘာ (၅) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၇၃)ရက်အတွင်း ပြည်သူ (၂၅၆၁)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၅၂၀ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၄၄၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

NUG နဲ့ စစ်ကောင်စီ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာနိုင်ဖွယ် မရှိဘူးလို့ သုံးသပ်သူတွေ ပြော

မော်လမြိုင်၊ ဒီဇင်ဘာ (၆) စစ်တပ်အနေနဲ့ နိုင်ငံရေးက အပြီးထွက်ခွာဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းဖို့ အပါအဝင် တောင်းဆိုထားတဲ့ အချက် ၅ ချက်ကို လက်ခံရင် တွေ့ဆုံဆွေးနွေးရေး လမ်းဖွင့်ထားကြောင်း NUG ယာယီသမ္မတ ဒူဝါးလရှီးလ ပြောဆိုထားပေမယ့် လက်တွေ့မှာ ဖြစ်လာနိုင်ဖွယ် မရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါးလရှီးလက…

ကယားပြည်နယ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ KNDF သတိပေး

လွိုင်ကော်၊ ဒီဇင်ဘာ(၆) ကယားပြည်နယ်ထဲမှာ နှစ်ဖက်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတိပေးပြောဆိုလိုက်ပါတယ်။ ဒီမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာအရှေ့ဘက်ခြမ်း၊ သေးဆူလဲနဲ့ ဒေါကမီးတို့မှာ စစ်ကောင်စီဘက်က စစ်ကြောင်း ပြန်ထိုးလာတဲ့အတွက် နှစ်ဖက်စစ်ရေးတင်မာနေပြီး ထိတွေ့မှုတွေရှိနေတာကြောင့် ဖြတ်သန်းသွားလာတာနဲ့ နေအိမ်ပြန်တာတွေ မလုပ်လို့ သတိပေးထားပါတယ်။ KNDF အတွင်းရေးမှူး(၃) ကတော့ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်တာနဲ့အတူ စစ်ကောင်စီဘက်က…