တိုင်ပေ – ဒီဇင်ဘာ(၃၀) 

အမေရိကန် နိုင်ငံခြားရေဝန်ကြီးဌာနက တင့်ကားဖျက်စနစ်တွေ ပါဝင်တဲ့ ပရိုဂရမ်တစ်ခုကို ထိုင်ဝမ်နိုင်ငံအတွက် ဒေါ်လာ သန်း(၁၈၀) နဲ့ ရောင်းချဖို့ ခွင့်ပြုလိုက်တယ်လို့ ပင်တဂွန်စစ်ဌာန ချုပ်က ပြောပါတယ်။ 

ဒီအစီအစဉ်ကို Northrop Grumman နဲ့ Oshkosh ကော်ပိုရေးရှင်းတို့ဟာ ရောင်းချမှုရဲ့ အဓိက ကန်ထရိုက်တာတွေဖြစ်တယ်လို့ သိရပါတယ်။ 

လွန်ခဲ့တဲ့ (၃) နှစ်အတွင်း ထိုင်ဝမ်ကျွန်းအနီးမှာ နေ့စဉ်လိုလို တရုတ်နိုင်ငံက လေကြောင်းရန်စမှု တွေအပါအဝင် ထိုင်ဝမ်အပေါ်ကို စစ်ရေး၊သံတမန်ရေးနဲ့ စီးပွားရေးအရ ဖိအားပေးတာတွေ တိုးမြှင့်လာချိန်မှာ အခုလို လက်နက်ထောက်ပံ့မယ်ဆိုတဲ့ အခြေအနေတွေ ဖြစ်လာတာလို့ သိရပါ တယ်။ 

အမေရိကန်ရဲ့ လက်နက်ရောင်းချမှုဟာ တစ်လအကြာမှာ စတင်အသက်ဝင်မှာဖြစ်ပြီး ဒီစနစ်ဟာ  ထိုင်ဝမ်စစ်တပ်ရဲ့ စွမ်းရည်ကို မြှင်တင်ဖို့ ကူညီပေးမှာဖြစ်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် တရုတ်စစ်တပ်ရဲ့ မကြာခဏစစ်ရေးလှုပ်ရှားမှုတွေဟာ ထိုင်ဝမ်ကို ပြင်းထန်တဲ့ စစ်ရေး ခြိမ်းခြောက်မှုတွေဖြစ်တယ်လို့ ဆိုထားပြီး အမေရိကန်စစ်တပ်ရဲ့ လက်နက်ရောင်းချပေးမှုဟာ ဒေသတွင်းတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ဆိုထား ပါတယ်။ 

အမေရိကန်က ထိုင်ဝမ်ရဲ့ အခိုင်မာဆုံး နိုင်ငံတကာ ကျောထောက်နောက်ခံနဲ့ လက်နက်ရဲ့ အဓိက အရင်းအမြစ်ဖြစ်ပြီး ဒီအခြေအနေကြောင့် တရုတ်က ဒေါသထွက်နေတယ်လို့ သိရပါတယ်။ 

တရုတ်နိုင်ငံဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို သူတို့ရဲ့ ပိုင်နက်နယ်မြေအဖြစ် သတ်မှတ် ထားပြီး လိုအပ်ရင် အင်အားသုံးသိမ်းယူမယ်လို့ ပြောဆိုတာတွေရှိနေပါတယ်။ 

ထိုင်ဝမ်ကတော့ တရုတ်ရဲ့ပိုင်နက်အဖြစ် ကြေငြာထားတာနဲ့ပတ်သက်ပြီး ငြင်းဆိုထားသလို မိမိ ကိုယ်ကို ကာကွယ်သွားဖို့ လုပ်နိုင်သမျှလုပ်ဆောင်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောထားပါ တယ်။ 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.